Pages

Monday, June 10, 2013

ပထမဆုံး ဆင်ဆေးရုံ တည်ဆောက်မည်

Monday, June 10, 2013

တောင်ငူမြို့နယ်အတွင်း အုတ်တွင်း-ပေါက်ခေါင်း ကားလမ်းအနီး မြေနေရာ တွင် ဆင်ကောင်ရေ ၃၀ ကျော်ခန့် ထားရှိပြီး ဆေးကုသပေးနိုင် မည့် မြန်မာနိုင်ငံ၏ ပထမဆုံး ဆေးရုံတစ်ရုံကို ယခုနှစ်ကုန်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာ့သစ်လုပ်ငန်းမှ ဆင်ကုသရေး ဆရာဝန်တစ်ဦးက The Voice သို့ ပြောကြားသည်။ အဆိုပါဆေးရုံ တည်ဆောက်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနထံမှ ခွင့်ပြုချက်ရရှိပြီးဖြစ်သော်လည်း လက်ရှိရွေးချယ်ထားသော မြေဧရိယာသည် သစ်တောဦးစီးဌာနက ကျွန်း စိုက်ခင်းများ စိုက်ပျိုးထားသောကြောင့် ဆေးရုံထူထောင်ရန် ခွင့်ပြု မိန့် တောင်းထားကြောင်း၊ ဆင်များထိန်းသိမ်းထားရှိရန် အဆိုပါ နေရာသည် စားကျက်မြေကောင်းကောင်းရှိသော မြေနေရာဖြစ်သည့်အတွက် ရွေးချယ် ထားခြင်းဖြစ်သော်လည်း သစ်တောဦးစီးဌာန၏ ခွင့်ပြုမိန့် မရရှိပါက ထပ်မံ၍ အခြားနေရာများကို ရွေးချယ်ရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"မြေအကျယ်အဝန်းပေါ် မူတည်ပြီး ကောင်ရေများများထား ကုသပေးမယ်" ဟု ၎င်းက ဆိုသည်။

ဆေးရုံတည်ဆောက်ပြီး ဆင်များ ကုသနိုင်ရန်အတွက် နိုင်ငံတကာ အဖွဲ့ အစည်းများ၏ ပူးပေါင်းပါဝင်မှုနှင့် ငွေကြေးထောက်ပံ့မှုလည်း လို အပ်နေကြောင်း၊ လက်ရှိတွင် စမ်းသပ် လုပ်ကိုင်ဆဲဖြစ်သည့် အတွက် ငွေကြေးအင်အား အထောက်အပံ့ကောင်း ရရှိပါက ထပ်မံ တိုး ချဲ့၍ မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးများတွင် ဆင်ဆေးရုံများ တည်ဆောက် သွားမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံတွင် ဆင်ဘေးမဲ့တောအဖြစ် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်ရှိ ရွှေဥဒေါင်း ဆင်ေ
ဘးမဲ့တောနှင့် ရခိုင်ရိုးမ ဆင်ဘေး မဲ့တော နှစ်ခုသာရှိပြီး ထပ်မံ၍ ပဲခူးတိုင်းဒေသကြီးရှိ မြောက်ဇာမရီ သစ်တော ကြိုးဝိုင်းကို ဆင်ဘေးမဲ့တောအဖြစ် သတ်မှတ်ရန် စီစဉ်နေကြောင်း သစ်တောဦးစီးဌာနထံမှ သိရှိရသည်။

The Voice Weekly ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၁၀.၆.၂၀၁၃

0 comments:

Post a Comment