Pages

Thursday, July 25, 2013

ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် KNU၊ DKBA နှင့် KNU/KNLA တို့ မြ၀တီမြို့၌ ငြိမ်းချမ်းရေးနှင့် တပ်ကိစ္စများ တွေ့ဆုံဆွေးနွေး

Thursday, July 25, 2013

ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ကရင်အမျိုးသား အစည်းအရုံး-ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) တို့သည် ဇူလိုင် ၂၃ ရက်က မြ၀တီမြို့၌ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးနှင့် တပ်ကိစ

္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
"မနေ့က ၁၁ နာရီလောက်မှာတွေ့ပြီး ဆွေးနွေးကြတာပါ။ ငြိမ်းချမ်းရေး ကိစ္စတွေ ဆွေးနွေးကြတာပေါ့" ဟု KNU/KNLA ၏ မြ၀တီအခြေစိုက် ဗိုလ်မှူးကြီး တိုက်ဂါးက ဇူလိုင်၂၄ ရက်တွင် The Daily Eleven သို့ ပြော
ကြားသည်။

ဆွေးနွေးပွဲသို့ KNU အဖွဲ့မှ ဗိုလ်ချုပ်ကြီးဂျော်နီ၊ ပဒိုစောရောဂျာခင်၊ ပဒိုမန်းငြိမ်းမောင်နှင့် အခြားအဖွဲ့ဝင်

များ၊ DKBA အဖွဲ့မှ ဗိုလ်မှူးချုပ် ကျော်သက်နှင့် ဗိုလ်မှူးသရီထူးတို့ ပါဝင်သော အဖွဲ့ဝင်များ၊ KNU/KNLA အဖွဲ့မှ စောရင်နုနှင့် စောမောင်ဖလိုင်းတို့ ပါဝင်သော အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကရင်တိုင်းရင်းသား လက်နက်ကိုင်များ၏ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲများ ပြု

လုပ်ရာ၌ နိုင်ငံရေး ရပ်တည်ချက် တစ်ခုတည်းသာ ဖြစ်ရေးကို သဘောတူညီခဲ့ကြပြီး ကရင်လက်နက်ကိုင် အဖွဲ့အားလုံး တပ်တစ်ခုတည်းဖြစ်ရေး ကိစ္စရပ်ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

DKBA နှင့် KNU/KNLA တို့သည် KNU အဖွဲ့မှ ခွဲထွက်လာခဲ့သည့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အ

ဖွဲ့များဖြစ်ပြီး ယခုဆွေးနွေးပွဲသည် အကွဲကွဲအပြားပြား ဖြစ်နေသော ကရင်တိုင်းရင်းသား လက်နက်ကိုင်များ
အကြား စုစည်းမှုရှိရန် ကြိုးပမ်းချက် တစ်ရပ်ဖြစ်ကြောင်း သိရသည်။

"KNU ဘက်ကတော့ အမျိုးသားရေးအရ နားလည်မှု တည်ဆောက်သွားမယ်။ တစ်ဖက်နဲ့တစ်ဖက် အချင်း

ချင်း တိုက်ခိုက်တာတွေ မလုပ်ကြဘဲ အမျိုးသားရေးကိုပဲ ဦးစားပေးလုပ်ဆောင်ဖို့ ဒီလိုဦးတည်ချက်တွေ ရှိပါ
တယ်" ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ရောက်ရှိနေသော KNU ၏ တွဲဖက်အတွင်းရေးမှူး (၁) ပဒိုမန်းမန်းက The Daily Eleven သို့ ပြောကြားသည်။

"ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေအားလုံး တပ်တစ်ခုတည်း ဖြစ်ဖို့ဆိုတာကတော့ ဖြစ်နိုင်မယ်လို့ မ

ထင်သေးဘူး။ DKBA တို့၊ KNU/KNLA တို့ဆိုတာ KNU က ခွဲထွက်သွားတဲ့ အဖွဲ့တွေလေ။ နောက်ပြီး BGF (နယ်ခြားစောင့်တပ်) ဖြစ်သွားတဲ့ အဖွဲ့တွေလည်း ရှိတယ်။ BGF ဆိုတာ အစိုးရရဲ့ အောက်မှာနေပြီး လှုပ်ရှား
ရတာ ဖြစ်တဲ့အတွက် မဖြစ်နိုင်သေးဘူး။ KNU မှာလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မူဝါဒတွေ ရှိထားပြီးသားလေ။

