Pages

Thursday, July 25, 2013

ထိုင်ဝမ်အခြေစိုက် E.SUN Bank ကိုယ်စားလှယ်ရုံးခွဲ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်

Photo: ထိုင်ဝမ်အခြေစိုက် E.SUN Bank ကိုယ်စားလှယ်ရုံးခွဲ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်
Thursday, July 25, 2013

ထိုင်ဝမ်အခြေစိုက် E.SUN Bank ကိုယ်စားလှယ်ရုံးခွဲကို ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ  E.SUN Bank သည် လက်ရှိအချိန်တွင် ၀န်ဆောင်မှု လုပ်ငန်းနှစ်မျိုးဖြစ်သော မြန်မာနိုင်ငံတွင်ရှိသည့် ထိုင်ဝမ်ကုန်သည်များအတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ ငွေကြေးအခက်အခဲများ စသည့်ဖြင့် သတင်းများကို လျင်မြန်စွာ စုစည်းပေးမည်ဖြစ်ပြီး ဒုတိယအချက်မှာ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီး မြှုပ်နှံလိုသော ထိုင်ဝမ်စီးပွားရေး ကုန်သည်များအတွက် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဥပဒေ၊ လူမှုရေး၊ နိုင်ငံရေး စသည့်သတင်းအချက် အလက်များ စုစည်းပေးမည်ဖြစ်ကြောင်း အဆိုပါ ၀န်ဆောင်မှုများကို ထိုင်ဝမ်နိုင်ငံသားများအတွက် ဖြန့်ဝေပေးမည်ဖြစ်သည်။

"မြန်မာနိုင်ငံသည် ယခုအချိန်တွင် စီးပွားရေး၊ နိုင်ငံရေး တိုးတက်ပြောင်းလဲခြင်းနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို အလုံးအရင်း ဖိတ်ခေါ်နေပါတယ်။ နိုင်ငံခြား ကုမ္ပဏီများမှလည်း မြန်မာနိုင်ငံကို လာရောက်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်လာပါက မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို အထောက်အကူ ပြုမှာပါ။ မြန်မာနိုင်ငံ အစိုးရက အများလက်ခံနိုင်စေရန် နိုင်ငံခြားငွေ လဲလှယ်မှု တည်ငြိမ်အောင် သတ်မှတ်ပေးထားသည့် အချက်က လက်ခံစရာ ဖြစ်ပါတယ်" ဟု E.SUN Bank မှ Chairman Mr.Gary Tseng က ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ် ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ်အနေဖြင့် အဆင့်သုံးဆင့် ပိုင်းခြားထားကြောင်း ပထမအဆင့် အနေဖြင့် မြန်မာနိုင်ငံသားဘဏ်နှင့် နိုင်ငံခြားဘဏ် ဖက်စပ်လုပ်ကိုင်ခြင်း၊ ဒုတိယအနေဖြင့် ရာနှုန်းပြည့် နိုင်ငံဘဏ်မှ ပိုင်ဆိုင်သော ကုမ္ပဏီခွဲ ဖွင့်လှစ်ခွင့်နှင့် တတိယအနေဖြင့် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့်ကို မကြာခင်အချိန်တွင် ခွင့်ပြုမည်ဟု မျှော်လင့်ထားကြောင်း ထိုကဲ့သို့ ခွင့်ပြုပါက သင့်တော်သည့်အဆင့်ကို စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။  

"မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး ခြေလှမ်းတွေ မှန်ကန်စွာ တိုးတက်ပြောင်းလဲ နေပါတယ်။ ကျွန်တော်တို့ဘဏ်ဟာ ထိုင်ဝမ်မှာ အကောင်းဆုံးဘဏ်ထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်မှုနှင့်အတူ တစ်ဖက်တစ်လမ်းက ပါဝင်ဖို့ ဆုံးဖြတ်ထားပါတယ်" ဟု E.SUN Bank မှ ဥက္ကဋ္ဌ Mr.Joseph Huang က ပြောကြားသည်။

အဆိုပါ E.SUN Bank သည် ထိုင်ဝမ်နိုင်ငံတွင် အသေးစား စက်မှုလုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးခြင်း၊ ကတ်စနစ် ငွေပေးချေမှုနှင့် ပိုင်ဆိုင်မှုအား အသုံးချ၍ တိုးတက်အောင်ဆောင်ရွက်ခြင်း စသည့်ဝန်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိပြီး တရုတ်၊ ဟောင်ကောင်၊ အမေရိကန်၊ သြစတြေးလျ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည်ဖြင့် နိုင်ငံများတွင် ဘဏ်ခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။

Eleven Media Group

E.SUN Bank ၏ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ်
E.SUN Bank ၏ ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ပွဲအခမ်းအနားအား တွေ့ရစဉ်
Thursday, July 25, 2013

