Pages

Wednesday, September 18, 2013

ခရစ္စတီးကျွန်းတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့် အပြစ်မဲ့အရပ်သူအရပ်သားများကို စုပြုံသတ်ခဲ့မှု



RangonNewsDaily:: September 18, 2013

၁၉၉၈ ခုနှစ် မေ လအတွင်း ခရစ္စတီးကျွန်းတွင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ဖြင့်အပြစ်မဲ့အရပ်သူအရပ်သား
များကို သတ်မိန့်ပေးခဲ့မှုကို ဘာအတွက်ကြောင့်အသတ်ခံခဲ့ရသည်ကိုမသိရှိဘဲ သေသွားခဲ့ရသော မွေးကင်း
စ ခလေးငယ်လေးအပါဝင်ခလေး(၃)ဦး နှင့် အမျိုးသမီးများအပါအ၀င်လူစုစုပေါင်း(၈၁)ဦး၏ ကိုယ်စား ကိုယ်
တိုင်တွေ့ကြုံခံစားခဲ့ရမှုအဖြစ်မှန်ကိုတင်ပြလိုပါသည်။
၁၉၉၈ခုနှစ်ဧပြီလဒုတိယအပတ်တွင်အိန္ဒိယတပ်မတော်၏ သတင်းပေးချက်အရ မြန်မာရေပိုင်နက် ကော့
သောင်မြို့၏အနောက်ဘက် ဇာဒတ်ကြီးရေတပ်စခန်း၏ တောင်ဘက် (အထက်ပါပုံ) ထိုင်း မြန်မာ ရေပြင် နယ်နမိတ် အနီး ခရစ္စတီးကျွန်း ဧရိယာ တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး မှ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး တစ်ခုကို မေ လအကုန်ထိ ပြုလုပ်ခဲ့ပါသည်။
အိန္ဒိယ တပ်မတော်မှပေးသည့် သတင်းမှာ တိုင်းရင်းသားလက်နက်ကိုင် ရခိုင်တပ်မတော်၊ ကေအင်ယူ အဖွဲ့များသည်အိန္ဒိယအစိုးရအားဆန့်ကျင်နေသော သူပုန်များကိုရောင်းချရန် လက်နက်မှောင်ခိုများထံမှ ၀ယ်ယူခဲ့သော လက်နက်ကြီးငယ် အများအပြားကို ခရစ္စတီးကျွန်း ဧရိယာတွင် ၀ှက်ထားကြောင်း သတင်းပေးခဲ့ပါသည်။ အဆိုပါ သတင်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးသန်းရေမှ အောက်ပါ စစ်ဆင်ရေးအဖွဲ့များ ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။
စစ်ဆင်ရေးဗဟိုကွပ်ကဲရေးအဖွဲ့ 
စစ်ဆင်ရေးဗဟိုကွပ်ကဲမှုအဖွဲ့သည်ဇာဒတ်ကြီးကျွန်းရေတပ်စခန်းတွင်အခြေပြုပြီးစစ်ဆင်ရေးကို ကွပ်ကဲခဲ့ပါ
သည်။  
၁။ ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ)  (အဖွဲ့ခေါင်းဆောင်)  စစ်ဦးစီးအရာရှိချုပ်(ရေ)(နောင် ဒုတိယဗိုလ်
ချုပ်ကြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ၊ လက်ရှိ ထားဝယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
