Pages

Monday, June 10, 2013

ကမ္ဘာ့ဈေးအကြီးဆုံး Laptop ကွန်ပျူတာ Luvaglio

Photo: ကမ္ဘာ့ဈေးအကြီးဆုံး Laptop ကွန်ပျူတာ Luvaglio
Monday, June 10, 2013

ကမ္ဘာ့ဈေးအကြီးဆုံး Laptop ကို ထုတ်လုပ်သူကလည်း အင်္ဂလန်ကပဲ ဖြစ်ပါတယ်။ Luvaglio အမည်ရ ဇိမ်ခံပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီမှ ၂၀၁၂ နှစ်ဆန်းက ဖန်တီးလိုက်တဲ့ Laptop ဖြစ်ပါတယ်။

တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁ သန်းရှိပါတယ်။ အဓိက ဈေးကြီးသွား တဲ့အပိုင်းကတော့ စိန်ပဲ ဖြစ်ပါတယ်။ Start up Buttom ကို စိန်နဲ့ဖွင့်
ရမှာ ဖြစ်ပါတယ်။ ယင်းစိန်ကို Laptop ပိုင်ဆိုင်သူ အား ပေးထားမှာ ဖြစ်
ပါတယ်။ ဒါကြောင့် လုံခြုံရေး အဆင့်မြင့်ပြီး စိန်တုံး ရှိသူမှသာ ဖွင့်လို့ရမယ့် Laptop ဖြစ်ပါတယ်။ စိန်ကို ကြိုက်နှစ်သက်ရာ အမျိုးအစား ရွေးချယ်ခွင့်ပေး
ထားပါတယ်။ သို့ပေမယ့် Luvaglio မှာရောင်းချတဲ့ စိန်အားလုံးဟာ ကမ္ဘာ့
ရှားပါးဈေးကြီး စိန်များသာ ဖြစ်ပါတယ်။

Latop ကို Case ထဲမှာ ထည့်သွင်းပြီး အသုံးပြုလိုတဲ့ Case သတ္တုအမျိုး
အစားနဲ့ သားရေ အရောင်ကိုလည်း စိတ်ကြိုက် ရွေးချယ် ရမှာ ဖြစ်ပါ
တယ်။ သေချာချုပ်လုပ်ပေးထားတဲ့ Hand made –Case ဖြစ်ပါတယ်။ အတွင်းက Hardware များကတော့ ပုံသေမရှိပါ ဘူး။ ပြောင်းလဲသွားတဲ့
နည်းပညာအလိုက် Up grade လုပ်ပေးမှာ ဖြစ်တဲ့အတွက် အသုံးပြုမယ့် Hard disk က အစ နောက်ဆုံပေါ် ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။

ကြိမ်းသေပါမှာကတော့ 128 solid State drive, USB stick, MP3 Player တို့ဖြစ်ပြီး အခြား Graphic Card တို့ကတော့ ခေတ်အလိုက် တပ်ဆင်ပေး
မှာ ဖြစ်ပါတယ်။ ၁၄ လက်မ အလင်းမပြန် Anti-reflective glare coating သုပ် LED ဖန်သား မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။

ယင်း Laptop ကို စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးများသာ ဇိမ်ခံပစ္စည်း
အဖြစ် ဝယ်ယူပါတယ်။ ကြိုတင်ပြုလုပ်ထားခြင်း မရှိပဲမှာယူသူ ရှိမှသာ Luvaglio ကဖန်တီးပေးခြင်း ဖြစ်ပါတယ်။ Sample အနေနဲ့ ဖန်တီးပေး
ထားတဲ့ Luvaglio ရဲ့Laptop တစ်လုံးရဲ့ ပေါက်ဈေးဟာ အမေရိကန် ဒေါ်လာ ၁ သန်းရှိတဲ့အတွက် ကမ္ဘာ့ဈေးကြီးဆုံး Laptop အဖြစ် သတ်မှတ်ထားကြ
ပါတယ်။

