Pages

Saturday, July 27, 2013

မိုးသည်းထန်စွာရွာသွန်းမှုကြောင့်ပဒါန်း-အမ်းကားလမ်းပေါ်တွင် အ ရှည်ပေ (၃၀)ခန့်ရှိမြေသားများ ဖုံးလွှမ်းသွား

RND: July 27, 2013

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနှင့် တုံးကြီးကျေးရွာကြား၊ ပဒါန်း-အမ်းကားလမ်းမိုင်တိုင်အမှတ်(၁၄/၂)အနီး၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ကားလမ်း ဖြတ်သန်းသည့်နေရာတွင်ဇူလိုင်၂၆ရက်နေ့လည်၁နာရီက မိုးရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းပြီး မြေသားများပြိုကျခဲ့သဖြင့် ပဒါန်း-အမ်းကားလမ်းပေါ်တွင် အရှည်ပေ(၃၀)ခန့်ရှိမြေသားများ ဖုံးလွှမ်းသွားခဲ့သည်။ အဆိုပါ မြေသားများပြိုကျရာသို့ ဂုတ်ကြီးရဲကင်းရဲစခန်းမှတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးလျက်ရှိပြီး မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် လုပ်ငန်းဆောင်ရွက်နေသည့် PTTE ကုမ္ပဏီနှင့် မင်းဘူးခရိုင်ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းတို့ပူးပေါင်း၍ မြေသားများရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း ရဲဇာနည်မှသိရသည်။

အလားတူပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့် ကျေးရွာ တွင်ဇူလိုင်၂၆ ရက်နေ့ ၁၀၀၀ အချိန်က လေပြင်း တိုက်ခတ်မှုကြောင့် ၃ ပင်ပတ်လည် ထရံကာ/သက္ကယ်မိုး မြေစိုက်တဲ(၁)လုံးပြိုကျပျက်စီးခဲ့သဖြင့် တန်ဘိုးငွေကျပ်(၂၀၀၀၀ိ/-)ပျက်စီးဆုံးရှုံးခဲ့ပြီး လူ/တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မင်းလှမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မင်းလှမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက လိုအပ်သည်များကူညီဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

Popular Myanmar , RangonNewsDaily
kolatt (Pabedan): 27.7.2013

0 comments:

Post a Comment