Pages

Saturday, July 27, 2013

တောင်တရုတ် ပင်လယ်တွင်း တရုတ်တို့ တောင်းဆိုသော ဧရိယာကို လက်မခံဟု ဗီယက်နမ်သမ္မတ ပြောကြား

RangonNewsDaily :: July 27, 2013

ပိုင်နက် အငြင်းပွားမှု ဖြစ်ပွားနေသော တောင်တရုတ်ပင်လယ်တွင်းရှိ တရုတ်တို့ တောင်းဆိုထားသော နယ်မြေ ဧရိယာကို လက်မခံနိုင်ကြောင်း ဗီယက်နမ် သမ္မတက ပြောကြားလိုက်သည်ဟု CNA သတင်းတွင် ဖော်ပြ ထားသည်။

အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ် ရောက်ရှိနေသော ဗီယက်နမ် သမ္မတ Truong Tan Sang သည် တောင်တရုတ် ပင်လယ်တွင်းရှိ တရုတ်တို့ ပိုင်ဆိုင်သည်ဟု ပြောဆိုထားသော Nine Dash Line ဧရိယာကို လက်မခံနိုင်ကြောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“တရုတ်ရဲ့ အဲဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီးတော့ ဥပဒေ အခြေခံအရရော သိပ္ပံနည်းကျ အခြေခံ အရပါ လက်ခံနိုင်စရာ မရှိကြောင်း၊ ထို့ကြောင့် ဗီယက်နမ် အနေနှင့် တရုတ်တို့ ပြောကြားနေသည့် Nine Dash Line အမှတ် ၉ ခုပါသော ဧရိယာကို အမြဲ ဆန့်ကျင်တဲ့ မူဝါဒပဲ ချမှတ်ထားပါ တယ်” ဟု ဗီယက်နမ် သမ္မတက မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာတွင် ပြောကြားသည်။

တရုတ်တို့ ပိုင်သည်ဟု ဆိုထားသော အမှတ် ၉ ခု ပါသော ဧရိယာသည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း နိုင်ငံများ၏ ကမ်းခြေနှင့် အနီးထိပင် ရောက်ရှိနေပြီး၊ တောင်တရုတ်ပင်လယ် ဒေသ တစ်ခုလုံး ပါဝင်လျက် ရှိသည်။

သို့သော် ဗီယက်နမ်သည် တရုတ်နှင့် တောင်တရုတ် ပင်လယ်တွင်း ပိုင်နက် အငြင်းပွားနေသော ဖိလစ်ပိုင်ကဲ့သို့ ကုလသမဂ္ဂသို့ တင်ပြ၍ အဆုံးအဖြတ် ခံယူမည် မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ် ပင်လယ်တွင်း ပိုင်နက်နှင့် ပတ်သက်၍ တရုတ်တို့၏ တင်းတင်းမာမာ တောင်းဆိုမှုများ ကို ဝေဖန်နေသော နိုင်ငံများ ဖြစ်သည်။

ဖိလစ်ပိုင်က ၎င်းတို့ ပိုင်ဆိုင်သည်ဟု ဆိုထားသော Scarborough သောင်ကျွန်းကို သိမ်းယူထားသော တရုတ်နှင့် ဖိလစ်ပိုင်တို့ သည် ယမန်နှစ်က နှစ်လခန့် ရေတပ်ချင်း ထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပွား ခဲ့ပြီး လက်ရှိ ဆက်ဆံရေးမှာ တင်းမာလျက် ရှိသည်။

သို့သော် ဗီယက်နမ်-တရုတ် ဆက်ဆံရေးမှာမူ တင်းမာမှု လျော့ပါးလျက် ရှိသည်ဟု ဆိုနိုင်ပြီး ပြီးခဲ့သည့်လက ဗီယက်နမ် သမ္မတ Truong Tan Sang တရုတ်သို့ သွားရောက် လည်ပတ်ခဲ့ပြီး၊ နှစ်နိုင်ငံကြား နားလည်မှု လွဲမှားခြင်း ကို ရှောင်ကြဉ်နိုင်ရန် အရေးပေါ် ဆက်သွယ်ရေး လမ်းကြောင်း ထားရှိရန် သဘောတူညီခဲ့ကြသည်။

ဗီယက်နမ်သမ္မတ Truong Tan Sang သည် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ရောက်ရှိ နေပြီး အမေရိကန် သမ္မတနှင့် ကြာသပတေးနေ့ က တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံစဉ် တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှု ပြဿနာ ကို စိတ်အေးအေးထားရန် အမေရိကန်သမ္မတ အိုဘားမားက တိုက်တွန်းခဲ့ သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

တောင်တရုတ် ပင်လယ်သည် ကမ္ဘာ့ပင်လယ် ရေကြောင်း ကုန်သွယ်ရေးတွင် အချက်အချာကျခြင်းနှင့် အဆိုပါဧရိယာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ များ ပေါကြွယ်ဝစွာ ရှိနိုင်သည်ဟု ခန့်မှန်းထားခြင်းကြောင့် တရုတ်နှင့် အာဆီယံနိုင်ငံ အချို့ ကြား ပိုင်ဆိုင်မှု အငြင်းအခုံမှာ ပြင်းထန်လျက် ရှိသည်။

