RngonNewsDaily :: July 27, 2013
မိုဘိုင်းဖုန်းကြော်ငြာများမှ ရသည့်ဝင်ငွေမှာ မျှော်မှန်းထားသည်ထက်
မြင့်မား လာသည့်အတွက် ဖေ့စ်ဘွတ်၏ ရှယ်ယာများ ၁၈ ရာခိုင်နှုန်းမြင့်တက်လာသည်
ဟု BBC ၏ သတင်းတစ်ရပ်အရ သိရသည်။ယခုနှစ် ဒုတိယသုံးလတာကာလအတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၃၃ မီလီယံ ရရှိခဲ့သည်ဟု ကုမ္ပဏီက ၎င်း၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဖေ့စ်ဘွတ်တည်ထောင်သူ Mark Zuckerberg က “မိုဘိုင်းလုပ်ငန်းကြော်ငြာ က
ဖေ့စ်ဘွတ်ရဲ့အကောင်း ဆုံးသော အတွေ့အကြုံ တစ်ခုဆိုတာကို ယခုလိုရလဒ်ကောင်းနဲ့
ဖော်ပြလိုက်တာဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ရဲ့အနာဂတ်အတွက်
ခိုင်မာတဲ့အခြေခံတစ်ရပ်ကို ဖော်ထုတ်ပေးလိုက်နိုင် ပါတယ်”ဟု ထုတ်
ပြန်ကြေညာချက်တွင် ထည့်သွင်းပြောဆိုသည်။
ဖေ့စ်ဘွတ်သည် ကမ္ဘာ့အကြီးဆုံး လူမှုရေးကွန်ရက်ကုမ္ပဏီတစ်ခုဖြစ်ပြီး
ဖေ့စ် ဘွတ် ၏ ဘဏ္ဍာရေးမှူး David Ebersman ၏ ပြောကြားချက်အရ ပြီးခဲ့သည့်
ဇွန်လအတွင်းတွင် စုစုပေါင်းဖေ့စ်ဘွတ်သုံးစွဲ သည့်အချိန်မှာ တစ်နေ့လျှင်
မိနစ်ပေါင်း ၂၀ ဘီလီယံခန့်ရှိခဲ့သည်ဟု သိရသည်။
၎င်းက “ကုမ္ပဏီကို
အများပိုင်အဖြစ် ပြောင်းလိုက်တဲ့ ပထမဆုံးနှစ်ရဲ့ ဒုတိယနှစ်ဝက်တာကာလပါ။
ဒီကာလအတွင်းမှာ ကျွန်တော်တို့အနာဂတ် အတွက် အခြေခံကောင်းကို
ဖန်တီးနိုင်ခဲ့ပြီလို့ ကျွန်တော် ထင်ပါတယ်” ဟုလည်း ပြောသည်။
သို့သော် ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများမှာ ၁၆ ဒသမ ၇ ရာခိုင်နှုန်းအထိ
ကျဆင်းနေသေးသည်ဟု လည်း သိရသည်။ ဖေ့စ်ဘွတ်သည် လွန်ခဲ့သောသုံးလတာကာလအတွင်း
မိုဘိုင်းကြော်ငြာများမှာ အမေရိကန်ဒေါ်လာ ၆၅၅ ဒသမ ၆ သန်းခန့်ရရှိခဲ့ပြီး
ကြော်ငြာလုပ်ငန်းအစုစု ၀င်ငွေ၏ ၄၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။
ယမန်နှစ် ဒုတိယနှစ် ၀က်တာကာလတွင် အဆိုပါပမာဏ၏ ၃၀ ရာခိုင်နှုန်းသာ
ရရှိခဲ့သည်ဟုလည်း သိရသည်။ မိုဘိုင်းဖုန်းမှတစ်ဆင့်
ဖေ့စ်ဘွတ်သုံးစွဲသူဦးရေမှာလည်း ၅၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်ဟု ၎င်းတို့၏ ပြောကြားချက်အရသိရသည်။
သုတေသနပြုလုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော eMarketer မှ Clark Fredricksen က
“ရလဒ်တွေ ကတော့ မျှော်လင့်ထားတာထက် ကျော် လွန်နေတဲ့အတွက် အရမ်းကို
လေးစားမိပါတယ်”ဟု ပြောကြား လိုက်သည်။
eMarketer ၏ ခန့်မှန်းချက်အရ
ဖေ့စ်ဘွတ်၏ မိုဘိုင်းကြော်ငြာခများမှ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ
နှစ်ဘီလီယံခန့် ရရှိလိမ့်မည်ဖြစ်ပြီး ဒစ်ဂျစ်တယ်ကြော်ငြာဈေးကွက်မှ ၅ ဒသမ
၀၄ ရာခိုင်နှုန်းအထိ တိုး မြင့်လာလိမ့်မည်ဖြစ်သည်။ ယင်းပမာဏမှာ
ယမန်နှစ်တွင်ရရှိခဲ့သည့် ရာခိုင်နှုန်းထက် မြင့်တက်လာ ခြင်းဖြစ်သည်။
Mr Fredricksen က “ဖေ့စ်ဘွတ်က မိုဘိုင်းကြော်ငြာလုပ်ငန်းမှာ အခြားကြော်ငြာ
လုပ်ငန်းတွေထက် ရှေ့ကနေပြေးနေတာဖြစ်တဲ့အ တွက် ကြော်ငြာဈေးကွက်မှ
တစ်မူထူးခြားတဲ့နေရာတစ်ခုကို ပိုင်ဆိုင် နေတာလို့ ကျွန်တော်တို့
ပြောနိုင်ပါတယ်”ဟုလည်း ပြောသည်။
ကုမ္ပဏီအနေဖြင့် ၎င်း၏ ကြော်ငြာဝန်ဆောင်မှုနှင့်ပတ်သက်သည့် အစီအစဉ်များအား အကောင်းဆုံးဖြစ် နိုင်ရန် ကြိုးပမ်းအားထုတ်နေသည်။
