Pages

Saturday, July 27, 2013

ကိုးရီးယားစစ်ပွဲနှစ်ခြောက်ဆယ်ပြည့်အထိမ်းအမှတ်ချီတက်ပွဲ မြောက်ကိုးရီးယား ပြုလုပ်

RND:: July 27, 2013

မြောက်ကိုးရီးယားသည် ကိုးရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲခြင်း နှစ်ခြောက် ဆယ်ပြည့် အထိမ်းအမှတ် အကြီးစား စစ်ရေးချီတက်ပွဲတစ်ခု ယနေ့ပြုလုပ် ပုံကို မြောက်ကိုးရီးယားပြည်တွင်း တီဗီလိုင်းတွင် ထုတ်လွှင့်သည်။

ထောင်ချီသောသော တပ်ဖွဲ့ဝင်များနှင့် ပရိသတ်များသည် ပြုံးယမ်းရှိ ကင်အီဆွန်းရင်ပြင်တွင် ထိပ်ပိုင်းခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင်များ ခြံရံလျက် ခေါင်းဆောင်ကင်ဂျုံအန် စင်မြင့်ပေါ် တက်လာချိန်တွင် “ကင်ဂျုံ
အန်ကို ကျွန်တော်တို့ အသက်များဖြင့် ကာကွယ်ပါ” ဟစ်အော်ခဲ့ကြသည်။

စစ်သားများထောင်နှင့်ချီပြီး စစ်ချီခြေလှမ်းများဖြင့် စစ်တီးဝိုင်းလည်း တီးခတ်ကာ ရင်ပြင်သို့ ချီတက်ကြသည်။ ကင်ဂျုံအန်သည် မော်စီတုန်း ဝတ်စုံပုံစံ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး စင်မြင့်သို့ ကော်ဇောနီပေါ်မှ လျှောက် လှမ်းလာစဉ် အစောင့်ရဲများက အလေးပြုကြပြီး စစ်တီးဝိုင်းသည် လည်း နောက် ဘက်တွင် တီးမှုတ်နေသည်။

၁၉၅၀-၅၃ကိုးရီးယားစစ်ပွဲသည် အပစ်အခတ် ရပ်စဲရေးစာချုပ်ဖြင့် အဆုံးသတ်ခဲ့သော်လည်း တောင်မြောက် ကိုးရီးယားနှစ်နိုင်ငံသည် သဘောတရားအားဖြင့် စစ်ပွဲဖြစ်နေဆဲဖြစ်သည်။
လက်နက်များ ပြသခြင်းနှင့် စစ်ချီတက်ပုံစံဖြင့် ချီတက်လာကြသော စစ်သားများသည် စစ်အေးကာလ အားကောင်းချိန် ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်တို့ပြုလုပ်ခဲ့သည့် ချီတက်ပွဲများကို သတိရစေသည်။

စာတမ်းရှည်ကြီးများကို မိုးပျံပူးဖောင်းနှင့် ချိတ်ထားပြီး မြောက်ကိုးရီးယား အလံသည်လည်း ရင်ပြင်တွင် ပြည့်နေသည်။လွန်ခဲ့သည့်ရက်သတ္တပတ် များ အတွင်း မြောက်ကိုးရီးယားသည် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲ ကို လေး စားသောအားဖြင့် လူထုလှုပ်ရှားခြင်းနှင့် မီးပန်းများ ဖောက်ခြင်း များ ပြုလုပ်ခဲ့သည်။

၎င်းကဲ့သို့ပြုလုပ်ခြင်းသည် ကာလရှည်ကြာတင်းမာခဲ့ပြီးနောက် ဆက်ဆံကောင်းမွန် လာရေး တောင်-မြောက်ကိုးရီးယားတို့ ကြိုးပမ်းနေချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယခုလအတွင်းတွင် ပူးတွဲစက်မှုဇုန် ပြန်လည်ဖွင့်လှစ်ရေး အကြိမ်ကြိမ် ဆွေးနွေးပြီးဖြစ်သော်လည်း သဘောတူညီမှု မရသေးပေ။
တောင်ကိုးရီးယားတွင် စစ်ပွဲနှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် သမ္မတ ပတ်ဂျင်ဟီးက မိန့်ခွန်း ပြောကြားပြီး မြောက်ကိုးရီးယားဘက်မှ ရန်စလာမှုကို သည်းမခံတော့ကြောင်း ပြောကြားပြီး ဆိုးလ်ဘက်မှ မြောက်ကိုးရီးယားနှင့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ဆောင်မည်ဟု ပြောကြားသည်။

“အကယ်၍ စစ်မှန်တဲ့ ပြောင်းလဲမှု၊ တိုးတက်မှု လမ်းကြောင်းကို စမယ်ဆိုရင် နျူကလီး ယား လက်နက်ထုတ်လုပ်မှုကို စွန့်လွှတ်ပါလို့ မြောက်ကိုးရီးယားကို တိုက်တွန်းပါတယ်” ဟု သမ္မတပြောကြားသည်။