Ref:www.Luvaglio.com
YoYarLay

Monday, June 10, 2013

ကမ္ဘာ့ဈေးအကြီးဆုံးLaptopကိုထုတ်လုပ်သူကလည်းအင်္ဂလန်ကပဲ ဖြစ်ပါတယ်။Luvaglioအမည်ရ ဇိမ်ခံပစ္စည်း
ထုတ်လုပ်ရေး ကုမ္မဏီမှ ၂၀၁၂ နှစ်ဆန်းက ဖန်တီးလိုက်တဲ့ Laptop ဖြစ်ပါတယ်။ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၁ သန်းရှိပါတယ်။ အဓိက ဈေးကြီးသွား တဲ့အပိုင်းကတော့ စိန်ပဲ ဖြစ်ပါ
တယ်။ Start up Buttom ကို စိန်နဲ့ဖွင့်ရမှာ ဖြစ်ပါတယ်။ ယင်းစိန်ကို Laptop ပိုင်ဆိုင်သူ အား ပေးထားမှာ ဖြစ်ပါ
တယ်။ ဒါကြောင့် လုံခြုံရေး အဆင့်မြင့်ပြီး စိန်တုံး ရှိသူမှသာ ဖွင့်လို့ရမယ့်Laptop ဖြစ်ပါတယ်။စိန်ကိုကြိုက်နှစ်
သက်ရာအမျိုးအစား ရွေးချယ်ခွင့်ပေးထားပါတယ်။သို့ပေမယ့် Luvaglio မှာရောင်းချတဲ့ စိန်အားလုံးဟာကမ္ဘာ့
ရှားပါးဈေးကြီး စိန်များသာ ဖြစ်ပါတယ်။

Latop ကို Case ထဲမှာ ထည့်သွင်းပြီး အသုံးပြုလိုတဲ့ Caseသတ္တုအမျိုးအစားနဲ့ သားရေ အရောင်ကိုလည်းစိတ်
ကြိုက် ရွေးချယ် ရမှာ ဖြစ်ပါတယ်။ သေချာချုပ်လုပ်ပေးထားတဲ့ Hand made –Case ဖြစ်ပါတယ်။ အတွင်းက Hardware များကတော့ ပုံသေမရှိပါ ဘူး။ ပြောင်းလဲသွားတဲ့နည်းပညာအလိုက် Up grade လုပ်ပေးမှာ ဖြစ်တဲ့
အတွက် အသုံးပြုမယ့် Hard disk က အစ နောက်ဆုံပေါ် ကိုသာ အသုံးပြုမှာ ဖြစ်ပါတယ်။

ကြိမ်းသေပါမှာကတော့ 128 solid State drive, USB stick, MP3 Player တို့ဖြစ်ပြီး အခြား Graphic Card တို့က
တော့ ခေတ်အလိုက်တပ်ဆင်ပေးမှာ ဖြစ်ပါတယ်။၁၄ လက်မ အလင်းမပြန် Anti-reflective glare coating သုပ်
LED ဖန်သား မျက်နှာပြင်နဲ့ ဖြစ်ပါတယ်။

ယင်း Laptop ကို စီးပွားရေးလုပ်ငန်းရှင် သူဌေးကြီးများသာဇိမ်ခံပစ္စည်းအဖြစ်ဝယ်ယူပါတယ်။ ကြိုတင်ပြုလုပ်
ထားခြင်း မရှိပဲမှာယူသူ ရှိမှသာ Luvaglio ကဖန်တီးပေးခြင်း ဖြစ်ပါတယ်။ Sample အနေနဲ့ ဖန်တီးပေးထားတဲ့
Luvaglio ရဲ့Laptop တစ်လုံးရဲ့ ပေါက်ဈေးဟာ အမေရိကန် ဒေါ်လာ ၁ သန်းရှိတဲ့အတွက် ကမ္ဘာ့ဈေးကြီးဆုံး Laptop အဖြစ် သတ်မှတ်ထားကြပါတယ်။

Ref:www.Luvaglio.com
YoYarLay , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၁၀.၆.၂၀၁၃

0 comments:

Post a Comment