၂။ ဗိုလ်မှုးချုပ်(ယာယီ) မြင့်ဆွေ (လေ) (အဖွဲ့ဝင်) စစ်ဦးစီးအရာရှိချုပ်(လေ)(နောင်ဗိုလ်ချုပ်ကာကွယ်ရေးဦး
စီးချုပ်(လေ)၊ ဥိးနေ၀င်း၏မြေးများအာဏာသိမ်းအမှုနှင့်ပတ်သက်၍အဖြုတ်ခံရ)
၃။ ဗိုလ်မှုးချုပ်(ယာယီ) မြင့်အောင် (ကြည်း) (အဖွဲ့ဝင်) အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှူး (ဘုတ်ပြင်း)
(နောင် တပ်မ(၂၂)တပ်မမှူး၊ အရှေ့တောင်တိုင်း တိုင်းမှူး၊ အနောက်တောင်တိုင်း တိုင်းမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး စစ်ရေးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှနုတ်ဖြင့် လျာထားခံရပြီးမှ ကာကွယ်ရေးဝန်ကြီးတာဝန်ပေးသည်ကို မကျေနပ်ပြီးအာခံခဲ့သောကြောင့် အဖြုတ်ခံရသူ)
ရှေ့တန်းစစ်ဆင်ရေးကွပ်ကဲရေးအဖွဲ့
ရှေ့တန်းစစ်ဆင်ရေးတာဝန်အဖြစ်ခရစ္စတီးကျွန်းတွင် အောက်ပါ အရာရှိများတာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁။  ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) (တာဝန်ခံ)စစ်ဗျူဟာမှူး၊ ကော့သောင်အခြေချစစ်ဗျူဟာအဖွဲ့(နောင် မကွေး
တိုင်း နအဖ ဥက္ကဌ ၊ သမ၀ါယမ ၀န်ကြီး နှင့် ပြည်ခိုင်ဖြိုးအသင်းတွဲဘက်အတွင်းရေးမှူး ၊ လျှပ်စစ်(၁) ၀န်ကြီး)
၂။ ဒုတိယဗိုလ်မှူးကြီးစိုးတင် တပ်ရင်းမှူး အမှတ်(၂၆၂) ခြေလျင်တပ်ရင်း ကော့သောင်မြို့။ (နောင် စက်မှု(၁) ညွှန်ကြားရေးမှူး)
၃။ ဒုတိယဗိုလ်မှူးကြီးဝင်းဆွေ တပ်ရင်းမှူး အမှတ်(၄၀၃ သို့မဟုတ် ၄၀၄ ) ခြေလျင်တပ်ရင်း ။ (နောင် ဗိုလ်မှူးကြီး နည်းဗျူဟာမှူး)
၎။ တပ်မတော် (ရေ) စစ်ရေယာဉ်မှူးများ
၅။ ဗိုလ်မှူးမြင့်ဦး တပ်မှူး အမှတ် (၁၉) ထောက်လှမ်းရေးတပ် မြိတ်မြို့။ (နောင် ထောက်လှမ်းရေး(၁)တပ်မှူး မန္တလေး နှင့် လက်ရှိ အကျဉ်းကျခံနေရဆဲ ဟုယူဆရ)
ဦးစီးအရာရှိအဖွဲ့များ
ဗဟိုအဖွဲ့နှင့်အတူဇာဒတ်ကြီးကျွန်းတွင်အခြေပြုခဲ့ပါသည်။အောက်ပါအရာရှိများအနီးကပ်တာဝန်ထမ်းဆောင်
ခဲ့ ပါသည်။
၁။ ဗိုလ်မှူးတင့်ဆန်း ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်ဆင်ရေးဌာနခွဲ (နောင် ဗိုလ်မှူးကြီး နှင့် လက်ရှိ ပြည်သူ့လွှတ်တော် တပ်မတော်ကိုယ်စားလှယ်)
