Pages

Friday, August 9, 2013

အင်္ဂလန် အသင်းကြီးအတွက် ခေါ်ယူခြင်းခံရတဲ့ မန်ယူတောင်ပံ လူငယ်လေး ဇာဟာ

အင်္ဂလန် အသင်းကြီးအတွက် ခေါ်ယူခြင်းခံရတဲ့ မန်ယူတောင်ပံ လူငယ်လေး ဇာဟာ 

Friday, August 9, 2013

မန်ချက်စတာ ယူနိုက်တက်၏ လူငယ်တောင်ပံ ကစားသမား တစ်ယောက်ဖြစ်သည့်  ဇာဟာအား အင်္ဂလန်စီနီယာ အသင်းကြီးမှ လာမည့်ကြာသပတေးနေ့မှာ ကစားမည့် စကော့တလန် အသင်းနှင့် ပွဲစဉ်အတွက် ခေါ်ယူလိုက်သည်ဟု သိရသည်။ ဇာဟာသည် မန်ယူ အသင်း၏ ခြေစမ်းပွဲ ခရီးစဉ်မှာ ပွဲထွက် ကစားခဲ့ကာ ခြေစွမ်းပြ နိုင်သောကြောင့် ယခုလို အသင်းကြီး အတွက် ခေါ်ယူခြင်း ခံခဲ့ရခြင်းလည်း ဖြစ်သည်။

အဆိုပါ မန်ယူတောင်ပံသည် ခရစ္စတယ်ပဲလေ့ အသင်းမှ ပေါင် ၁၅ သန်းဖြင့် ပြီးခဲ့သည့်ရာသီ ဇန်န၀ါရီလတွင် မန်ယူအသင်းမှ ခေါ်ယူခဲ့ပြီး ယခုနှစ် မန်ယူအသင်း၏ ချစ်ကြည်ရေး ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြကစား နိုင်ခဲ့သည် ။ ဇာဟာသည် နိုဝင်ဘာလတွင် ကစားခဲ့သည့် ဆွီဒင်အား ၄ -၂ ဂိုး ရလဒ်ဖြင့် အနိုင်ရသော ပွဲစဉ်တွင် အင်္ဂလန် ၂၁ နှစ်အောက် အတွက် ပါဝင်ကစားခဲ့သည်။

အင်္ဂလန်ဘော့စ် ဟော့ဆန်သည် ဇာယာအပြင် မန်ယူတိုက်စစ်မှူး တစ်ယောက်ဖြစ်သည့် ပုခုံးဒဏ်ရာ ရရှိနေသည့် ၀ိန်း ရွန်းနီကိုပါ စကော့တလန်နှင့် ပွဲအတွက် ခေါ်ယူကစားနိုင်မည်ဟု မျှော်လင့်လျက် ရှိသည် ။ အင်္ဂလန်တိုက်စစ်မှူး တစ်ယောက်ဖြစ်သည့် ဂျာမိန်း ဒီဖိုးမှာလည်း တော့တင်ဟမ် ဟော့စပါးအသင်းနှင့် မိုနာကိုပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့သည်။ သို့ပေမယ့် လာမည့် စနေနေ့မှာ စပါးအသင်းနှင့် အက်စပန်ညိုပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မည်ဟု မျှော်လင့်နေပြီး အင်္ဂလန်အသင်းနှင့် စကော့တလန် ပွဲအတွက် ကစားပွဲ မတိုင်မီ ဗုဒ္ဓဟူးနေ့မှာ ချိတ်ဆက်နိုင်မည်ဟု အင်္ဂလန်နည်းပြကြီးက မျှော်လင့်လျက် ရှိသည်။ 

http://www.football-cafe.com/index.php

RangonNewsDaily:: Aug 9, 2013
မန်ချက်စတာ ယူနိုက်တက်၏ လူငယ်တောင်ပံ ကစားသမား တစ်ယောက်ဖြစ်သည့် ဇာဟာအား အင်္ဂလန်စီနီယာ အသင်းကြီးမှ လာမည့်ကြာသပတေးနေ့မှာ ကစားမည့် စကော့တလန် အသင်းနှင့် ပွဲစဉ်အတွက် ခေါ်ယူလိုက်သည်ဟု သိရသည်။ ဇာဟာသည် မန်ယူ အသင်း၏ ခြေစမ်းပွဲ ခရီးစဉ်မှာ ပွဲထွက် ကစားခဲ့ကာ ခြေစွမ်းပြ နိုင်သောကြောင့် ယခုလို အသင်းကြီး အတွက် ခေါ်ယူခြင်း ခံခဲ့ရခြင်းလည်း ဖြစ်သည်။ အဆိုပါ မန်ယူတောင်ပံသည် ခရစ္စတယ်ပဲလေ့ အသင်းမှ ပေါင် ၁၅ သန်းဖြင့် ပြီးခဲ့သည့်ရာသီ ဇန်န၀ါရီလတွင် မန်ယူအသင်းမှ ခေါ်ယူခဲ့ပြီး ယခုနှစ် မန်ယူအသင်း၏ ချစ်ကြည်ရေး ခြေစမ်းပွဲတွေမှာ ခြေစွမ်းပြကစား နိုင်ခဲ့သည် ။ ဇာဟာသည် နိုဝင်ဘာလတွင် ကစားခဲ့သည့် ဆွီဒင်အား ၄ -၂ ဂိုး ရလဒ်ဖြင့် အနိုင်ရသော ပွဲစဉ်တွင် အင်္ဂလန် ၂၁ နှစ်အောက် အတွက် ပါဝင်ကစားခဲ့သည်။

အင်္ဂလန်ဘော့စ် ဟော့ဆန်သည် ဇာယာအပြင် မန်ယူတိုက်စစ်မှူး တစ်ယောက်ဖြစ်သည့် ပုခုံးဒဏ်ရာ ရရှိနေသည့် ၀ိန်း ရွန်းနီကိုပါ စကော့တလန်နှင့် ပွဲအတွက် ခေါ်ယူကစားနိုင်မည်ဟု မျှော်လင့်လျက် ရှိသည် ။ အင်္ဂလန်တိုက်စစ်မှူး တစ်ယောက်ဖြစ်သည့် ဂျာမိန်း ဒီဖိုးမှာလည်း တော့တင်ဟမ် ဟော့စပါးအသင်းနှင့် မိုနာကိုပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့သည်။ 
 
သို့ပေမယ့် လာမည့် စနေနေ့မှာ စပါးအသင်းနှင့် အက်စပန်ညိုပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်မည်ဟု မျှော်လင့်နေပြီး အင်္ဂလန်အသင်းနှင့် စကော့တလန် ပွဲအတွက် ကစားပွဲ မတိုင်မီ ဗုဒ္ဓဟူးနေ့မှာ ချိတ်ဆက်နိုင်မည်ဟု အင်္ဂလန်နည်းပြကြီးက မျှော်လင့်လျက် ရှိသည်။ 
 
RangonNewsDaily
kolatt (Pabedan): 9.8.2013


0 comments:

Post a Comment