Pages

Thursday, July 25, 2013

ဘဏ်ငွေအပ်သူ ပြည်သူများထဲမှ ကျပ်သိန်း ၅၀၀ အထက် အပ်နိုင်သူမှာ တစ်ရာခိုင်နှုန်းပင် မရှိသော်လည်း အပ်ငွေစုစုပေါင်း၏ ၅၆ ရာခိုင်နှုန်းနီး ပါးဖြစ်သော ကျပ်ဘီလျံ ၄၆၂၀ ကျော်မှာ အဆိုပါ လူနည်းစုမှသာ အပ် ထားနိုင်ခြင်းဖြစ်

Photo: ဘဏ်ငွေအပ်သူ ပြည်သူများထဲမှ ကျပ်သိန်း ၅၀၀ အထက် အပ်နိုင်သူမှာ တစ်ရာခိုင်နှုန်းပင် မရှိသော်လည်း အပ်ငွေစုစုပေါင်း၏ ၅၆ ရာခိုင်နှုန်းနီး ပါးဖြစ်သော ကျပ်ဘီလျံ ၄၆၂၀ ကျော်မှာ အဆိုပါ လူနည်းစုမှသာ အပ် ထားနိုင်ခြင်းဖြစ်
Thursday, July 25, 2013

မြန်မာနိုင်ငံတွင် ဘဏ်ငွေအပ်နှံသူများထဲတွင် ကျပ်သိန်း ၅၀၀ အထက် အပ်နိုင်သူများမှာ ငွေအပ်နှံသူ စုစုပေါင်းဦးရေ၏ တစ်ရာခိုင်နှုန်းပင် မရှိကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ပြောကြားသည်။

ဇူလိုင် ၂၄ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သူရဦးအောင်ကိုက ဘဏ်အပ်ငွေအပေါ် ဘဏ်တိုးနှုန်းများအား ပြင်ဆင်ရန် ရှိ၊ မရှိ၊ နိုင်ငံတော် ချေးငွေရယူ၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီကြီးများအတွက် ရှစ်ရာခိုင်နှုန်း ပြင်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့သည့်အပေါ် ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် မတ် ၃၁ ရက်အထိ စာရင်းများအရ ဘဏ်များတွင် ငွေအပ်ထားသည့် ပမာဏအလိုက် အချိုးအစား တွက်ကြည့်ပါက ကျပ်သိန်း ၅၀၀ မှ ၁၀၀၀ ကြား ငွေအပ်နိုင်သူမှာ စုစုပေါင်း ငွေအပ်သူပမာဏ၏ ၀ ဒသမ ၆၁ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ကျပ်သိန်း ၁၀၀၀ အထက် ငွေအပ်နိုင်သူမှာ စုစုပေါင်း ငွေအပ်သူ ပမာဏ၏ ၀ ဒသမ ၃၆ ရာခိုင်နှုန်းသာရှိကြောင်း၊ ထို့အတွက် ပြည်သူများထဲ၌ ကျပ်သိန်း ၅၀၀ အထက် အပ်နှံနိုင်သူမှာ စုစုပေါင်း ငွေအပ်သူပမာဏ၏ ၀ ဒသမ ၉၇ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

ကျပ်သိန်း ၅၀၀ နှင့်အထက် အပ်နှံနိုင်သူမှာ လူနည်းစုသာ ရှိနေသော်လည်း အပ်နှံထားသည့် ငွေပမာဏမှာမူ ကျပ်ဘီလျံပေါင်း ၄၆၂၀ ကျော်အထိ ရှိကြောင်း၊ တစ်ရာခိုင်နှုန်းပင် မပြည့်သည့် လူနည်းစု အပ်နှံနိုင်သည့် ငွေပမာဏမှာမူ စုစုပေါင်း အပ်နှံထားသည့် ပမာဏ၏ ၅၆ ရာခိုင်နှုန်း နီးပါးအထိပင် ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် သုညကျပ်မှ ကျပ်တစ်သိန်းကြား အပ်နှံနိုင်သည့် ပမာဏမှာ စုစုပေါင်း အပ်နှံသူ ပမာဏ၏ ၆၅ ဒသမ ၄၆ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ ကျပ်တစ်သိန်းမှာ ငါးသိန်းကြား အပ်နှံနိုင်သူမှာ စုစုပေါင်း အပ်နှံသူ၏ ၁၂ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်း၊ ကျပ်ငါးသိန်းမှ ၁၀ သိန်းကြား အပ်နှံနိုင်သူမှာ စုစုပေါင်း၏ ၅ ဒသမ ၃၂ ရာခိုင်နှုန်း ရှိကြောင်း၊ ကျပ် ၁၀ သိန်းမှ သိန်း ၅၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်း၏ ၈ ဒသမ ၆၁ ရာခိုင်နှုန်းရှိကြောင်း၊ ကျပ် ၅၀ သိန်းမှ သိန်း ၁၀၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်း၏ သုံးရာခိုင်နှုန်းရှိကြောင်း၊ ကျပ်သိန်း ၁၀၀ မှ သိန်း ၅၀၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်း ၏ ၃ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း၊ ထို့အတွက် သုညကျပ်မှ ကျပ်သိန်း ၅၀၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်းပမာဏ၏ ၉၉ ဒ သမ ၀၃ ရာခိုင်နှုန်း အထိပင် ရှိနေကြောင်း သိရသည်။

