Pages

Friday, August 9, 2013

မင်္ဂလာဒုံမြို့နယ် အုပ်ချူပ်ရေးမှူးရုံးမှ SIM card အတွက်ဟုဆိုကာ ငွေကြေးကောက်ခံနေမှုတိုင် ကြားစာ

RangonNewsDaily:: Aug 9, 2013
ကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်မှာ ရပ်ကွက်ပေါင်း (၃၂) ရပ်ကွက်ရှိပါတယ်။ ဖုန်းSIM card များကို စတင်၍ နိုင်ငံ တော်မှပြည်သူအများကို ချပေးချိန်မှစ၍ မင်္ဂလာဒုံမြို့နယ်အုပ်ချူပ်ရေးမှူးရုံးမှ ဒုဦးစီးမှူး ဦးပြည့်ဖြိုးအောင် နှင့် အဖွဲ့ဝင် ၅ ဦးတို့သည် SIM card လာရောက်ထုတ်ယူသော ရပ်ကွက်အုပ်ချူပ်ရေးမှူးများထံမှ ရပ်ကွက်အရွယ်အစားကို လိုက်၍ ငွေကျပ် ၃၀၀၀ (သို့) ၅၀၀၀ကျပ် အားလမ်းစရိတ်ဟူ၍ ပြောကာ မတရားသဖြင့်ကောက်ခံရယူပြီး လည်းကောင်းနှင့် အဖွဲ့ဝင်၅ ဦးမှ ခွဲဝေယူနေကြပါတယ်။

ထို့ကြောင့် မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စမ်းကြီးဝ ။ ၂(က) စံပြရပ်ကွက်စသော ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပါ
အဝင် ရပ်ကွက်တိုင်းရှိ အုပ်ချုပ်ရေးမှူးများမှာ SIM card ဖုန်းမဲပေါက်သူများထံမှ ငွေ ကြေးများ အားသဒ္ဓါတရားနည်းများမဆို တစ်ထောင်ကျပ်တဲ့မနည်းပြန်လညါကောက်ခံနေကြပါတယ်။

အထက်ဖော်ပြပါ မတရားကောက်ခံငွေများရှိနေ၍ ပြည်သူလူထုအများမှာ မည်သူ့ကိုအဖေခေါ် ၍ တိုင်းကြားရမှန်းမသိပါကြောင့်
သတင်းပေါင်းစုံမှ ဖော်ပြပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

ရပ်ကွက်ဥက္ကဌ တစ်ဦး

(မြ၀တီ) , RangonNewsDaily
kolatt (Pabedan): 9.8.2013

0 comments:

Post a Comment