၂။ ဗိုလ်မှူးမောင်မောင်လတ်(ရေ)၊စစ်ဦးစီးမှူး(ဒုတိယတန်း) ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) စစ်ဆင်ရေးဌာနခွဲ
၃။ဗိုလ်မှူးမောင်မောင်သန်း(လေ)၊စစ်ဦးစီးမှူး(ဒုတိယတန်း)ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ) စစ်ဆင်ရေးဌာနခွဲ (လက်ရှိ ဦးတေဇ ၏ ရဟတ်ယာဉ် ကိုမောင်းစဉ်ပျက်ကျပြီး ခြေထောက်ပြတ်သွားခဲ့)
၎။ ဗိုလ်မှူးဝင်းမော် သို့မဟုတ် ထွန်းဦး ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) အမှတ်(၁၃)စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ ၊ ဘုတ်ပြင်းမြို့
၅။ ဗိုလ်မှူးအောင်လင်းထွဋ် ၊ စစ်ဦးစီးမှူး(ဒုတိယတန်း) တပ်မတော်ထောက်လှမ်းရေးမှူးချုပ်ရုံး (စာရေးသူ)
၆။ ဒုဗိုလ်မှူးကြီးမောင်မောင်သစ် (ရေ) ဇာဒတ်ကြီးရေတပ်စခန်းမှူး
ရ။ တပ်မတော်(လေ) ရဟတ်ယာဉ်မှူးများ
စစ်ဆင်ရေးစတင်၍၀င်ရောက်ချိန်တွင်တပ်မတော်ကြည်းစစ်သည်များသည်ခရစ္စတီးကျွန်းနှင့် ပတ်ဝန်းကျင်ကျွန်း များကိုဖြန့်ခွဲရှင်းခဲ့ရာ လက်နက်ကိုင် (၄) ဦးနှင့်ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ၀ှက်ထားသောလက်နက်(၄၀)ကျော် ကို အလောင်းများနှင့်အတူ သိမ်းဆီးရမိခဲ့ပါသည်။ 
တစ်ပြိုင်တည်းမှာပင် ကော့သောင်အနီး ရွာများမှ ထင်းခုတ်ပြီး အသက်မွေးဝမ်းကြောင်းရှာစားနေသော မိသားစုများကိုမသင်္ကာမှုဖြင့်ခရစ္စတီးကျွန်းဗိုလ်မှူးကြီးဇော်မင်း(ကြည်း)ကွပ်ကဲမှုရုံးသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပါသည်။ဖမ်းဆီးခေါ်ဆောင်လာသူမိသားစုများတွင် မွေးကင်းစခလေးငယ်နှင့်
မိခင်၊ အသက် ၃/၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီး များအပါဝင် အရပ်သား(၅၉)ဥိးဖြစ်ပါသည် ။ 
၎င်းတို့အားစစ်ဆေးမေးမြန်းချက်အရလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်မှု မရှိဘဲ နှစ်ပေါင်းကာလများစွာ
ကတည်းကထင်းခုတ်ခြင်းဖြင့်အသက်မွေးဝမ်းကြောင်းပြုနေထိုင်စားသောက်ရသော ဆင်းရဲသားများ ဖြစ်
ကြောင်းသိရှိခဲ့ရပါသည်။ 
ထို့ကြောင့်စစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့အနေဖြင့်ဖမ်းဆီးချုပ်နှောင်ခြင်းမပြုဘဲခရစ္စတီးကျွန်းတွင်ဆက်လက်နေထိုင်
