Pages

Friday, August 9, 2013

အမျိုးသမီး တွေ ရဲ့ ကျန်းမာရေးနှင့် (သားအိမ် အလုံးများ)

Photo: သင့်ကျန်းမာရေး (သားအိမ် အလုံးများ)
======================

အမျိုးသမီး တွေရဲ့ချက်အောက်မှာ အလုံးတွေ့ရပြီး တဖြည်းဖြည်းနဲ့ အလုံးက ကြီးလာမယ်၊ ဝမ်းမသွားနိုင်၊ ဆီးမသွားနိုင် ဖြစ်မယ်၊ ဝမ်းဗိုက်ထဲ တက်လာတဲ့ အခါ သိပ်ကျပ်လွန်းလို့၊ အသက်ရှူ ကျပ်တာမျိုး၊ သားအိမ် အပြင်ဘက်ကို ထွက်လာတဲ့ အလုံးအညှာ ရှည်ထွက်ပါက အညှာနှင့် အလုံးကြီး ရှည်ရှည် လျားလျား၊ ကြီးကြီးမားမား ဖြစ်ကာ အလုံးက အဝေးမှာရှိပြီး အညှာလိမ် သွားလို့ နာကျင်လွန်းတဲ့အခါ အရေးပေါ် ခွဲစိတ် ရတတ်တယ်။

အလုံးက လိုဏ်ခေါင်းထဲ ရှိနေပြီး ခဏခဏ သားပျက်ကာ သားသမီး မရနိုင်တာမျိုး၊ ပုံမှန်အားဖြင့် အမျိုးသမီး ၁ဝဝ မှာ ၉၉ ယောက်က နှစ်နှစ်၊ သုံးနှစ်အတွင်း တဖြည်းဖြည်း ကြီးလာပြီး လက်သီးဆုပ် အရွယ်လောက် အလုံး ဖြစ်လာမယ်။ အကြောင်း အမျိုးမျိုးကြောင့် ကြီးလာ၊ နာလာရင် အရေးပေါ် ခွဲစိတ် ကုသရတယ်။ အချို့အလုံးက ကိုယ်ဝန်ဆောင်တာနဲ့ ယှဉ်ပြီးဖြစ်ကာ သန္ဓေသားကို ဒုက္ခမပေးဘဲ၊ ကလေးမွေးမှ နံရံမှာ အလုံးရှိမှန်း သိရလို့ တစ်ခါတည်း ခွဲစိတ် ကုသရတတ်တယ်။ အချို့ နံရံထဲ အလုံးကြီးလို့၊ မကျုံ့နိုင်ဘဲ မွေးပြီး သွေးသွန်တတ်တယ်။ သို့မဟုတ် မမွေးခင်မှာ အလုံးကြီးက ကြီးလာပြီး ကလေး အနေအထား မမှန်ဖြစ်တတ်တယ်။ ခေါင်းအောက်ဆိုက်ရမဲ့ အစား ကန့်လန့် နေတတ်တယ်။ မွေးချိန် ကြာတတ်တယ်။ မိခင် ဘယ်လောက် ညှစ်အား ကောင်းကောင်း ကလေး မထွက်နိုင်ဘူး။

သားအိမ်ထဲ အလုံးရှိရင် ရောဂါဖြစ်၊ မဖြစ် သေချာအောင် Ultrasond ရိုက်ပြီး အနုအရင့် ခွဲခြားကာ အဆင့် သတ်မှတ်နိုင်မယ်။ ရိုးရိုးအကျိတ်လား သို့မဟုတ် ကင်ဆာအကျိတ်လား သေချာအောင် စမ်းသပ်မှုတွေ လုပ်ရတယ်။ အထူး စမ်းသပ် ချက်တွေ လိုတယ်။ အချို့ ကိုယ်ဝန် ရင့်တော့မှ အလုံးရှိမှန်း သိလို့ ကလေးမွေးရင်း တစ်ခါတည်း ဖယ်ရှား လိုက်တာမျိုး တွေ့ဖူးတယ်။ ခွဲကြောင်း မလိုချင်လျှင် အတွင်းကြည့် မှန်ပြောင်းသုံးပြီး အသားလုံး ထုတ်ယူကာ ခွဲကြောင်းကြီးကြီး မပေးဘဲ တစ်စချင်း ထုတ်ယူတာမျိုး ရှိတယ်။ ခွဲပြီး သိပ်မကြာခင် အနာကျက်တယ်။ မြန်ဆန်တယ်။

