Pages

Wednesday, September 18, 2013

ဗုဒ္ဓ ဘာသာ နိုင်ငံဖြစ်ရဲ့သားနဲ့ ဗုဒ္ဓ ဘာသာ ဘာလို့  ထင်သလောက် မထွန်းကားရသလဲ ????

RangonNewsDaily:: September 18, 2013
မြန်မာနိုင်ငံဟာ ဗုဓ္ဒဘာသာနိုင်ငံဖြစ်ပါတယ်။ သို့ပေမယ် လည်း ဗုဓ္ဒဘာသာဝင်လူဦးရေ အများစုရှိနေပေ
မယ့် နေ့စဉ်ဘုရားကျောင်းကန်တွေ ဥပုသ်သီလယူသူတွေ ကအနည်းအကျဉ်းသာတွေ့ရပါတယ်။ နေ့စဉ်
ဘုရားရှိခိုးဖို့ သီးသန့်အချိန်ထုတ်သူမရှိသလောက်ကိုရှာပါးလာတာကိုတွေ့ရပါတယ် ။ဗုဒ္ဓ ဘာသာ နိုင်ငံ
ဖြစ်ရဲ့သားနဲ့ ဗုဒ္ဓ ဘာသာ ဘာလို့  ထင်သလောက် မထွန်းကားရသလဲ ???? အဖြေကိုရှာကြည့်လိုက်တော့ဗုဒ္ဓ ဘာသာ ဘာလို့  မထွန်းကားလဲ ဆိုရင် ………

ခိုင်မာတဲ့ ကိုးကွယ်မှု အကြိမ် အရေ အတွက် မရှိဘူး။

ခိုင်မာတဲ့ ကိုးကွယ်မှု ပုံစံ ဥပဒေသ မရှိဘူး။

ဗုဒ္ဓ ဘာသာ ကျမ်းစာ ဟာ ဗုဒ္ဓ ဘာသာ အိမ်တိုင်းမှာ မရှိဘူး။

ဗုဒ္ဓ ဘာသာ ရဲ့  ကျမ်းစာ အစအဆုံး ကို ဗုဒ္ဓ ဘာသာဝင်တိုင်း မဖတ်ဖူး ဘူး။

ဘယ်အခြေအနေ မှာ ဘာရွတ်ဖတ်ရ မယ် ဆိုတာ မရှိဘူး။

အချင်းချင်း ဘာသာရေးဆိုင်ရာ နှုတ်ခွန်းဆက်တဲ့စကား မရှိဘူး။

ဘုန်းကြီး လူတန်းစား အတွက်

လူ့  သဘာဝ ကိုဆန့် ကျင်ပြီး အိမ်ထောင်ပြု ခွင့် မပေးဘူး။ စီးပွားရှာ ခွင့် မပေးဘူး။

လူတွေ က သူတို့  ကို ဝန်ထုပ် ဝန်ပိုးတစ်ခု လို

အစားအသောက် တာဝန်ယူထားရတယ်။

အဓိက ကျဆင်းရတဲ့ အကြောင်း အရင်း က

ဘုရား ဟောနဲ့  ဆန့် ကျင်ဘက်တွေ ကို ပေါ်တင်ကျူးလွန်ကြတယ်……။

အရက်ဆိုင် မာဆက် ကလပ် ကေတီဗွီ ……

ဗုဒ္ဓ ဘာသာဝင်တွေ သာ ဦးဆောင်ဖွင့်တယ် ရာခိုင်နှုန်းပြည့် နီးပါး သုံးစွဲ သူတွေ ဟာ

ဗုဒ္ဓဘာသာဝင် တွေ သာဖြစ်တယ်။

နောက်ဆုံး အချက်ကဗုဒ္ဓဘာသာ ရဲ့ ဘာသာ ရေးပွဲတွေဟာဘာသာကပြထား တာနဲ့  လုံးဝမကိုက်ညီခြင်း…

သင်္ကြန် သီတင်းကျွတ် တန်ဆောင်တိုင် တွေ ကိုကြည့် ပါ။

ရုပ်အဆိုး ဆုံး ကတော့ အခြား ဘာသာ ကို ဂဃနဏ မသိဘဲ ရမ်းသန်းဟော တဲ့ ဘုန်းကြီး ဆိုသူ လူယုတ်
မာတွေ ကို မြှောက်စား နေခြင်း။ အကာ အကွယ်ပေးနေခြင်း။ ရှိခိုးနေခြင်း။

ဗုဒ္ဓ ဘာသာဝင် အစိုးရ ကိုယ်တိုင်က ဗုဒ္ဓ ဘာသာဝင် ရာခိုင်နှုန်း အများ ဆုံးဖြစ်သည့် တောင်သူ လယ်သမား
များ နှင့် ပြည်သူများ ကို ဆက်တိုက် လိမ်လည် ဂုတ်သွေးစုတ် အမြတ်ထုတ် လက်ဝါးကြီး အုပ် ထားခြင်း…… …… ……… ………

စသည် တို့  ကြောင့် ဗုဒ္ဓ ဘာသာ ကို အယုံ အကြည်မဲ့ သူ ပမာဏ များ သထက်များ လာကာ ဗုဒ္ဓ ဘာသာ ကျဆင်း လာရခြင်း ဖြစ်ပါကြောင်း……။
 
မှတ်ချက်။     ။ဗုဓ္ဒဘာသာဝင်တိုင်း မိမိကိုးကွယ်တဲ့ ဘာသာတရားကိုလေးစားချစ်ခင်ပြီး အလေးထားတန်ဖိုး
ထားနိုင်စေရန်ရည်သန်လျှက် ဆောင်းပါးလေးကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။


Courage Glory English
Mohammed Bilarl Rangooni
 

0 comments:

Post a Comment