ခွင့်ပြုပြီးခွင့်ပြုချက်မရဘဲကျွန်းမှထွက်မသွားရန်သာဗိုလ်မှူးကြီးဇော်မင်း(ကြည်း)(တာဝန်ခံ)စစ်ဗျူဟာမှူး၊ ကော့
သောင်းအခြေချစစ်ဗျူဟာ အဖွဲ့အား   ညွှန်ကြားခဲ့ပါသည်။
စာရေးသူသည် ဗဟိုကွပ်ကဲရေးအဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းခရစ္စတီးကျွန်းကို (၂)ကြိမ် သွားရောက် စစ်ဆေးစဉ်အချိန်တွင်လဲ အဆိုပါခလေးငယ်များ နှင့် အရပ်သားများကိုတွေ့မြင်ခဲ့ဘူးပြီး ပါသွားသော မုန့်များကိုပင် ခလေးများသို့ပေးခဲ့ကြပါ သည်။ 
ဗဟိုကွပ်ကဲရေးအဖွဲ့ အနေဖြင့် စစ်ဆင်ရေးအခြေအနေများ ဖမ်းဆီးခေါ်ဆောင်လာ သူမိသားစုများတွင် မွေးကင်းစခလေးငယ်နှင့်မိခင်၊ အသက် ၃/၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီး များအပါဝင် (၅၉)ဥိးကိစ္စ ကို ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ( နောင် အရှေ့တောင်တိုင်း တိုင်းမှူး၊ ရန်ကုန်တိုင်း တိုင်းမှူး၊ ကာကွယ်ရေးစစ်ဆင်ရေး အထူးအဖွဲ့မှူး(ရန်ကုန်တိုင်း) ၊ လက်ရှိ ရန်ကုန်တိုင်းဝန်ကြီးချုပ်) မှတစ်ဆင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံအစီရင်ခံတင်ပြခဲ့ကြပါသည်။ 
ဗဟိုကွပ်ကဲရေးအဖွဲ့ကြည်း၊ရေ၊လေခေါင်းဆောင်များအနေဖြင့်လည်း အဆိုပါအပြစ်မဲ့အရပ်သူအရပ်သားများ ကို ၄င်းတို့၏နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးရလိမ့်ဟုထင်မြင်ခဲ့ကြပါသည်။ 
သို့သော်(၁)ကျော်ကြာမှမေလ၏ညတစ်ည(၉)နာရီ ခန့်တွင် ကက(ကြည်း)မှ ညွှန်ကြားချက်အမိန့် ကြေးနန်း တစ်စောင်စစ်ဆင်ရေးဗဟိုကွပ်ကဲရေးအဖွဲ့သို့ ပေးပို့ခဲ့ပါသည်။ အဆိုပါ ကြေးနန်း ရရခြင်း အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်(ယာယီ)ကြည်မင်း(ရေ)သည်ဇာဒတ်ကြီးရေတပ်စခန်းရုံးခမ်းမတွင် အဖွဲ့ဝင်များနှင့်ဦးစီးအရာရှိများ ကိုခေါ်၍ကြေးနန်းအကြောင်းအရာကိုရှင်းပြခဲ့ပါသည်။ 
စာပါအကြောင်းအရာမှာထိန်းသိမ်းထားသောအရပ်သားအားလုံးကိုရထားပုလဲ(ရှင်းပစ်)(သတ်ပစ်) ရန်ဖြစ်
ပါသည်။ဗိုလ်မှုးချုပ်(ယာယီ)မြင့်အောင်(ကြည်း)မှအပကျန်ရေနှင့်လေ ဗိုလ်ချုပ်များအတော်တုံလှုပ်သွားကြပါ
သည်။ 
အထူးသဖြင့်ဗိုလ်မှုးချုပ်(ယာယီ)မြင့်ဆွေ(လေ)(အဖွဲ့ဝင်)စစ်ဦးစီးအရာရှိချုပ်(လေ)သည် စိတ်ပုတီးကိုင်လျက်