အခုချိန်မှာတော့ အမျိုးသားရေး ပူးပေါင်းဆောင်ရွက်ဖို့၊ တစ်ဖက်နဲ့တစ်ဖက် တိုက်ပွဲမဖြစ်နိုင်ဖို့တွေကိုဘဲ ဆွေးနွေးဖြစ်မှာပါ" ဟု ပဒိုမန်းမန်းက ဆိုသည်။ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ

များ ပြုလုပ်ရာ၌ နိုင်ငံရေး ရပ်တည်ချက် တစ်ခုတည်းသာ ဖြစ်ရေးကိုသဘောတူညီခဲ့ကြပြီးကရင်လက်နက်
ကိုင် အဖွဲ့အားလုံး တပ်တစ်ခုတည်းဖြစ်ရေး ကိစ္စရပ်ကိုလည်း ဆွေးနွေး . . . . .မြ၀တီမြို့တွင် ပြုလုပ်ခဲ့သော
ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ကရင်တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

ကရင်အမျိုးသား အစည်းအရုံး (KNU) ကို ၁၉၄၇ ခုနှစ်က တည်ထောင်ခဲ့ပြီး သံတောင်၊ တောင်ငူ၊ ညောင်

လေးပင်၊ လှိုင်းဘွဲ၊ ဘားအံ၊ ဖာပွန်၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ကျိုက်ဒုံနှင့် တနင်္သာရီတိုင်းမြောက်ပိုင်း
 ဒေသများတွင် လှုပ်ရှားသည်။

၁၉၉၄ ခုနှစ်တွင် DKBA (ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး)ပေါ်ပေါက်လာပြီး ထိုအဖွဲ့သည် KNU မှ ခွဲထွက်ကာ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်

သည်။

၂၀၁၀ ပြည့်နှစ်တွင် DKBA (မူလအဖွဲ့ ဗုဒ္ဓဘာသာ ကရင်အမျိုးသား အစည်းအရုံး၊ ယခုနယ်ခြားစောင့်တပ်) ထံမှ DKBA တပ်မဟာ-၅ ခေါင်းဆောင် ဗိုလ်ချုပ်စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်သော
အဖွဲ့

က ခွဲထွက်ခဲ့ပြီး DKBA (တိုးတက်သော ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော်ကို) ကို ထူထောင်လိုက်သည်။ 

အဆိုပါအဖွဲ့၏ ဌာနချုပ်မှာ မြ၀တီမြို့နယ် ဆုံဆည်းမြိုင်ဒေသဖြစ်ပြီး ဘုရားသုံးဆူ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်
ကြီး မြို့နယ်နှင့် မာနယ်ပလော (ယခင် KNU ဌာနချုပ်)များတွင် လှုပ်ရှားခဲ့သည်။KNU/KNLA သည်ု KNU
ဗဟို၏ ခွင့်ပြုချက် မရရှိဘဲ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သဖြင့် ၂၀၀၇ ခုနှစ်က KNU မှ ထုတ်ပယ်ခြင်း
ခံခဲ့ရသော KNU တပ်မဟာ ၇ တပ်မှူး ဗိုလ်ချုပ်ထိန်မောင် တည်ထောင်ခဲ့သည့် အဖွဲ့ဖြစ်သည်။

ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီ

ချက်များ ရရှိထားသော်လည်း ဆက်လက်ဆွေးနွေးရန် ကိစ္စရပ်များ ရှိနေသည့်အပြင် အပစ်အခတ် ရပ်စဲရေး ရယူပြီး နောက်ပိုင်းတွင်လည်း အစိုးရတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်မှုများ ရှိခဲ့ကြောင်း သိရသည်။

Eleven Media , RangonNewsDaily
kolatt (Pabedan): 25.7.2013

0 comments:

Post a Comment