Pages

Saturday, July 27, 2013

(၁၀၅)လိုင်းမှဒိုင်နာယာဉ် လမ်းပြောင်ပြန်မောင်းနှင်ရာမှ ယာဉ်တိုက် တိမ်းမှောက်မှုဖြစ်

RangonNewsDaily:: July 27, 2013

၂၆.၇.၂၀၁၃ ရက်နေ့ ၁၀၁၀ အချိန် တာမွေမြို့နယ်၊ တာမွေကြီး(ခ)
ရပ်ကွက်၊ ဦးချစ်မောင်လမ်းတွင် ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင
လာသည့် (၁၀၅)ယာဉ်လိုင်း၊ ၁က/------၊ ဒိုင်နာ ယာဉ်သည် တစ်ဖက်ယာဉ်ကြောအတွင်းသို့ လမ်းပြောင်းပြန်ဝင်ရောက်၍မောင်းနှင့်စဉ် တောင်မြင်းပြိုင်ကွင်း လမ်းထိပ်သို့အရောက်တွင် သတ်မှတ်ယာဉ်ကြောအတိုင်း ကိုသော်ဇင်မြင့် မောင်းနှင်လာသည့် ၃စ/---ဆူဇူကီးဆွစ်ယာဉ်နှင့် ကိုကျော်ကျော်မောင်းနှင့်လာသည့်
၎င/---- ကင်တာဘောက်ယာဉ် တို့အား တိုက်မိကာ
အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ပါသည်။

ယာဉ်တိုက်တိမ်းမှောက်မှုကြောင့်ယာဉ်(၃)စီးပျက်စီးပြီး (၁၀၅)လိုင်း
ယာဉ်ပေါ်ပါခရီးသည် (၅)ဦးတွင် ဖူးယောင်ပေါက်ပြဲနာကျင်ဒဏ်ရာ
များရရှိကြသဖြင့် ရန်ကုန်ဆေးရုံကြီးတွင်ပြင်ပ လူနာများအဖြစ် လည်းကောင်း၊ ယာဉ်နောက်လိုက်ဖြစ်သူ ကိုမျိုးအောင်မှာ နဖူးစုတ်ပြဲ၊ ၀ဲပါးဖူးယောင်၊ ၀ဲဂျိုစောင်းကွဲ ဒဏ်ရာများဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ) အဖြစ်လည်းကောင်းကုသလျက်ရှိပါသည်

(၁၀၅)လိုင်း၊၁က/-----ဒိုင်နာယာဉ်မောင်း(စုံစမ်းဆဲ)မှာ အခင်းဖြစ်
နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် တာမွေမြို့မရဲစခန်းယာဉ်(ပ) ၂၃/၂၀၁၃၊ ပုဒ်မ ၃၃၈/၂၇၉/၂၀၂ ဖြင့်အရေးယူထားရှိကာ ဖမ်းဆီးရမိရေး
ဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။

Myawady News , RangonNewsDaily
kolatt (Pabedan): 27.7.2013

0 comments:

Post a Comment