သားနှင့်အပစ်မဲ့ခလေးငယ်များနှင့်အရပ်သားများကိုထပ်ဆင့်သတ်မိန့်ပေးရမည့် အခြေအနေမျိုးဖြစ်၍နေပါ
သည်။
ထိုကြောင့်ကြေးနန်းပါအမိန့်နှင့်ပတ်သက်၍ဗိုလ်မှုးချုပ်(ယာယီ)မြင့်အောင် မှအမိန့်အတိုင်းလုပ်ရန်ပြောသော လည်းကျန်ဗိုလ်ချုပ်များမှညအချိန်ဗိုလ်ချုပ်ကြီးမောင်အေး အရက်မူးမူးနှင့်အမိန့်ပေးတာဖြစ်နိုင်သောကြောင့်
နောက်တစ်နေ့နံနက်တွင်ကြေးနန်းပါအမိန့်နှင့်ပတ်သက်၍အတည်ပြုနိုင်ရန်အဖွဲ့ခေါင်းဆောင်ဗိုလ်မှုးချုပ်(ယာ
ယီ) ကြည်မင်း (ရေ) မှ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ ကို စက်နှင့်စကားပြောပြီး မေးမြန်းရန် ဆုံးဖြတ်ခဲ့ကြပါသည်။
နောက်တစ်နေ့နံနက် (၉)နာရီ ခန့်တွင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ) နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ရုံးမှ စစ်ဦးစီး(ဗိုလ်မှူးချုပ်) ဗိုလ်မှူးချုပ်မြင့်ဆွေ ကို စက်နှင့်စကားပြောပြီးနောက် `အဘကြီးထံကလာသောအမိန့်´ ဖြစ်သည် ဗိုလ်ချုပ်ကြီးမောင်အေး အရက်မူးမူးနှင့်အမိန့်ပေးတာမဟုတ် ဆက်လက်ဆောင်ရွက်ရန်သာ ညွှန်ကြားခဲ့သည်ဟုသိရပါသည်။ 
ထိုစဉ်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကို အဘကြီး ဟုခေါ်ပါသည်။ နေ့တွင်းချင်းမှာပင် အဖွဲ့ခေါင်းဆောင် ဗိုလ်မှုးချုပ်(ယာယီ) ကြည်မင်း (ရေ) သည် ခရစ္စတီးကျွန်းရှိ ရှေ့တန်းစစ်ဆင်ရေးတာဝန်ခံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်း (ကြည်း) ကို မွေးကင်းစခလေးငယ်နှင့်မိခင်၊ အသက် ၃/၄ နှစ်အရွယ်ခလေး ၂ ဦး နှင့် အမျိုးသမီး များအပါဝင် အရပ်သား (၅၉)  ဦးကို ရှင်းပစ်ရန်ထပ်ဆင့်အမိန့်ပေးခဲ့ပါသည်။
ဗိုလ်မှူးကြီးဇော်မင်း သည် အမိန့်ရလျှင်ရချင်း ရှေ့တန်းကွပ်ကဲရေးအဖွဲ့ဝင်များကိုခေါ်၍ အားလုံးကိုသတ်ပစ်ရန် ခြေလျင်တပ်ရင်းမှူး ၂ ဦးအားဆက်လက်အမိန့်ပေးခဲ့ပါသည်။
 နောက်တနေ့တွင် တပ်ရင်းမှူး ၂ ဦးမှတာဝန် ပေးထားသော အရာရှိ စစ်သည်များ သည် ခလေး၊မိန်းမပါမကျန် အပစ်မဲ့အရပ်သား ၅၉ ဦးစလုံးကို ပင်လယ် သောင်ပြင်စပ်သို့ လှည့်ဖျားခေါ်လာပြီး တန်းစီထိုင်ခိုင်ပြီး ရုတ်တရက် သေနတ်များဖြင့်အတွဲလိုက် မသေမချင်း ပစ်သတ်ခဲ့ပြီးနောက် သောင်ပြင်တွင် အလောင်းများကိုမြုပ်နှံခဲ့ကြပါသည်။ (စာရေးသူသတင်းရသည်ကတော့ အဆိုပါအလောင်းအရိုးစုများကို ၂၀၀၈ ခုနှစ် စာရေးသူ VOA နှင့် Interview ပြုလုပ်ပြီးနောက် ချက်ချင်းဆိုသလို ဖျောက်ဖျက်ပစ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ အမိန့်ပေးခဲ့သည်ဟုသိရပါသည်။      
