Pages

Friday, August 9, 2013

(၈)ကြိမ်မြောက် မုန်တိုင်းလာဦးမည်ဖြစ်သည့်အပြင် မိုးရွာဖို့ဖြစ်စဉ်တွေ အရှေ့ဖက်က လာပါလိမ့်ဦးမည်


RangonNewsDaily:: Aug 9, 2013
မိုးလေ၀သဌာနရဲ့ဖခင်ကြီးတစ်ဦးဖြစ်တဲ့ Wunna Kyawhtin ဆရာဦးထွန်းရင် မကွယ်လွန်မီက ကျွန်တော်ကို ပြောသွားခဲ့ဘူးပါတယ်။ " မောင်ထွန်းလွင်ရဲ့။ မိုးရာသီအနှောင်းပိုင်းကိုရောက်လာရင် ဆရာတို့ အရှေ့ဖက်မှာရှိတဲ့ ပစိဖိတ်သမုဒ္ဒယာအလယ်ပိုင်းကနေပြီး မုန်တိုင်းတွေဟာ ဟောတစ်လုံး ဟောတစ်လုံး နဲ့ လာလိုက်တာ။ တင်စားပြောရရင် ရောင်ခြည်တော်လွှတ်နေသလားလို့တောင် ထင်ရတယ်" ။

ဟုတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ရာသီဥတုတွေမှာ အခုလို မိုးရာသီအနှောင်းပိုင်း ကိုရောက်လာရင် အရှေ့ဖက်ကတောင်တရုတ်ပင်လယ် ရှိရာ အရှေ့ဖက်ကိုမျှော်ရ ပါတယ်။ မိုးရာသီအကြို နဲ့ အစပိုင်းတွေမှာဆိုရင်တော့ အနောက်ဖက်မှာရှိတဲ့ အာရေဗျပင်လယ်ရှိရာ အနောက်ဖက်ကို မျှော်ရပါတယ်။ အဲဒါကြောင့် အနောက်ဖက် မှာရှိတဲ့ Arabian Sea, အလယ်မှာရှိတဲ့ Bay of Bengal နဲ့ အရှေ့ဖက်မှာရှိတဲ့ China Sea တို့ဟာ ဆက်စပ်နေလို့ သူတို့ကို ABC Connection လို့ ကျွန်တော်ဆောင်း ပါး ရေးဘူးပါတယ်။

အခုလည်း ၂၀၁၃ ခုနှစ် အတွင်း (၁၁)လုံးမြောက်မုန်တိုင်း အခြေတည်နေပြန်ပြီဖြစ် ပါတယ်။ မိုးရာသီစခဲ့တဲ့ ဇွန်လတစ်ရက်နေ့ကစပြီး လက်ရှိအချိန် အထိ တောင်တရုတ် ပင်လယ်ပြင်အတွင်းကနေ အာရှတိုက်ကုန်းမြေဆီကို ၀င်ရောက်လာခဲ့တဲ့မုန်တိုင်းဟာ (၇)ကြိမ်ရှိခဲ့ပြီဖြစ်ပါတယ်။

အခုလည်း(၈)ကြိမ်မြောက် မုန်တိုင်းလာပါလိမ့်ဦးမယ်လို့ ခန့်မှန်းထားပါတယ်။
ဒီလိုဖြစ်စဉ်တွေကို နှစ်ကုန်တဲ့အထိ တွေ့ရပါလိမ့်မယ်။

ဒေါက်တာထွန်းလွင်
Weather News Update
August 9, 2013.


 

0 comments:

Post a Comment