Pages

Saturday, July 27, 2013

ဘတ်စ်ကားသီးသန့် တစ်လမ်းမောင်းစနစ် ရန်ကုန်မြို့တွင် စမ်းသပ်မည်

Friday, July 26, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ လူဦးရေ (၈၀) ရာခိုင်နှုန်းမှာ ယခု လက်ရှိအချိန်တွင် ဘတ်စ်ကားသယ် ယူပို့ဆောင်ရေးကဏ္ဍပေါ်တွင် မူတည်နေရခြင်းကြောင့် ရန်ကုန်နေလူထု၏ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဘတ်စ်ကားများမှာ အဓိကကျနေကြောင်း သိရှိရသည်။ ထို့ပြင် မကြာသေးမီအချိန်ကာလ၌ ရန်ကုန်မြို့၌ပြေးဆွဲနေသော ဘတ်စ်ကားအစီးရေမှာ တိုးပွားလာခြင်းကြောင့် ယာဉ်ကြောကျပ်တည်းမှု များမကြာခဏ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။ ထို့အတွက် ယာဉ်ကြော ကျပ်တည်းမှု အနည်းငယ်လျှော့ချနိုင် ရန် နေပြည်တော်တွင် အသုံးပြုလျက် ရှိသော ဘတ်စ်ကားသီးသန့်တစ် လမ်းမောင်းစနစ်အား ရန်ကုန်တိုင်း ဒေသကြီးတွင် အသုံးပြုနိုင်ရန် စမ်း သပ်မောင်းနှင်မှုပြုပေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။

အဆိုပါစနစ်သည် ဘတ်စ်ကား များကို တစ်လမ်းမောင်းစနစ်ဖြင့်သီး သန့်ယာဉ်ကြောတစ်လမ်းသတ်မှတ် ပေးထားကာ ဘတ်စ်ကားများအတွက် မှတ်တိုင်ကို စနစ်တကျထားရှိပေးသွား မှာဖြစ်ကြောင်းသိရှိရသည်။ ထို့အပြင် ဘတ်စ်ကားများသည်လည်း မှတ်တိုင် ၌သာ စနစ်တကျရပ်နားပြေးဆွဲရ သည့် စနစ်တစ်ခုဖြစ်ကြောင်းသိရှိရ သည်။ ယင်းစနစ်ကို ဆောင်ရွက်နိုင် ရန် ရန်ကုန်တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ သဘောတူညီမှု ပြု ထားပြီး အဆိုပါစနစ်နှင့် ပတ်သက်၍ လက်ရှိတွင် လမ်းပိုင်းအခြေအနေ များအား လေ့လာနေဆဲဖြစ်ကြောင်း သိရှိရသည်။

အဆိုပါစနစ်သည် ယခင်ကဖွဲ့ စည်းထားသော အများပြည်သူသယ် ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့၏ ဆောင်ရွက်ရန်စီစဉ်ထားသည့် စနစ် တစ်ခုဖြစ်သော Bus Rapaid Transit ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါအဖွဲ့၏စီမံကိန်းအရ BRT စနစ်အား ပြည်လမ်းနှင့် ကမ္ဘာ အေးဘုရားလမ်း၌ လုပ်ကိုင်သွားရန် စီစဉ်ထားသော်လည်း အဖွဲ့သည် သမ္မတ၏ အမိန့်စာဖြင့်ဖျက်သိမ်းခဲ့ ကြောင်းသိရှိရသည်။

Auto World , RangonNewsDaily
kolatt (Pabedan): 26.7.2013

0 comments:

Post a Comment