Eleven Media Group

ပုဂ္ဂလိကဘဏ် တစ်ခုတွင် ဘဏ်စာရင်း ဖွင့်လှစ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မြတ်ကို)
ပုဂ္ဂလိကဘဏ် တစ်ခုတွင် ဘဏ်စာရင်း ဖွင့်လှစ်နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မြတ်ကို)
Thursday, July 25, 2013

မြန်မာနိုင်ငံတွင် ဘဏ်ငွေအပ်နှံသူများထဲတွင် ကျပ်သိန်း ၅၀၀ အထက် အပ်နိုင်သူများမှာ ငွေအပ်နှံသူ စု
စုပေါင်းဦးရေ၏တစ်ရာခိုင်နှုန်းပင်မရှိကြောင်းဘဏ္ဍာရေးဝန်ကြီးဌာနဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်
က ပြောကြားသည်။ ဇူလိုင် ၂၄ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သူရဦးအောင်ကိုက ဘဏ်အပ်ငွေ
အပေါ် ဘဏ်တိုးနှုန်းများအား ပြင်ဆင်ရန် ရှိ၊ မရှိ၊ နိုင်ငံတော် ချေးငွေရယူ၍ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံ လုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီကြီးများအတွက် ရှစ်ရာခိုင်နှုန်း ပြင်ဆင်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့
သည့်အပေါ် ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်ကထည့်သွင်းပြောကြားခဲ့ခြင်း
 ဖြစ်သည်။

၂၀၁၃ ခုနှစ် မတ် ၃၁ ရက်အထိ စာရင်းများအရ ဘဏ်များတွင် ငွေအပ်ထားသည့် ပမာဏအလိုက် အချိုးအ
စား တွက်ကြည့်ပါက ကျပ်သိန်း ၅၀၀ မှ ၁၀၀၀ ကြား ငွေအပ်နိုင်သူမှာ စုစုပေါင်း ငွေအပ်သူပမာဏ၏ ၀ ဒသ
မ ၆၁ ရာခိုင်နှုန်းသာ ရှိကြောင်း၊ ကျပ်သိန်း ၁၀၀၀ အထက် ငွေအပ်နိုင်သူမှာ စုစုပေါင်း ငွေအပ်သူ ပမာဏ၏ ၀ ဒသမ ၃၆ ရာခိုင်နှုန်းသာရှိကြောင်း၊ ထို့အတွက် ပြည်သူများထဲ၌ ကျပ်သိန်း ၅၀၀ အထက် အပ်နှံနိုင်သူမှာ စုစုပေါင်း ငွေအပ်သူပမာဏ၏ ၀ ဒသမ ၉၇ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။

ကျပ်သိန်း ၅၀၀ နှင့်အထက် အပ်နှံနိုင်သူမှာ လူနည်းစုသာ ရှိနေသော်လည်း အပ်နှံထားသည့် ငွေပမာဏမှာ
မူ ကျပ်ဘီလျံပေါင်း ၄၆၂၀ ကျော်အထိ ရှိကြောင်း၊ တစ်ရာခိုင်နှုန်းပင် မပြည့်သည့် လူနည်းစု အပ်နှံနိုင်သည့်
 ငွေပမာဏမှာမူ စုစုပေါင်း အပ်နှံထားသည့် ပမာဏ၏ ၅၆ ရာခိုင်နှုန်း နီးပါးအထိပင် ရှိနေကြောင်း သိရ
သည်။

မြန်မာနိုင်ငံတွင် သုညကျပ်မှ ကျပ်တစ်သိန်းကြား အပ်နှံနိုင်သည့် ပမာဏမှာ စုစုပေါင်း အပ်နှံသူ ပမာဏ၏ ၆၅ ဒသမ ၄၆ ရာခိုင်နှုန်းအထိ ရှိကြောင်း၊ ကျပ်တစ်သိန်းမှာ ငါးသိန်းကြား အပ်နှံနိုင်သူမှာ စုစုပေါင်း အပ်နှံ
သူ၏ ၁၂ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်း၊ ကျပ်ငါးသိန်းမှ ၁၀ သိန်းကြား အပ်နှံနိုင်သူမှာ စုစုပေါင်း၏ ၅ ဒသမ ၃၂ ရာခိုင်နှုန်း ရှိကြောင်း၊ 
 
ကျပ် ၁၀ သိန်းမှ သိန်း ၅၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်း၏ ၈ ဒသမ ၆၁ ရာခိုင်နှုန်းရှိကြောင်း၊ ကျပ် ၅၀ သိန်းမှ သိန်း ၁၀၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်း၏ သုံးရာခိုင်နှုန်းရှိကြောင်း၊ ကျပ်သိန်း ၁၀၀ မှ သိန်း ၅၀၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်း ၏ ၃ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း၊ ထို့အတွက် သုညကျပ်မှ ကျပ်သိန်း ၅၀၀ ကြား အပ်နှံနိုင်သူမှာ စုစုပေါင်းပမာဏ၏ ၉၉ ဒ သမ ၀၃ ရာခိုင်နှုန်း အထိပင် ရှိနေကြောင်း သိရသည်။

Eleven Media  ,  RangonNewsDaily
kolatt (Pabedan): 25.7.2013

0 comments:

Post a Comment