Pages

Friday, August 9, 2013

မိန်းမကိစ္စပျော်ပါးရန် ခေါ်ခိုင်းရာမှ ဓါးခုတ်မှုဖြစ်

RangonNewsDaily:: Aug 9, 2013

၈.၈.၂၀၁၃ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်၊ဘလုတ်ညွှန့်ရပ်ကွက်နေ
ဒေါ်မြင့်သန်းသည် နေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ သိန်းကျော်ဦးမှာ ၇.၈.၂၀၁၃ ရက်နေ့ ညက ဓါးခုတ်ခံရ၍ ရန်ကုန်ဆေးရုံကြီးတွင်ရောက်ရှိဆေးကုသနေကြောင်းသိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ
သားဖြစ်သူ တွင် ဦးခေါင်းအလယ်တည့်တည့်၌ ပြတ်ရှသွေးထွက်ဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရပါသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ သားဖြစ်သူအားမေးမြန်းရာ ၇.၈.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ သူငယ်ချင်းဖြစ်သူ၏ဆိုက္ကားပေါ်တွင်ထိုင်နေစဉ် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းရပ်ကွက်နေ ဇော်ထွဋ် (ဘ)ဦးဝင်းလှိုင်၊ လှဝင်းမောင်
(စုံစမ်းဆဲ)၊ မျိုးလွင်ဦး(စုံစမ်းဆဲ)တို့ (၃)ဦးရောက်ရှိလာပြီး မိန်းမကိစ္စပျော်ပါးရန်ခေါ်ခိုင်းရာ သားဖြစ်သူမှ ပြည့်တန်ဆာခေါင်းမဟုတ်ကြောင်းပြန်ပြောသည်နှင့်ပတ်သက်၍ စကားများခဲ့ကြကြောင်း၊ ထိုသို့စကား များစဉ် ဇော်ထွဋ်မှ ထီးထဲ၌၀ှက်၍ယူလာသည့် ဓါးရှည်ဖြင့်ခုတ်ခဲ့သဖြင့် ဦးခေါင်းတွင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိခဲ့ပါသည်။

ထိုသို့သားဖြစ်သူကို ဒဏ်ရာရရှိအောင်ပြုလုပ်သူ ဇော်ထွဋ်ပါ(၃)ဦးအား အရေးယူပေးပါရန် ဒေါ်မြင့်သန်းမှတိုင်တန်းခဲ့သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၅၇၂/၂၀၁၃၊ ပုဒ်မ ၃၂၆/၁၁၄ ဖြင့်အမှု ဖွင့်လှစ်ပြီး တရားခံဇော်ထွဋ်အား ဖမ်းဆီးရမိစစ်ဆေးလျက်ရှိကာ ကျန်တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

yangonpolice , RangonNewsDaily
kolatt (Pabedan): 9.8.2013

0 comments:

Post a Comment