နောက်တစ်နည်းက လေဆာနည်းနဲ့ Hystosupic Myomutomy ဆိုတာ ဗိုက်ပေါ် အပေါက်လည်း မလုပ်၊ ခွဲကြောင်းလည်း မလုပ်၊ အောက်ကနေ သားအိမ် လည်တံဖြတ်ပြီး တိုက်ရိုက်ဝင်တာ၊ သားအိမ် လိုဏ်ခေါင်းထဲ အထိ တိုက်ရိုက်ဝင်ပြီး နံရံမှာရှိတဲ့ အလုံးကို အသေးလေးတွေ လုပ်ပြီး ထုတ်တာ။ နောက်တစ်ခုက ခွဲစိတ်စရာ မလိုဘဲ သွေးထောက်ပံ့နေတဲ့ သွေးကြော နှစ်ဖက်ကို ပိတ်ဆို့လိုက်ရင် သွေးကြော ဖြတ်တာနဲ့ တူသွားပြီး ကင်ဆာ အလုံးဟာ မကြီးဘဲ သေးသေးသွားပြီး ရှုံ့သွားလို့ခွဲဖို့ မလိုတော့ဘူး။

နောက်တစ်ခုက ဟော်မုန်းဓာတ် အဲဒီဆေးပေးရင် အလုံးက ကျုံ့ပြီး ဆက် မကြီးဘူး။ ခွဲပြီးလုပ်တာ မဟုတ်ဘဲ မှန်ပြောင်းနဲ့ ခွဲစိတ်တာ ဖြစ်တယ်။ လည်တံကနေ သွင်းပြီး အဲဒီမှန်ပြောင်းက တစ်ဆင့် အတွင်းက အလုံးကို ထုတ်တဲ့အခါ ခုန ဟော်မုန်းဆေး တစ်မျိုးကို မခွဲခင် ခြောက်ပတ် သို့မဟုတ် တစ်လခွဲလောက် ပေးထားတော့ သားအိမ်နံရံက အလုံးကျုံ့ပြီး ဘေးဝန်းကျင်နဲ့ သီးသန့် ဖြစ်သွားတယ်။ ထုတ်တဲ့ အခါ လွယ်ကူသွားတယ်။ ဆေးမပေး မိရင် ကြွက်သားတွေနဲ့ တွဲတာကြောင့် သွေးထွက်တာနဲ့ သွေးတိတ်အောင် လျှပ်စစ်နဲ့ ထိရတယ်။

ကင်ဆာမဖြစ်ခင် ကြိုတင် ကာကွယ်ရေးဟာ အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ စကားအတိုင်း ကင်ဆာအဖု၊ အကျိတ် ရှိ၊ မရှိ ကာယကံရှင် အဖို့ ရေချိုးနေ တုန်း စမ်းသပ် ကြည့်နိုင်သလို ကလေး မမွေးဘူးသေးသူများ အနေနဲ့ သားအိမ်ခေါင်း ကင်ဆာနဲ့ ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးခြင်းနဲ့ အတူ သားအိမ်အတွင်း အလုံးရှိ၊ မရှိ ကို ပုံရိပ်ဖော်စက်နဲ့ ဖတ်ကြည့်ရင်ဖြင့် ကြိုတင်သိနိုင်၊ ကာကွယ် နိုင်ပါတယ်။ ။

