သမ္မတ ဦးသိန်းစိန်နဲ့ ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. NGUYEN SINH HUNG၊ ဓာတ်ပုံ- သမ္မတရုံးဝက်ဆိုက် |
Thursday, July 25, 2013
သမ္မတ ဦးသိန်းစိန်ဟာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံရဲ့ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ H.E. Mr. NGUYEN SINH HUNG နဲ့ အဖွဲ့ကို မနေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှာ လက်ခံတွေ့ခဲ့ ပါတယ်။ မြန်မာ- ဗီယက်နမ် ၂ နိုင်ငံ ပူးပေါင်းပြီး စီးပွားရေးရင်းနှီးမြှုပ်နှံမှု ကိစ္စတွေ၊ ဗီယက်နမ်နိုင်ငံရဲ့ နှစ် ၃၀ ပြုပြင်

ပြောင်းလဲရေးအတွေ့အကြုံတွေကနေ
မြန်မာပြုပြင်ပြောင်းလဲရေးတွေ အတွက် သမ္မတ ဦးသိန်းစိန်နဲ့
ဗီယက်
နမ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့ ဆွေးနွေးကြပါတယ်လို့ သမ္မတရုံးဝက်ဆိုက်
မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ ဗီယက်နမ် ကုမ္ပဏီတချို့နဲ့ ပူးပေါင်းလုပ်နေတာတွေရှိနေတာလည်းဖြစ်ပါတယ်။
အခု သမ္မတနဲ့ ဗီယက်နမ်အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့ဟာ အထူးသဖြင့်တော့ ၂ နိုင်ငံ ကုန်သွယ်မှု ပမာဏ တိုးမြှင့်ဖို့၊ စိုက်ပျိုးရေး၊ သတ္တု၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးကဏ္ဍတွေ အပြင် ကမ္ဘာလှည့်

ခရီးသွား လုပ်ငန်း
ကဏ္ဍတွေမှာ ပိုမိုပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေး ခဲ့ကြတယ်လို့
သိရပါတယ်။
ဗီယက်နမ်နိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အရှိန်နဲ့ အ

ကောင်အထည်ဖော် ရင်း
ဒေသတွင်းနိုင်ငံများထဲမှာပါ စီးပွားရေး အခြေအနေ မြင့်မားလာနေတာပါ။
အတိတ်ကို သင်ခန်းစာအဖြစ်ထားပြီး အနာဂတ်ကို ရှေ့ရှုလုပ်ဆောင်မှုနဲ့ တချိန်က ရန်သူတော်ကြီးအဖြစ် သတ်မှတ်ထားခဲ့တဲ့ အမေရိကန်နဲ့ စီးပွားရေး ပူးပေါင်းလုပ်ဆောင်မှုတွေက ဗီယက်နမ်ရဲ့ စီးပွားရေးကို ဦး

မော့
သွားစေခဲ့တာလည်းဖြစ်ပါတယ်။
အိမ့်သံစဉ် ~
ဧရာဝတီ , RangonNewsDaily
kolatt (Pabedan): 25.7.2013
အိမ့်သံစဉ် ~
ဧရာဝတီ , RangonNewsDaily
kolatt (Pabedan): 25.7.2013
0 comments:
Post a Comment