Pages

Saturday, July 27, 2013

ငြိမ်းချမ်းရေးအိပ်မက် ဆက်လက် ဆုပ်ကိုင်သွားမည်ဟု တရုတ်ထိပ်တန်း ဗိုလ်ချုပ် ပြောကြား

RangonNewsDaily:: July 27, 2013

ငြိမ်းချမ်းရေး အိပ်မက်နှင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံက ခိုင်ခိုင်မာမာ ဆက်လက် ဆုပ်ကိုင်သွားမည် ဟု တရုတ် ထိပ်တန်း ဗိုလ်ချုပ် ကျန်ဂျန်ဂိုက ပြောကြားသွားကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

တရုတ် ပြည်သူ့တပ်မတော် တည်ထောင်ခြင်း (၈၆) ကြိမ်မြောက် နှစ် ပတ်လည် အခမ်းအနားတွင် ကုလသမဂ္ဂ စစ်အရာရှိ ကော်မတီဆိုင်ရာ တရုတ် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ကျန်ဂျန်ဂိုက မှတ်ချက်ပြုသွားခြင်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ တာဝန်များကို တရုတ်နိုင်ငံက တက်တက်ကြွကြွ ဆောင်ရွက်နေပြီး ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကိုလည်း မြှင့်တင်ပေးနေကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ကျော်နှင့် တရုတ်နိုင်ငံကြား စစ်ဘက် အဆက်အသွယ်ရှိပြီး နိုင်ငံခြား စစ်ဘက် ခရီးစဉ်ပေါင်း ၄၀၀ ခန့်ကို နှစ်စဉ် စေလွှတ်လျက် ရှိသည်ဟု ၎င်းက ဆိုသည်။

ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ဆင်ရေးများအတွက် တရုတ် တပ်ဖွဲ့ဝင်ပေါင်း ၂၂,၀၀၀ ကို စေလွှတ်ပေးခဲ့ပြီး လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် ငါးနိုင်ငံအနက် တပ်ဖွဲ့ဝင် အများဆုံး စေလွှတ်သောနိုင်ငံ ဖြစ်သည်။

ဖွံ့ဖြိုးဆဲ နိုင်ငံများအနက် တရုတ်နိုင်ငံက ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကုန်ကျစရိတ်များကို အများဆုံး ပံ့ပိုးပေးသည့် နိုင်ငံ ဖြစ်သည်။

မာလီနိုင်ငံတွင်းရှိ ကုလသမဂ္ဂ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး စစ်ဆင်ရေးများ အတွက် တရုတ် အင်ဂျင်နီယာများ၊ ဆေးဘက်ဆိုင်ရာ အရာရှိများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ စုစုပေါင်း ၄၀၀ ထိ စေလွှတ်ပေးမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အကြီးမားဆုံး ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့အဖြစ် မှတ်တမ်းဝင်မည် ဖြစ် သည်။

“ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ဒေသတွင်း တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံက အသင့်ရှိနေပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်စစ်ဘက် ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ကျန်ဂျန်ဂိုက ပြောကြားသွားသည်။

ထို့ပြင် တရုတ်နှင့် နိုင်ငံခြား သင်္ဘောပေါင်း ၅၂၂၇ စီးအတွက် တရုတ် စစ်သင်္ဘောများက ပင်လယ်ပြင် လုံခြုံရေး အစောင့်အရှောက် များ ပြုလုပ်ပေးခဲ့ကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 27.7.2013

0 comments:

Post a Comment