RangonNewsDaily:: Aug 9, 2013
အမျိုးသမီး တွေရဲ့ချက်အောက်မှာ အလုံးတွေ့ရပြီး တဖြည်းဖြည်းနဲ့ အလုံးက ကြီးလာမယ်၊ ဝမ်းမသွားနိုင်၊ ဆီးမသွားနိုင် ဖြစ်မယ်၊ ဝမ်းဗိုက်ထဲ တက်လာတဲ့ အခါ သိပ်ကျပ်လွန်းလို့၊ အသက်ရှူ ကျပ်တာမျိုး၊ သားအိမ် အပြင်ဘက်ကို ထွက်လာတဲ့ အလုံးအညှာ ရှည်ထွက်ပါက အညှာနှင့် အလုံးကြီး ရှည်ရှည် လျားလျား၊ ကြီးကြီးမားမား ဖြစ်ကာ အလုံးက အဝေးမှာရှိပြီး အညှာလိမ် သွားလို့ နာကျင်လွန်းတဲ့အခါ အရေးပေါ် ခွဲစိတ် ရတတ်တယ်။ အလုံးက လိုဏ်ခေါင်းထဲ ရှိနေပြီး ခဏခဏ သားပျက်ကာ သားသမီး မရနိုင်တာမျိုး၊ ပုံမှန်အားဖြင့် အမျိုးသမီး ၁ဝဝ မှာ ၉၉ ယောက်က နှစ်နှစ်၊ သုံးနှစ်အတွင်း တဖြည်းဖြည်း ကြီးလာပြီး လက်သီးဆုပ် အရွယ်လောက် အလုံး ဖြစ်လာမယ်။ 
 
အကြောင်း အမျိုးမျိုးကြောင့် ကြီးလာ၊ နာလာရင် အရေးပေါ် ခွဲစိတ် ကုသရတယ်။ အချို့အလုံးက ကိုယ်ဝန်
ဆောင်တာနဲ့ ယှဉ်ပြီးဖြစ်ကာ သန္ဓေသားကို ဒုက္ခမပေးဘဲ၊ ကလေးမွေးမှ နံရံမှာ အလုံးရှိမှန်း သိရလို့ တစ်ခါ
တည်း ခွဲစိတ် ကုသရတတ်တယ်။ 
 
အချို့ နံရံထဲ အလုံးကြီးလို့၊ မကျုံ့နိုင်ဘဲ မွေးပြီး သွေးသွန်တတ်တယ်။ သို့မဟုတ် မမွေးခင်မှာ အလုံးကြီးက ကြီးလာပြီး ကလေး အနေအထား မမှန်ဖြစ်တတ်တယ်။ ခေါင်းအောက်ဆိုက်ရမဲ့ အစား ကန့်လန့် နေတတ်တယ်။ မွေးချိန် ကြာတတ်တယ်။ မိခင် ဘယ်လောက် ညှစ်အား ကောင်းကောင်း ကလေး မထွက်နိုင်ဘူး။

သားအိမ်ထဲ အလုံးရှိရင် ရောဂါဖြစ်၊ မဖြစ် သေချာအောင် Ultrasond ရိုက်ပြီး အနုအရင့် ခွဲခြားကာ အဆင့် သတ်မှတ်နိုင်မယ်။ ရိုးရိုးအကျိတ်လား သို့မဟုတ် ကင်ဆာအကျိတ်လား သေချာအောင် စမ်းသပ်မှုတွေ လုပ်ရတယ်။ အထူး စမ်းသပ် ချက်တွေ လိုတယ်။ 
 