စစ်သည်များကိုအရပ်ဝတ်ဖြင့် ခရစ္စတီးကျွန်းသို့စေလွှတ်ပြီး အလောင်းများကိုဖျောက်ဖျက်ပစ်ခဲ့ကြောင်း ခိုင်လုံသော သတင်းရရှိခဲ့ပါသည်။)
ကျွန်းပေါ်ရှိအရပ်သားများကိုသတ်ပြီး မကြာခင် ၄/၅ ရက်ခန့်တွင် ဗိုလ်မှူးကြီးဇော်မင်း ၏ကွပ်ကဲမှုအောက်ရှိ ရှေ့တန်း စစ်ရေယာဉ် ၄၄၃ - ၄၄၅ (တရုတ်နိုင်ငံလုပ်ကမ်းခြေစောင့်သင်္ဘော) မှ ရခိုင်ဘက်မှလာသော တရားဝင် မှတ်ပုံတင်ထာသော ငါးဖမ်းစက်လှေတစ်စီး ကို စစ်ဆင်ရေး နယ်မြေအတွင်းဝင်ရောက်လာ၍ ထိုင်း၊မြန်မာလှေသား (၂၂) ဦးနှင့်အတူ ဖမ်းဆီး ခဲ့ပါသည်။ စစ်ဆေးမေးမြန်းချက်အရ တရားဝင် မှတ်ပုံတင်ထာသော ထိုင်း ငါးဖမ်းစက်လှေ သည်ဖမ်းမိလာ သော ငါးများကို ထိုင်းနိုင်ငံ ရနောင်းမြို့ပို့ရန် ယခင်သွားနေကြလမ်းကြောင်းအတိုင်းသွားခြင်းဖြစ်ကြောင်း စစ်ဆင်ရေး လုပ်နေမှန်းလည်း၎င်းတို့မသိကြောင်း သိရပါသည်။ 
စစ်ဆေးမေးမြန်းချက်အစီရင်ခံစာကို ကကကြည်း သို့ဆက်လက်တင်ပြရာတွင် ယခင် အရပ်သား များအတိုင်းရှင်းပစ်ရန် အမိန့်ပေးခဲ့ပါသည်။
စစ်ဆင်ရေးဗဟိုကွပ်ကဲမှု မှ ဗိုလ်မှူးကြီးဇော်မင်း ကို ဆက်လက်ညွှန်ကြားခဲ့ပြီး ဗိုလ်မှူးကြီးဇော်မင်း မှ ၄င်းစက်လှေ နှင့် လှေသားများကို လက်စဖျောက်ပစ်ရန် စစ်ရေယာဉ်မှူး အားအမိန့်ပေးခဲ့ပါသည်။ စစ်ရေယာဉ်မှူး သည် ရေတပ်စစ်သည်များကို လှေသားများအား သေနတ်နှင့်ပစ်သတ်ခိုင်းပြီး လှေကိုမီးရှို့ပြီး ပင်လယ်တွင်းမြုပ် ပစ်ရန် အမိန့်ပေးခဲ့ပါသည်။ စက်လှေသည်မီးလောင်ပြီး တစ်ပတ်ခန့်ကြာမှ ပင်လယ်တွင်မြုပ်သွားခဲ့ပါသည်။
စာရေးသူအနေဖြင့်ထိုစဉ်ကဖြစ်ပျက်ခဲ့သောဖြစ်စဉ်များကိုမတားဆီးနိုင်ခဲ့၍လည်း ကိုယ်ကိုကိုယ်အပစ်တင်
နေမိခဲ့သည်။သတ်ချင်ဖြတ်ချင်သရဲစီးနေသောဗိုလ်မှုးချုပ်(ယာယီ) မြင့်အောင် (ကြည်း) ၊ ဗိုလ်မှူးကြီးဇော်မင်း တို့လိုလက်မရွံ့လူသတ်သမားများကိုမလှန်နိုင်၍ ရေ၊လေ ဗိုလ်ချုပ်များပင်ငြိမ်နေကြ၍ စာရေးသူလိုအရေးမပါ သူတစ်ဦးအနေဖြင့် မလှန်နိုင်ခဲ့ပါ။ သို့သော်စာရေးသူအနေဖြင့်လည်း ဒီအဖွဲ့ထဲပါနေ၍အပစ်မကင်းပါ။ 