လွန်ခဲ့သောလအတွင်းက ကုမ္ပဏီအနေဖြင့် ကြော်ငြာလုပ်ငန်းများ ကို ပိုမိုကောင်းမွန်သောအချက်အလက်များ ထုတ်ပေး လိမ့်မည်ဟုလည်း ကြော်ငြာမန်နေဂျာက ဆိုသည်။
ယခုကဲ့သို့ ကြော်ငြာလုပ်ငန်းများနှင့် သုံးစွဲသူများကို ဖေ့စ်ဘွတ်မှ
အခြားလူမှုရေးဝက်ဘ်ဆိုဒ်များထက် ဆွဲဆောင်နိုင်ခြင်း၏ အဓိကအကြောင်းအရင်းမှာ
၎င်း၏ပရိုဂရမ်များအား တီထွင်ဆန်းသစ်မှုရှိခြင်း ကြောင့်ဖြစ်သည်ဟုလည်း Mr
Fredricksen က သုံးသပ်ပြော ကြားခဲ့သည်။
အောင်မင်း ဘာသာပြန်သည်
မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan): 27.7.2013
၎င်းက “ကုမ္ပဏီကို အများပိုင်အဖြစ် ပြောင်းလိုက်တဲ့ ပထမဆုံးနှစ်ရဲ့ ဒုတိယနှစ်ဝက်တာကာလပါ။ ဒီကာလအတွင်းမှာ ကျွန်တော်တို့အနာဂတ် အတွက် အခြေခံကောင်းကို ဖန်တီးနိုင်ခဲ့ပြီလို့ ကျွန်တော် ထင်ပါတယ်” ဟုလည်း ပြောသည်။
သို့သော် ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းများမှာ ၁၆ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းနေသေးသည်ဟု လည်း သိရသည်။ ဖေ့စ်ဘွတ်သည် လွန်ခဲ့သောသုံးလတာကာလအတွင်း မိုဘိုင်းကြော်ငြာများမှာ အမေရိကန်ဒေါ်လာ ၆၅၅ ဒသမ ၆ သန်းခန့်ရရှိခဲ့ပြီး ကြော်ငြာလုပ်ငန်းအစုစု ၀င်ငွေ၏ ၄၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု သိရသည်။ ယမန်နှစ် ဒုတိယနှစ် ၀က်တာကာလတွင် အဆိုပါပမာဏ၏ ၃၀ ရာခိုင်နှုန်းသာ ရရှိခဲ့သည်ဟုလည်း သိရသည်။ မိုဘိုင်းဖုန်းမှတစ်ဆင့် ဖေ့စ်ဘွတ်သုံးစွဲသူဦးရေမှာလည်း
သုတေသနပြုလုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော eMarketer မှ Clark Fredricksen က “ရလဒ်တွေ ကတော့ မျှော်လင့်ထားတာထက် ကျော် လွန်နေတဲ့အတွက် အရမ်းကို လေးစားမိပါတယ်”ဟု ပြောကြား လိုက်သည်။
eMarketer ၏ ခန့်မှန်းချက်အရ ဖေ့စ်ဘွတ်၏ မိုဘိုင်းကြော်ငြာခများမှ ယခုနှစ်တွင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့် ရရှိလိမ့်မည်ဖြစ်ပြီး ဒစ်ဂျစ်တယ်ကြော်ငြာဈေးကွက်မှ ၅ ဒသမ ၀၄ ရာခိုင်နှုန်းအထိ တိုး မြင့်လာလိမ့်မည်ဖြစ်သည်။ ယင်းပမာဏမှာ ယမန်နှစ်တွင်ရရှိခဲ့သည့် ရာခိုင်နှုန်းထက် မြင့်တက်လာ ခြင်းဖြစ်သည်။
Mr Fredricksen က “ဖေ့စ်ဘွတ်က မိုဘိုင်းကြော်ငြာလုပ်ငန်းမှာ အခြားကြော်ငြာ လုပ်ငန်းတွေထက် ရှေ့ကနေပြေးနေတာဖြစ်တဲ့အ တွက် ကြော်ငြာဈေးကွက်မှ တစ်မူထူးခြားတဲ့နေရာတစ်ခုကို ပိုင်ဆိုင် နေတာလို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်”ဟုလည်း ပြောသည်။
ကုမ္ပဏီအနေဖြင့် ၎င်း၏ ကြော်ငြာဝန်ဆောင်မှုနှင့်ပတ်သက်သ
လွန်ခဲ့သောလအတွင်းက ကုမ္ပဏီအနေဖြင့် ကြော်ငြာလုပ်ငန်းများ ကို ပိုမိုကောင်းမွန်သောအချက်အလက်မျ
ယခုကဲ့သို့ ကြော်ငြာလုပ်ငန်းများနှင့် သုံးစွဲသူများကို ဖေ့စ်ဘွတ်မှ အခြားလူမှုရေးဝက်ဘ်ဆိုဒ်များထက် ဆွဲဆောင်နိုင်ခြင်း၏ အဓိကအကြောင်းအရင်းမှာ ၎င်း၏ပရိုဂရမ်များအား တီထွင်ဆန်းသစ်မှုရှိခြင်း ကြောင့်ဖြစ်သည်ဟုလည်း Mr Fredricksen က သုံးသပ်ပြော ကြားခဲ့သည်။
အောင်မင်း ဘာသာပြန်သည်
မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan): 27.7.2013
0 comments:
Post a Comment