Pages

Saturday, July 27, 2013

သီလဝါပထမအဆင့် စီမံကိန်းတွင် အလုပ်အကိုင် ခြောက်သောင်းခန့် ရရှိမည်

July 27, 2013

မြန်မာ-ဂျပန် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်တွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ အခြားလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက် အလုပ်အကိုင်ပေါင်း ခြောက်သောင်းခန့် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ ကုန်သွယ်စီးပွားနှင့် စက်မှုဝန်ကြီးဌာန (Ministry of Economy, Trade and Industry-METI) ၏ထုတ်ပြန် ကြေညာချက်အရ သိရသည်။

ယင်းစီမံကိန်း ပထမအဆင့်ကို စက်တင်ဘာလတွင် စတင်မည်ဖြစ်ကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်နိုင်မည့် အလုပ်သမား လေးသောင်းနှစ်ထောင် ရှိမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန် စီမံကိန်းတစ်ခုလုံးအတွက် အလုပ်သမား နှစ်သိန်းနှစ်သောင်းခန့် အလုပ်အကိုင် ရရှိမည် ဖြစ်ကြောင်း METI ၏ သီလဝါ အထူးစီးပွားရေးဇုန် Master Plan တွင် ဖော်ပြထားသည်။

စီမံကိန်းကြောင့် ပြောင်းရွှေ့ဖယ်ရှား ပေးရမည့် သီလဝါ ဒေသခံများကို နစ်နာမှု လျော်ကြေးနှင့် ထောက်ပံ့မှုများအပြင် အလုပ်အကိုင်များ ရရှိရန်လည်း ဆောင်ရွက်မည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ကတိပြုထားသည်။

လယ်ယာမြေလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ကျပန်းလုပ်ငန်းများကိုသာ လုပ်ကိုင်နေသည့် သီလဝါဒေသခံများ သီလဝါအထူး စီးပွားရေးဇုန်အတွင်းတွင် အလုပ်အကိုင်များ ရရှိရန်အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း၍ လုပ်ငန်းခွင်ဝင် သင်တန်းနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ရန် ရှိကြောင်း ဦးဆက်အောင်က ဆိုသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်ကို မြေနေရာ ၄၂၀ ဟက်တာတွင် အကောင်အထည် ဖော်မည်ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများ စတင်နိုင်ရန်နှင့် ယင်းပထမအဆင့် စီမံကိန်းတွင် မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်မှု၊ အိမ်သုံးနှင့် စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်မည့် စက်ရုံများကို ဦးစားပေး ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း JETRO ရန်ကုန်ရုံးမှ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ Mr. Masaki Takahara က ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်နိုင်ရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ် မေလတွင် ယင်းစီမံကိန်းကို အကောင်အထည်ဖော်မည့် နှစ်နိုင်ငံပုဂ္ဂလိက ကုမ္ပဏီချင်း သဘောတူလက် မှတ် ရေးထိုးထားသည်။

ယင်းစီမံကိန်းအတွက် လိုအပ်သော လမ်းကွန်ရက်၊ ဆိပ်ကမ်း၊ ရေသွင်း၊ ရေထုတ်နှင့် ရေဆိုးစွန့်ပစ်စနစ်၊ လျှပ်စစ်မီးစသော အခြေခံ အဆောက်အဦးများ တည်ဆောက်နိုင်ရေးအတွက် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် အမေရိကန် ဒေါ်လာသန်း ၅၀၀ နှစ်ရှည်ချေးငွေကို ဂျပန် အစိုးရက မြန်မာအစိုးရကို ထုတ်ချေးထားသည်။

REF:The Voice Weekly

July 27, 2013

မြန်မာ-ဂျပန် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်တွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ အခြားလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက် အလုပ်အကိုင်ပေါင်း ခြောက်သောင်းခန့် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ ကုန်သွယ်စီးပွားနှင့် စက်မှုဝန်ကြီးဌာန (Ministry of Economy, Trade and Industry-METI) ၏ထုတ်ပြန် ကြေညာချက်အရ သိရသည်။ ယင်းစီမံကိန်း ပထမအဆင့်ကို စက်တင်ဘာလတွင် စတင်မည်ဖြစ်ကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်နိုင်မည့် အလုပ်သမား လေးသောင်းနှစ်ထောင် ရှိမည်ဖြစ်ပြီး အထူးစီးပွားရေးဇုန် စီမံကိန်းတစ်ခုလုံးအတွက် အလုပ်သမား နှစ်သိန်းနှစ်သောင်းခန့် အလုပ်အကိုင် ရရှိမည် ဖြစ်ကြောင်း METI ၏ သီလဝါ အထူးစီးပွားရေးဇုန် Master Plan တွင် ဖော်ပြထားသည်။

စီမံကိန်းကြောင့် ပြောင်းရွှေ့ဖယ်ရှား ပေးရမည့် သီလဝါ ဒေသခံများကို နစ်နာမှု လျော်ကြေးနှင့် ထောက်ပံ့မှုများအပြင် အလုပ်အကိုင်များ ရရှိရန်လည်း ဆောင်ရွက်မည် ဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ကတိပြုထားသည်။

လယ်ယာမြေလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ကျပန်းလုပ်ငန်းများကိုသာ လုပ်ကိုင်နေသည့် သီလဝါဒေသခံများ သီလဝါအထူး စီးပွားရေးဇုန်အတွင်းတွင် အလုပ်အကိုင်များ ရရှိရန်အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ပူးပေါင်း၍ လုပ်ငန်းခွင်ဝင် သင်တန်းနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ရန် ရှိကြောင်း ဦးဆက်အောင်က ဆိုသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်ကို မြေနေရာ ၄၂၀ ဟက်တာတွင် အကောင်အထည် ဖော်မည်ဖြစ်ကာ ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းများ စတင်နိုင်ရန်နှင့် ယင်းပထမအဆင့် စီမံကိန်းတွင် မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်မှု၊ အိမ်သုံးနှင့် စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်မည့် စက်ရုံများကို ဦးစားပေး ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း JETRO ရန်ကုန်ရုံးမှ အကြီးတန်း အုပ်ချုပ်မှုဒါရိုက်တာ Mr. Masaki Takahara က ပြောကြားသည်။

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်နိုင်ရန် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၃ ခုနှစ် မေလတွင် ယင်းစီမံကိန်းကို အကောင်အထည်ဖော်မည့် နှစ်နိုင်ငံပုဂ္ဂလိက ကုမ္ပဏီချင်း သဘောတူလက် မှတ် ရေးထိုးထားသည်။

ယင်းစီမံကိန်းအတွက် လိုအပ်သော လမ်းကွန်ရက်၊ ဆိပ်ကမ်း၊ ရေသွင်း၊ ရေထုတ်နှင့် ရေဆိုးစွန့်ပစ်စနစ်၊ လျှပ်စစ်မီးစသော အခြေခံ အဆောက်အဦးများ တည်ဆောက်နိုင်ရေးအတွက် အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် အမေရိကန် ဒေါ်လာသန်း ၅၀၀ နှစ်ရှည်ချေးငွေကို ဂျပန် အစိုးရက မြန်မာအစိုးရကို ထုတ်ချေးထားသည်။

REF:The Voice Weekly , RangonNewsDaily
kolatt (Pabedan): 27.7.2013

0 comments:

Post a Comment