ဘာမျှမတတ်နိုင်ခဲ့ပါ။စစ်ရုံးချုပ်ပြန်ရောက်တော့ထောက်လှမ်းရေးတပ်မှူးဗိုလ်မှူးမြင့်ဦး လျှို့ဝှက် ရိုက်ထားသည့် အရပ်သားတွေကိုသတ်သည့်ဓါတ်ပုံတွေကိုင်ပြီးနေ့စဉ်ထောက်လှမ်းရေးညှိနှိုင်းအစည်းအဝေးမှာ ခရစ္စတီး
ကျွန်းလူသတ်ပွဲကို ဗိုလ်ချုပ်ကြီးခင်ညွန့် ကို တင်ပြခဲ့သည်။ 
ဗိုလ်ချုပ်ကြီးခင်ညွန့် က ဘာမှတ်ချက်မှ မပေးဘူးဘေးနားက ဌာနမှူးကြီးက လက်ကုတ်လို့ပြောချင်တာတွေ ကုန်အောင်မတင်ပြလိုက်ရပါ။စာရေးသူ၏စိတ်ထဲတွင်ငါတစ်နေ့နေ့လုပ်ပေးနိုင်ရင်ခရစ္စတီးကျွန်းတွင် အပစ်
မဲ့သေသွားကြရသောခလေးလူကြီးများအတွက် အရိုးကပြန်တွန်အောင်တာဝန်ရှိသူတွေကို ပြန်အရေးယူနိုင်
အောင်လုပ်ရမည်ဟုသံဓိတ်ဌါနချထားပါသညစာရေးသူအနေဖြင့်စစ်ရုံးချုပ်တွင်တာဝန်ထမ်းစဉ် အလားတူ
ဖြစ်စဉ်များကိုရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊မွန်ပြည်နယ်၊ကချင်ပြည်နယ်၊ပဲခူးတိုင်း၊ တင်္န
သာရီတိုင်းတို့တွင်ထောက်လှမ်းရေးသတင်းများရရှိခဲ့သော်လည်းတပ်မတော် သည်ဒီလောက်မဆိုးလောက်
ဘူပါဘူးချဲ့ကားပြောနေသည်ဟုထင်မြင်မိခဲ့ပါသည်။ကိုယ်တွေ့ကြုံရသောအခါမှပင် ဒီထက်တောင်ပိုဆိုးနေ
သေးသည်ဟုမှတ်ချက်ပြုမိပါသည်။ 
စစ်ရုံးတွင် ထိုအချိန်က အချို့တိုင်းမှူးများပါးစပ်မှထွက်လာသော အရပ်သားတွေ ပြောတာခိုင်းတာမလုပ်ရင် `အစိပ်သားတောင်မချန်နဲ့´စကားကိုတစ်ကယ်ဘဲတပ်မတော်သည်ထိုစဉ်က အမှန်တကယ်ကျင့်သုံးနေ
မှန်းသိရတော့သည်။ပွင့်ပွင့်လင်းလင်းပြောရရင်ခရစ္စတီးကျွန်းစစ်ဆင်ရေးကပြန်လာပြီးနောက်စစ်တပ်ထဲနေ
ချင်စိတ်မရှိတော့ဘူး။
လက်ရှိမြန်မာ့တပ်မတော်အနေဖြင့်အတိတ်မှအမွေဆိုးများကိုပစ္စုပ္ပန်ကိုမယူလာဘို့လိုပါသည်။ တိုင်းရင်းသား
ပြည်သူတွေရဲ့အားကိုးယုံကြည်ရသည့်စစ်တပ်ဖြစ်ဘို့လိုပါသည်။ `တပ်မတော်သာအမိတပ်မတော်သာအဖ´ မဟုတ်ပါ `ပြည်သူသာလျှင်အမိပြည်သူသာလျှင်အဖ´ ဆိုတာမမေ့ဘို့လိုပါသည်။
၂၀၁၃ စက်တင်ဘာလ (၁၃) ရက်
ဝါရှင်တန်ဒီစီ မြို့
စာရေးသူ ။ ဗိုလ်မှူးအောင်လင်းထွဋ်
RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment