Pages

Thursday, July 25, 2013

အသက် (၂၁) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အသတ်ခံရမှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွား

Photo: အသက် (၂၁) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အသတ်ခံရမှု တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွား
Thursday, July 25, 2013

တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်၌ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ၎င်းသန္ဓေသားနှင့်အတူ ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်က တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အလောင်းတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းအလောင်းတို့အား ဒဂုံတောင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အမှတ် ၂ လမ်း၊ ရွာသာကြီးရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်နေသူ မအေးအေးအောင် ၂၁ နှစ် ဖြစ်ကြောင်း သိရပြီး ၎င်းနှင့်သန္ဓေသား အလောင်းတို့အား သင်္ကန်းကျွန်း စံပြဆေးရုံကြီးသို့ ပို့ဆောင်စစ်ဆေးခဲ့ကြောင်း သိရသည်။

အလောင်းအား ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူ မအေးအေးအောင်မှာ လည်ပင်းယာဘက် အရိုက်ခံခဲ့ရပြီး လေပြွန်တွင် သွေးတွေ့ရှိကြောင်း၊ အစာပြွန်တွင် ရွှံ့ဝင်နေပြီး သားအိမ်မှာ ပေါက်ထွက်နေကြောင်း၊ အပြင်တွင် တွေ့ရှိခဲ့ရသည့် ၎င်း၏ငါးလအရွယ်ခန့်ရှိ သန္ဓေသားမှာလည်း ဗိုက်ပေါက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထို့အပြင် သေဆုံးသူသည် အရိုက်ခံရပြီး သတိလစ်နေချိန်တွင် လည်ပင်းအား လုံချည်ဖြင့်ညှစ်၍ သတ်ခဲ့ကြောင်း၊ ဗိုက်မှာအကန်ခံရ၍ သားအိမ်ပေါက်ကာ သန္ဓေသားမှာ အပြင်သို့ထွက်ကျခဲ့ပြီးနောက် ဗိုက်ပေါက်အူထွက်ကာ သေဆုံးရခြင်းဖြစ်ပြီး သေဆုံးသည့်အချိန်မှာ ၄/၅ ရက်ခန့် ရှိပြီဖြစ်နိုင်ဖွယ်ရှိကြောင်း ကျူးလွန်သူများမှာ ၃ ယောက် သို့မဟုတ် ၄ ယောက်ခန့် ရှိနိုင်ကြောင်း မှုခင်းဆရာဝန်ကြီး၏ စစ်ဆေးချက်အရ သိရသည်။

အဆိုပါ သေဆုံးသူ မအေးအေးအောင်မှာ ကိုယ်ဝန် ၅ လခန့် ရှိနေကြောင်းသိရပြီး ဇူလိုင် ၁၉ ရက်ညပိုင်းက ၎င်း၏ရည်းစားဖြစ်သူ ပြည့်ဝအောင်မှ ၎င်းအလုပ်လုပ်နေသည့် အအေးခန်းစက်ရုံသို့ လာရောက်ခေါ်ဆောင် သွားခဲ့ကြောင်း စက်ရုံရှိ သက်သေများ၏ ပြောပြချက်အရ သိရသည်။
တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အလောင်းတို့အား တွေ့ရှိခဲ့ကြောင်း . . . . .

သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်မိုးမိုးဝင်းက "ကျွန်မသမီးလေးက အဲ့ဒီနေ့က အလုပ်ဆင်းနေတာပါ။ အလုပ်ပြန်ချိန်မှာလည်း သူ့အဖေကို လာကြိုဖို့ကို ပြောထားတယ်။ သူ့အဖေ သွားကြိုတော့ သူနဲ့မတွေ့ခဲ့ဘဲ သူ့ရည်းစားနဲ့ လိုက်သွားတယ်လို့ စက်ရုံက အလုပ်သမားတွေက ပြောပါတယ်။ မနက်ကျတော့ သူ့ရည်းစား အလုပ်လုပ်တဲ့ စက်ရုံကိုသွားပြီး မေးပါသေးတယ်။ သူကမသိဘူးလို့ ဖြေတယ်" ဟု ဇူလိုင် ၂၃ ရက် မွန်းလွဲပိုင်းက ၎င်း၏နေအိမ်တွင် ဆိုသည်။

သေဆုံးသူ၏ မိခင်မှ ဇူလိုင် ၂၀ ရက် နံနက်အစောပိုင်းတွင် ပြည့်ဝအောင်ကို သေဆုံးသူ မအေးအေးအောင်အကြောင်း သွားရောက်မေးမြန်းပြီးနောက် ၎င်းမှာယင်းနေ့နံနက် ၁၀ နာရီခန့်ကပင် ရပ်ကွက်ထဲတွင် မတွေ့ရှိတော့ကြောင်း သိရသည်။

သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးမြင့်အောင်က "၂၁ ရက်မှာ ပြည့်ဝအောင်ရဲ့ နေအိမ်ကို သွားပြီးတော့ သူ့မိဘတွေနဲ့ ကျွန်တော်သွားတွေ့ပါတယ်။ ကျွန်တော့်သမီးလေး ပျောက်သွားတာ သုံးရက်ရှိပြီ။ ကျွန်တော့်သမီးလေးကို ခိုးသွားတယ်ဆိုရင်လည်း ၀ါဝင်တော့မှာမို့လို့ မိသားဖသားပီပီ ပြန်အပ်ပါလို့ပြောတော့ သူတို့က မသိဘူးလို့ပဲ ငြင်းတယ်။ ကျွန်တော့်သမီးလေး ဒီလိုမျိုး ရက်ရက်စက်စက် အသတ်ခံရတာ ကျွန်တော့်စိတ်ထဲမှာ ဘယ်လိုမှ ဖြေဆည်လို့ မရနိုင်ပါဘူး။ ဒီဖြစ်စဉ်ကို တာဝန်ရှိသူတွေက အမှန်တရားကို အမြန်ဆုံး ဖော်ထုတ်ပေးစေချင်ပါတယ်" ဟု ဆိုသည်။

သေဆုံးသူ၏ ဖခင်ဖြစ်သူက ပြည့်ဝအောင်၏ နေအိမ်သို့ သွားရောက်မေးမြန်းခဲ့သည့် ဇူလိုင် ၂၁ ရက်တွင်ပင် ပြည့်ဝအောင်၏ မိသားစုအားလုံးမှာ နေအိမ်တွင် မရှိတော့ဘဲ ဇူလိုင် ၂၄ ရက် ညနေပိုင်းအထိ ပျောက်ဆုံးလျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသည့် သေဆုံးသူ၏ ရည်းစားဖြစ်သူ ပြည့်ဝအောင်ကို တောင်ဒဂုံမြို့မ ရဲစခန်းမှ (ပ) ၆၀၂/၁၃ ပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

အလောင်းတွေ့ရှိသည့် ကွင်းပြင်အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
အလောင်းတွေ့ရှိသည့် ကွင်းပြင်အား တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)
Thursday, July 25, 2013

တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်၌ အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ၎င်း
သန္ဓေသားနှင့်အတူ ပုပ်ပွသေဆုံးလျက် တွေ့ရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၂၃ ရက်က တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အ
လောင်းတို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းအလောင်းတို့အား ဒဂုံတောင်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ အမှတ် ၂ လမ်း၊ ရွာသာကြီးရပ်ကွက်၊ ဒဂုံအရှေ့မြို့နယ်နေသူ မအေးအေးအောင်၂၁ နှစ် ဖြစ်ကြောင်းသိရပြီး
၎င်းနှင့်သန္ဓေသားအလောင်းတို့အားသင်္ကန်းကျွန်း စံပြဆေးရုံကြီးသို့ပို့ဆောင်စစ်ဆေးခဲ့ကြောင်းသိရသည်။

အလောင်းအား ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူမအေးအေးအောင်မှာလည်ပင်းယာဘက်အရိုက်ခံခဲ့ရပြီး
လေပြွန်တွင် သွေးတွေ့ရှိကြောင်း၊ အစာပြွန်တွင် ရွှံ့ဝင်နေပြီး သားအိမ်မှာ ပေါက်ထွက်နေကြောင်း၊ အပြင်
တွင် တွေ့ရှိခဲ့ရသည့်၎င်း၏ငါးလအရွယ်ခန့်ရှိသန္ဓေသားမှာလည်းဗိုက်ပေါက်နေသည်ကို တွေ့ရှိခဲ့ရကြောင်း
သိရသည်။

ထို့အပြင် သေဆုံးသူသည်အရိုက်ခံရပြီးသတိလစ်နေချိန်တွင်လည်ပင်းအားလုံချည်ဖြင့်ညှစ်၍သတ်ခဲ့ကြောင်း
၊ ဗိုက်မှာအကန်ခံရ၍သားအိမ်ပေါက်ကာသန္ဓေသားမှာအပြင်သို့ထွက်ကျခဲ့ပြီးနောက်ဗိုက်ပေါက်အူထွက်ကာ
သေဆုံးရခြင်းဖြစ်ပြီး သေဆုံးသည့်အချိန်မှာ ၄/၅ ရက်ခန့် ရှိပြီဖြစ်နိုင်ဖွယ်ရှိကြောင်း ကျူးလွန်သူများမှာ၃
ယောက် သို့မဟုတ် ၄ ယောက်ခန့် ရှိနိုင်ကြောင်း မှုခင်းဆရာဝန်ကြီး၏ စစ်ဆေးချက်အရ သိရသည်။

