Pages

Thursday, July 25, 2013

မိုးကြီးမည့်သတိပေးချက်


(၂၅.၇.၂၀၁၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၃း၀၀)နာရီချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၁၂း၃၀)နာရီအချိန်မိုးလေသ၀သတိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် 
ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေသည့်အပြင် အထက်
လေထုလွှာအတွင်း အရှေ့ဘက်မှ ရွေ့လျားလာသော
လေပွေလှိုင်း၏အရှိန်ကြောင့် ယနေ့မွန်းတည့်မှ နောက်(၄၈)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး
တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်
စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
 
မိုးလေ၀သနှင့်ဇလဗေဦးစီးဌာန
RangonNewsDaily
kolatt (Pabedan): 25.7.2013

0 comments:

Post a Comment