The Voice Weekly

RangonNewsDaily :: July 27, 2013
ပိုင်နက် အငြင်းပွားမှု ဖြစ်ပွားနေသော တောင်တရုတ်ပင်လယ်တွင်းရှိ တရုတ်တို့ တောင်းဆိုထားသော နယ်မြေ ဧရိယာကို လက်မခံနိုင်ကြောင်း ဗီယက်နမ် သမ္မတက ပြောကြားလိုက်သည်ဟု CNA သတင်းတွင် ဖော်ပြ ထားသည်။ အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ် ရောက်ရှိနေသော ဗီယက်နမ် သမ္မတ Truong Tan Sang သည် တောင်တရုတ် ပင်လယ်တွင်းရှိ တရုတ်တို့ ပိုင်ဆိုင်သည်ဟု ပြောဆိုထားသော Nine Dash Line ဧရိယာကို လက်မခံနိုင်ကြောင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“တရုတ်ရဲ့ အဲဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီးတော့ ဥပဒေ အခြေခံအရရော သိပ္ပံနည်းကျ အခြေခံ အရပါ လက်ခံနိုင်စရာ မရှိကြောင်း၊ ထို့ကြောင့် ဗီယက်နမ် အနေနှင့် တရုတ်တို့ ပြောကြားနေသည့် Nine Dash Line အမှတ် ၉ ခုပါသော ဧရိယာကို အမြဲ ဆန့်ကျင်တဲ့ မူဝါဒပဲ ချမှတ်ထားပါ တယ်” ဟု ဗီယက်နမ် သမ္မတက မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာတွင် ပြောကြားသည်။

တရုတ်တို့ ပိုင်သည်ဟု ဆိုထားသော အမှတ် ၉ ခု ပါသော ဧရိယာသည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း နိုင်ငံများ၏ ကမ်းခြေနှင့် အနီးထိပင် ရောက်ရှိနေပြီး၊ တောင်တရုတ်ပင်လယ် ဒေသ တစ်ခုလုံး ပါဝင်လျက် ရှိသည်။

သို့သော် ဗီယက်နမ်သည် တရုတ်နှင့် တောင်တရုတ် ပင်လယ်တွင်း ပိုင်နက် အငြင်းပွားနေသော ဖိလစ်ပိုင်ကဲ့သို့ ကုလသမဂ္ဂသို့ တင်ပြ၍ အဆုံးအဖြတ် ခံယူမည် မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် တောင်တရုတ် ပင်လယ်တွင်း ပိုင်နက်နှင့် ပတ်သက်၍ တရုတ်တို့၏ တင်းတင်းမာမာ တောင်းဆိုမှုများ ကို ဝေဖန်နေသော နိုင်ငံများ ဖြစ်သည်။

ဖိလစ်ပိုင်က ၎င်းတို့ ပိုင်ဆိုင်သည်ဟု ဆိုထားသော Scarborough သောင်ကျွန်းကို သိမ်းယူထားသော တရုတ်နှင့် ဖိလစ်ပိုင်တို့ သည် ယမန်နှစ်က နှစ်လခန့် ရေတပ်ချင်း ထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပွား ခဲ့ပြီး လက်ရှိ ဆက်ဆံရေးမှာ တင်းမာလျက် ရှိသည်။

သို့သော် ဗီယက်နမ်-တရုတ် ဆက်ဆံရေးမှာမူ တင်းမာမှု လျော့ပါးလျက် ရှိသည်ဟု ဆိုနိုင်ပြီး ပြီးခဲ့သည့်လက ဗီယက်နမ် သမ္မတ Truong Tan Sang တရုတ်သို့ သွားရောက် လည်ပတ်ခဲ့ပြီး၊ နှစ်နိုင်ငံကြား နားလည်မှု လွဲမှားခြင်း ကို ရှောင်ကြဉ်နိုင်ရန် အရေးပေါ် ဆက်သွယ်ရေး လမ်းကြောင်း ထားရှိရန် သဘောတူညီခဲ့ကြသည်။

ဗီယက်နမ်သမ္မတ Truong Tan Sang သည် အမေရိကန်ပြည်ထောင်စုသို့ အလည်အပတ်ရောက်ရှိ နေပြီး အမေရိကန် သမ္မတနှင့် ကြာသပတေးနေ့ က တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံစဉ် တောင်တရုတ်ပင်လယ် ပိုင်နက် အငြင်းပွားမှု ပြဿနာ ကို စိတ်အေးအေးထားရန် အမေရိကန်သမ္မတ အိုဘားမားက တိုက်တွန်းခဲ့ သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

တောင်တရုတ် ပင်လယ်သည် ကမ္ဘာ့ပင်လယ် ရေကြောင်း ကုန်သွယ်ရေးတွင် အချက်အချာကျခြင်းနှင့် အဆိုပါဧရိယာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ များ ပေါကြွယ်ဝစွာ ရှိနိုင်သည်ဟု ခန့်မှန်းထားခြင်းကြောင့် တရုတ်နှင့် အာဆီယံနိုင်ငံ အချို့ ကြား ပိုင်ဆိုင်မှု အငြင်းအခုံမှာ ပြင်းထန်လျက် ရှိသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 27.7.2013

0 comments:

Post a Comment