ထိုင်ဝမ်အခြေစိုက် E.SUN Bank ကိုယ်စားလှယ်ရုံးခွဲကို ဇူလိုင် ၁၇ ရက်တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်ခဲ့
ကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ E.SUN Bank သည် လက်ရှိအချိန်တွင်ဝန်ဆောင်မှုလုပ်ငန်းနှစ်မျိုးဖြစ်သော မြန်မာနိုင်ငံတွင်ရှိ
သည့် ထိုင်ဝမ်ကုန်သည်များအတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ ငွေကြေးအခက်အခဲများ စ
သည့်ဖြင့် သတင်းများကို လျင်မြန်စွာ စုစည်းပေးမည်ဖြစ်ပြီး ဒုတိယအချက်မှာ မြန်မာနိုင်ငံသို့ လာရောက်
ရင်းနှီး မြှုပ်နှံလိုသော ထိုင်ဝမ်စီးပွားရေး ကုန်သည်များအတွက် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဥပဒေ၊ လူမှု
ရေး၊ နိုင်ငံရေး စသည့်သတင်းအချက် အလက်များ စုစည်းပေးမည်ဖြစ်ကြောင်း အဆိုပါ ၀န်ဆောင်မှုများကို ထိုင်ဝမ်နိုင်ငံသားများအတွက် ဖြန့်ဝေပေးမည်ဖြစ်သည်။

"မြန်မာနိုင်ငံသည် ယခုအချိန်တွင် စီးပွားရေး၊ နိုင်ငံရေး တိုးတက်ပြောင်းလဲခြင်းနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှု
ပ်နှံမှုကို အလုံးအရင်း ဖိတ်ခေါ်နေပါတယ်။ နိုင်ငံခြား ကုမ္ပဏီများမှလည်း မြန်မာနိုင်ငံကို လာရောက်လုပ်ကိုင်
ဖို့ စိတ်ဝင်စားနေပါတယ်။
 
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်လာပါက မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုကို အထောက်အကူ ပြုမှာပါ။ မြန်
မာနိုင်ငံအစိုးရကအများလက်ခံနိုင်စေရန် နိုင်ငံခြားငွေလဲလှယ်မှုတည်ငြိမ်အောင်သတ်မှတ်ပေးထားသည့်
အချက်က လက်ခံစရာ ဖြစ်ပါတယ်" ဟု E.SUN Bank မှ Chairman Mr.Gary Tseng က ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ် ရင်းနှီးမြှုပ်နှံမှု ဥပဒေ အသစ်အနေဖြင့် အဆင့်
သုံးဆင့် ပိုင်းခြားထားကြောင်း ပထမအဆင့် အနေဖြင့် မြန်မာနိုင်ငံသားဘဏ်နှင့် နိုင်ငံခြားဘဏ် ဖက်စပ်
လုပ်ကိုင်ခြင်း၊ ဒုတိယအနေဖြင့် ရာနှုန်းပြည့် နိုင်ငံဘဏ်မှ ပိုင်ဆိုင်သော ကုမ္ပဏီခွဲ ဖွင့်လှစ်ခွင့်နှင့် တတိယ
အနေဖြင့် နိုင်ငံခြားဘဏ်ခွဲ ဖွင့်လှစ်ခွင့်ကို မကြာခင်အချိန်တွင် ခွင့်ပြုမည်ဟု မျှော်လင့်ထားကြောင်း ထိုကဲ့
သို့ ခွင့်ပြုပါက သင့်တော်သည့်အဆင့်ကိုစတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားသည်။

"မြန်မာနိုင်ငံဟာ နိုင်ငံရေး၊ စီးပွားရေး ခြေလှမ်းတွေ မှန်ကန်စွာ တိုးတက်ပြောင်းလဲ နေပါတယ်။ ကျွန်တော်
တို့ဘဏ်ဟာ ထိုင်ဝမ်မှာ အကောင်းဆုံးဘဏ်ထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ စီးပွားရေး တိုးတက်
မှုနှင့်အတူ တစ်ဖက်တစ်လမ်းက ပါဝင်ဖို့ ဆုံးဖြတ်ထားပါတယ်" ဟု E.SUN Bank မှ ဥက္ကဋ္ဌ Mr.Joseph Huang က ပြောကြားသည်။

အဆိုပါ E.SUN Bank သည် ထိုင်ဝမ်နိုင်ငံတွင် အသေးစား စက်မှုလုပ်ငန်းရှင်များအား ချေးငွေထုတ်ပေးခြင်း၊ ကတ်စနစ် ငွေပေးချေမှုနှင့် ပိုင်ဆိုင်မှုအား အသုံးချ၍ တိုးတက်အောင်ဆောင်ရွက်ခြင်း စသည့်ဝန်ဆောင်မှု
များကို ဆောင်ရွက်လျက်ရှိပြီး တရုတ်၊ ဟောင်ကောင်၊ အမေရိကန်၊ သြစတြေးလျ၊ ဗီယက်နမ်၊ ကမ္ဘောဒီး
ယား စသည်ဖြင့် နိုင်ငံများတွင် ဘဏ်ခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။

Eleven Media , RangonNewsDaily
kolatt (Pabedan): 25.7.2013



0 comments:

Post a Comment