အဆိုပါ သေဆုံးသူ မအေးအေးအောင်မှာ ကိုယ်ဝန် ၅ လခန့် ရှိနေကြောင်းသိရပြီး ဇူလိုင် ၁၉ ရက်ညပိုင်းက ၎င်း၏ရည်းစားဖြစ်သူ ပြည့်ဝအောင်မှ ၎င်းအလုပ်လုပ်နေသည့် အအေးခန်းစက်ရုံသို့ လာရောက်ခေါ်ဆောင် သွားခဲ့ကြောင်း စက်ရုံရှိ သက်သေများ၏ ပြောပြချက်အရ သိရသည်။

တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးရပ်ကွက်ရှိ ဒီဇင်ဘာအိမ်ရာ မုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်ကွင်းထဲတွင် ဒဏ်ရာများဖြင့် ပုပ်ပွသေဆုံးနေသည့် အမျိုးသမီးအလောင်းနှင့် သန္ဓေသား အလောင်းတို့အား တွေ့ရှိ
ခဲ့ကြောင်း . . . . .

သေဆုံးသူ၏ မိခင်ဖြစ်သူ ဒေါ်မိုးမိုးဝင်းက "ကျွန်မသမီးလေးက အဲ့ဒီနေ့က အလုပ်ဆင်းနေတာပါ။ အလုပ်ပြန်
ချိန်မှာလည်း သူ့အဖေကို လာကြိုဖို့ကို ပြောထားတယ်။ သူ့အဖေ သွားကြိုတော့ သူနဲ့မတွေ့ခဲ့ဘဲ သူ့ရည်းစား
နဲ့ လိုက်သွားတယ်လို့ စက်ရုံက အလုပ်သမားတွေက ပြောပါတယ်။ မနက်ကျတော့ သူ့ရည်းစား အလုပ်လုပ်
တဲ့ စက်ရုံကိုသွားပြီး မေးပါသေးတယ်။ သူကမသိဘူးလို့ ဖြေတယ်"ဟုဇူလိုင်၂၃ ရက် မွန်းလွဲပိုင်းက ၎င်း၏နေ
အိမ်တွင် ဆိုသည်။

သေဆုံးသူ၏ မိခင်မှ ဇူလိုင် ၂၀ ရက် နံနက်အစောပိုင်းတွင် ပြည့်ဝအောင်ကို သေဆုံးသူ မအေးအေးအောင်
အကြောင်း သွားရောက်မေးမြန်းပြီးနောက် ၎င်းမှာယင်းနေ့နံနက် ၁၀ နာရီခန့်ကပင် ရပ်ကွက်ထဲတွင် မတွေ့
ရှိတော့ကြောင်း သိရသည်။

သေဆုံးသူ၏ ဖခင်ဖြစ်သူ ဦးမြင့်အောင်က"၂၁ ရက်မှာ ပြည့်ဝအောင်ရဲ့ နေအိမ်ကို သွားပြီးတော့သူ့မိဘတွေ
နဲ့ ကျွန်တော်သွားတွေ့ပါတယ်။ ကျွန်တော့်သမီးလေး ပျောက်သွားတာ သုံးရက်ရှိပြီ။ ကျွန်တော့်သမီးလေးကို
ခိုးသွားတယ်ဆိုရင်လည်း ၀ါဝင်တော့မှာမို့လို့ မိသားဖသားပီပီ ပြန်အပ်ပါလို့ပြောတော့ သူတို့က မသိဘူးလို့ပဲ
 ငြင်းတယ်။ ကျွန်တော့်သမီးလေး ဒီလိုမျိုး ရက်ရက်စက်စက် အသတ်ခံရတာ ကျွန်တော့်စိတ်ထဲမှာ ဘယ်လို
မှ ဖြေဆည်လို့ မရနိုင်ပါဘူး။ ဒီဖြစ်စဉ်ကို တာဝန်ရှိသူတွေက အမှန်တရားကို အမြန်ဆုံး ဖော်ထုတ်ပေးစေချင်
ပါတယ်" ဟု ဆိုသည်။

သေဆုံးသူ၏ ဖခင်ဖြစ်သူက ပြည့်ဝအောင်၏ နေအိမ်သို့ သွားရောက်မေးမြန်းခဲ့သည့် ဇူလိုင် ၂၁ ရက်တွင်
ပင် ပြည့်ဝအောင်၏ မိသားစုအားလုံးမှာ နေအိမ်တွင် မရှိတော့ဘဲ ဇူလိုင် ၂၄ ရက် ညနေပိုင်းအထိ ပျောက်
ဆုံးလျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူဟု ယူဆရသည့် သေဆုံးသူ၏ ရည်းစားဖြစ်သူ ပြည့်ဝအောင်ကို တောင်ဒဂုံမြို့မ ရဲစခန်းမှ (ပ) ၆၀၂/၁၃ ပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Eleven Media , RangonNewsDaily
kolatt (Pabedan): 25.7.2013


0 comments:

Post a Comment