၂၅.၇.၂၀၁၃
CDMA 800 MHz ဖုန်း မက် ဆေ့ခ်ျပို့၍ အင်တာနက် လျှောက် ထား နိုင်မည်မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး မှ ဂျီနှင့် WCDMA ဖုန်းများကို သြ ဂုတ်လ ၁ ရက်နေ့မှ စ၍ မက်ဆေ့ခ်ျ ပို့ ပြီး အင်တာနက်လျှောက်ထားနိုင်မည် ဟု သတင်းထုတ်ပြန်ထားသည်။ ''သူ့အတွက် အစီအစဉ်မလုပ်ရ သေးတဲ့အတွက် မပေးသေးတာပါ။ လက်တလောအနေနဲ့ ၈ဝဝ ဖုန်းတွေ အင်တာနက်လျှောက်ထားမှုကိုပါ ယာ ယီရပ်ဆိုင်းထားပါတယ်။
လျှောက်ထား နိုင်မယ့်အချိန်ရောက်ရင်တော့ ကြေညာ
ပေးမှာပါ''ဟုရတနာပုံ Call Center မှ မြန်မာ့ဆက်သွယ်ရေးနှင့် ပတ်သက် သော
သတင်းများအား ဖြေကြားပေးသူ ဝန်ထမ်းတစ်ဦး က ပြောသည်။
ယင်းအပြင်
ကျပ်ထောင့်ငါးရာ တန်MEC တံဆိပ်ဖုန်းများမှာလည်း ကျပ် ငါးသိန်းCDMA
ကဲ့သို့ပင် မက် ဆေ့ခ်ျပို့ အင်တာနက်လျှောက်ထားခွင့် ရရှိမည်မဟုတ်ဘဲ လက်ရှိ
အင်တာနက် လျှောက်ခွင့်ပေးသည့် တိုင်းမန်နေ ဂျာ ရုံးတွင်သာ
ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။
CDMA 800
MHz ဖုန်းနှင့် ပတ်သက်၍ ကျောက်တံတားမြို့နယ်မှ ဖုန်းကိုင်ဆောင်သူ
ကိုအောင်ထွန်းက ''ဖုန်းလိုင်းကျတော့လည်း မြို့အား လုံး မရ၊ ရန်ကုန်က
ထွက်တာနဲ့ လိုင်းမမိ၊ အင်တာနက်အသုံးပြုခကလည်း တစ် မိနစ်လေးကျပ်၊ အခု
မက်ဆေ့ခ်ျနဲ့ အင် တာနက်လျှောက်တော့ လည်းမရ၊ ပြန်
ရောင်းတော့မယ်ဆိုတော့လည်းဈေးမရ၊ ဘယ်လိုမှ အသုံးမကျတဲ့ဖုန်းပါ။ ဝယ်ခဲ့ မိတဲ့ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်ဆိုရမှာ ပါပဲ''ဟု ပြောသည်။
ကျပ်ငါးသိန်း CDMA 800 MHz ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး မှ
၂ဝ၁ဝခုနှစ်ဆန်းပိုင်းတွင် စတင်ရောင်း ချပေးခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်
တော်မြို့သုံးမြို့သာ အသုံးပြုခွင့်ပေးခဲ့ ကြောင်း နယ်ကျော်သုံးစွဲချင်ပါက
CDMA 450 MHz ဟန်းဆက်ပြောင်း၍ အသုံး ပြုခွင့်ပေးခဲ့သည်။
ကျပ်ငါးသိန်း CDMA 800 MHz ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး မှ ၂ဝ၁ဝခုနှစ်ဆန်းပိုင်းတွင် စတင်ရောင်း ချပေးခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည် တော်မြို့သုံးမြို့သာ အသုံးပြုခွင့်ပေးခဲ့ ကြောင်း နယ်ကျော်သုံးစွဲချင်ပါက CDMA 450 MHz ဟန်းဆက်ပြောင်း၍ အသုံး ပြုခွင့်ပေးခဲ့သည်။
0 comments:
Post a Comment