အချို့ ကိုယ်ဝန် ရင့်တော့မှ အလုံးရှိမှန်း သိလို့ ကလေးမွေးရင်း တစ်ခါတည်း ဖယ်ရှား လိုက်တာမျိုး တွေ့ဖူး
တယ်။ ခွဲကြောင်း မလိုချင်လျှင် အတွင်းကြည့် မှန်ပြောင်းသုံးပြီး အသားလုံး ထုတ်ယူကာ ခွဲကြောင်းကြီးကြီး မပေးဘဲ တစ်စချင်း ထုတ်ယူတာမျိုး ရှိတယ်။ ခွဲပြီး သိပ်မကြာခင် အနာကျက်တယ်။ မြန်ဆန်တယ်။

နောက်တစ်နည်းက လေဆာနည်းနဲ့Hystosupic Myomutomyဆိုတာဗိုက်ပေါ်အပေါက်လည်းမလုပ် ခွဲကြောင်း
လည်း မလုပ်၊ အောက်ကနေ သားအိမ် လည်တံဖြတ်ပြီး တိုက်ရိုက်ဝင်တာ၊ သားအိမ် လိုဏ်ခေါင်းထဲ အထိ တိုက်ရိုက်ဝင်ပြီး နံရံမှာရှိတဲ့ အလုံးကို အသေးလေးတွေ လုပ်ပြီး ထုတ်တာ။ နောက်တစ်ခုက ခွဲစိတ်စရာ မလို
ဘဲ သွေးထောက်ပံ့နေတဲ့ သွေးကြော နှစ်ဖက်ကိုပိတ်ဆို့လိုက်ရင် သွေးကြော ဖြတ်တာနဲ့ တူသွားပြီး ကင်ဆာ
 အလုံးဟာ မကြီးဘဲ သေးသေးသွားပြီး ရှုံ့သွားလို့ခွဲဖို့ မလိုတော့ဘူး။

နောက်တစ်ခုက ဟော်မုန်းဓာတ် အဲဒီဆေးပေးရင် အလုံးက ကျုံ့ပြီး ဆက် မကြီးဘူး။ ခွဲပြီးလုပ်တာ မဟုတ်ဘဲ မှန်ပြောင်းနဲ့ ခွဲစိတ်တာ ဖြစ်တယ်။ လည်တံကနေ သွင်းပြီး အဲဒီမှန်ပြောင်းက တစ်ဆင့် အတွင်းက အလုံးကို ထုတ်တဲ့အခါ ခုန ဟော်မုန်းဆေး တစ်မျိုးကို မခွဲခင် ခြောက်ပတ် သို့မဟုတ် တစ်လခွဲလောက် ပေးထားတော့ သားအိမ်နံရံက အလုံးကျုံ့ပြီး ဘေးဝန်းကျင်နဲ့ သီးသန့် ဖြစ်သွားတယ်။ 
 
ထုတ်တဲ့ အခါ လွယ်ကူသွားတယ်။ ဆေးမပေး မိရင် ကြွက်သားတွေနဲ့ တွဲတာကြောင့် သွေးထွက်တာနဲ့ သွေး
တိတ်အောင် လျှပ်စစ်နဲ့ ထိရတယ်။

ကင်ဆာမဖြစ်ခင် ကြိုတင် ကာကွယ်ရေးဟာ အကောင်းဆုံး ဖြစ်တယ်ဆိုတဲ့ စကားအတိုင်း ကင်ဆာအဖု၊ အကျိတ် ရှိ၊ မရှိ ကာယကံရှင် အဖို့ ရေချိုးနေ တုန်း စမ်းသပ် ကြည့်နိုင်သလို ကလေး မမွေးဘူးသေးသူများ အနေနဲ့ သားအိမ်ခေါင်း ကင်ဆာနဲ့ ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးခြင်းနဲ့ အတူ သားအိမ်အတွင်း အလုံးရှိ၊ မရှိ ကို ပုံရိပ်ဖော်စက်နဲ့ ဖတ်ကြည့်ရင်ဖြင့် ကြိုတင်သိနိုင်၊ ကာကွယ် နိုင်ပါတယ်။ ။

မြ၀တီ , RangonNewsDaily
kolatt (Pabedan): 9.8.2013

0 comments:

Post a Comment