The Myanma Age

RND:: July 27, 2013
မြောက်ကိုးရီးယားသည် ကိုးရီးယားစစ်ပွဲ အပစ်အခတ်ရပ်စဲခြင်း နှစ်ခြောက် ဆယ်ပြည့် အထိမ်းအမှတ် အကြီးစား စစ်ရေးချီတက်ပွဲတစ်ခု ယနေ့ပြုလုပ် ပုံကို မြောက်ကိုးရီးယားပြည်တွင်း တီဗီလိုင်းတွင် ထုတ်လွှင့်သည်။ ထောင်ချီသောသော တပ်ဖွဲ့ဝင်များနှင့် ပရိသတ်များသည် ပြုံးယမ်းရှိ ကင်အီဆွန်းရင်ပြင်တွင် ထိပ်ပိုင်းခေါင်းဆောင်များနှင့် စစ်ခေါင်းဆောင်များ ခြံရံလျက် ခေါင်းဆောင်ကင်ဂျုံအန် စင်မြင့်ပေါ် တက်လာချိန်တွင် “ကင်ဂျုံ
အန်ကို ကျွန်တော်တို့ အသက်များဖြင့် ကာကွယ်ပါ” ဟစ်အော်ခဲ့ကြသည်။

စစ်သားများထောင်နှင့်ချီပြီး စစ်ချီခြေလှမ်းများဖြင့် စစ်တီးဝိုင်းလည်း တီးခတ်ကာ ရင်ပြင်သို့ ချီတက်ကြသည်။ ကင်ဂျုံအန်သည် မော်စီတုန်း ဝတ်စုံပုံစံ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး စင်မြင့်သို့ ကော်ဇောနီပေါ်မှ လျှောက် လှမ်းလာစဉ် အစောင့်ရဲများက အလေးပြုကြပြီး စစ်တီးဝိုင်းသည် လည်း နောက် ဘက်တွင် တီးမှုတ်နေသည်။

၁၉၅၀-၅၃ကိုးရီးယားစစ်ပွဲသည် အပစ်အခတ် ရပ်စဲရေးစာချုပ်ဖြင့် အဆုံးသတ်ခဲ့သော်လည်း တောင်မြောက် ကိုးရီးယားနှစ်နိုင်ငံသည် သဘောတရားအားဖြင့် စစ်ပွဲဖြစ်နေဆဲဖြစ်သည်။
လက်နက်များ ပြသခြင်းနှင့် စစ်ချီတက်ပုံစံဖြင့် ချီတက်လာကြသော စစ်သားများသည် စစ်အေးကာလ အားကောင်းချိန် ဆိုဗီယက်ပြည်ထောင်စုနှင့် တရုတ်တို့ပြုလုပ်ခဲ့သည့် ချီတက်ပွဲများကို သတိရစေသည်။

စာတမ်းရှည်ကြီးများကို မိုးပျံပူးဖောင်းနှင့် ချိတ်ထားပြီး မြောက်ကိုးရီးယား အလံသည်လည်း ရင်ပြင်တွင် ပြည့်နေသည်။လွန်ခဲ့သည့်ရက်သတ္တပတ် များ အတွင်း မြောက်ကိုးရီးယားသည် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲ ကို လေး စားသောအားဖြင့် လူထုလှုပ်ရှားခြင်းနှင့် မီးပန်းများ ဖောက်ခြင်း များ ပြုလုပ်ခဲ့သည်။

၎င်းကဲ့သို့ပြုလုပ်ခြင်းသည် ကာလရှည်ကြာတင်းမာခဲ့ပြီးနောက် ဆက်ဆံကောင်းမွန် လာရေး တောင်-မြောက်ကိုးရီးယားတို့ ကြိုးပမ်းနေချိန်တွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယခုလအတွင်းတွင် ပူးတွဲစက်မှုဇုန် ပြန်လည်ဖွင့်လှစ်ရေး အကြိမ်ကြိမ် ဆွေးနွေးပြီးဖြစ်သော်လည်း သဘောတူညီမှု မရသေးပေ။
တောင်ကိုးရီးယားတွင် စစ်ပွဲနှစ်ခြောက်ဆယ်ပြည့် အထိမ်းအမှတ်အဖြစ် သမ္မတ ပတ်ဂျင်ဟီးက မိန့်ခွန်း ပြောကြားပြီး မြောက်ကိုးရီးယားဘက်မှ ရန်စလာမှုကို သည်းမခံတော့ကြောင်း ပြောကြားပြီး ဆိုးလ်ဘက်မှ မြောက်ကိုးရီးယားနှင့် ယုံကြည်မှု တည်ဆောက်ရေး လုပ်ဆောင်မည်ဟု ပြောကြားသည်။

“အကယ်၍ စစ်မှန်တဲ့ ပြောင်းလဲမှု၊ တိုးတက်မှု လမ်းကြောင်းကို စမယ်ဆိုရင် နျူကလီး ယား လက်နက်ထုတ်လုပ်မှုကို စွန့်လွှတ်ပါလို့ မြောက်ကိုးရီးယားကို တိုက်တွန်းပါတယ်” ဟု သမ္မတပြောကြားသည်။

The Myanma Age , RangonNewsDaily
kolatt (Pabedan): 27.7.2013

0 comments:

Post a Comment