Pages

Friday, August 9, 2013

နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့ဝင်သုံးဦး ခန့်အပ်ခဲ့ပြီး အကြံပေး တစ်ဦးအား တာဝန်မှ အနားယူခွင့်ပြု

 RangonNewsDaily:: Aug 9, 2013

နိုင်ငံတော် သမ္မတ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင်သုံးဦးအား ခန့်အပ်ခဲ့ကြောင်း သြဂုတ် ၈ ရက်တွင် ထုတ်ပြန်ခဲ့
သော ပြည်ထောင်စု အစိုးရအဖွဲ့၏ အမိန့်ကြေညာစာ ၅၃/ ၂၀၁၃ အရ သိရသည်။ပြည်ထောင်စု အစိုးရအ
ဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၁ ဖြင့်
ဖွဲ့စည်းခန့်အပ် တာဝန်ပေးထားသော နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့များတွင် ဒေါက်တာအောင်ထွန်း
သက်နှင့် ဒေါက်တာဇော်ဦးတို့အား စီးပွားရေး အကြံပေးအဖွဲ့ အဖြစ်လည်းကောင်း၊

ဦးဥာဏ်နိုင်ဝင်းအား ဥပဒေ အကြံပေးအဖွဲ့အဖြစ်လည်းကောင်းခန့်အပ်တာဝန် ပေးခဲ့ကြောင်း ပြည်ထောင်
စု အစိုးရအဖွဲ့၏ အမိန့်ကြေညာစာ ၅၃/၂၀၁၃ အရ သိရသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ ၁၉-၄-၂၀၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၁ ဖြင့် ဖွဲ့စည်းခန့်
အပ် တာဝန်ပေးထားသော နိုင်ငံတော်သမ္မတ၏ အကြံပေး အဖွဲ့များမှ နိုင်ငံရေး အကြံပေး အဖွဲ့ဝင် ဦးရဲ
တင့်အား တာဝန်မှ အနားယူခွင့် ပြုလိုက်ကြောင်း အမိန့်ကြေညာစာ အမှတ် ၅၂/ ၂၀၁၃ ဖြင့် ထုတ်ပြန်ခဲ့
သည်။

Eleven Media ,  RangonNewsDaily
kolatt (Pabedan): 9.8.2013

0 comments:

Post a Comment