Pages

Friday, August 9, 2013

မောင်တောမြို့မှ ရိုဟင်ဂျာ မွတ်စလင်များ အီးဒ်နေ့ ၀တ်ပြုခွင့် ပိတ်ပင်ခံရ

RangonNewsDaily:: Aug 9, 2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အာဏာပိုင် များမှ ရိုဟင်ဂျာ မွတ်စလင် များကို အီးဒ်နေ့ ၀တ်ပြုခွင့်ကို ပိတ်ပင် တားမြစ် ခဲ့သည့် အတွက် ယနေ့ ကျရောက်သော အီးဒ်နေ့တွင် ၀တ်ပြုခွင့် မရခဲ့ကြောင်း သတင်း ရရှိပါသည်။ လွန်ခဲ့သည့်နှစ် ဇွန်လမှ စ၍ ထုတ်ပြန်ခဲ့သည့် ပုဒ်မ ၁၄၄ ကိုယမန်နေ့က နောက်ထပ် နှစ်လ အတွက် ထပ်မံ၍ သက်တမ်းတိုး ခဲ့သည်။ ထို့နောက် ဗလီများတွင် လူ ၅ ဦး ပို၍ တွေ့ရှိပါက ပြင်းထန်စွာ အရေးယူမည်ဟု ကြေညာခဲ့သည်။ မောင်တော မြို့ပေါ်ရှိ ဗလီကြီးတွင်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အဆိုပါ ကြေညာချက်ကို ကပ်၍ အသိပေး ခဲ့သည်ဟု သိရသည်။

အစ္စလာမ် ဘာသာဝင် များ၏ နေ့ထူး နေ့မြတ်တွင် ယခုကဲ့သို့ ၀တ်ပြုရန် တားဆီး ခဲ့ရသည့် အတွက် ဒေသခံ ရိုဟင်ဂျာ မွတ်စလင် များမှ လွန်စွာ စိတ်ထိခိုက် နေကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။

“ကျွန်တော်တို့ နေ့ကြီးရက်ကြီးမှာ ၀တ်ပြုခွင့် ရလိမ့်မယ်လို့ အတော်လေး မျှော်လင့် ခဲ့တယ်။ ဗလီမှာ လူ ၅ ယောက်ထက် ပိုစုရင် ပြင်းထန်စွာ အရေးယူမယ် ဆိုတော့ ပုဒ်မ ၁၄၄ အရ ပစ်သတ်မယ်လို့ ပြောတာနဲ့ အတူတူပါ။ ကျွန်တော်တို့လည်း ငြိမ်းချမ်းစွာ နေချင်တဲ့ အတွက် ဥပဒေကို မချိုးဖောက်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဘာသာရေး လွတ်လပ်ခွင့်ကို ပိတ်ပင် ခံရတာက အကြီးမား ဆုံးသော လူ့အခွင့် အရေးကို ချိုးဖောက်ခံ ရတာပါ” ဟု ဒေသခံ တစ်ဦးမှ ပြောပါသည်။
 
Myanmar Muslim Media ,  RangonNewsDaily
kolatt (Pabedan): 9.8.2013

0 comments:

Post a Comment