Pages

Monday, June 10, 2013

အများပြည်သူဝန်ဆောင်မှု မီဒီယာအသွင်ပြောင်းမည့် မြန်မာ့မီဒီယာလောက

Photo: အများပြည်သူဝန်ဆောင်မှု မီဒီယာအသွင်ပြောင်းမည့် မြန်မာ့မီဒီယာလောက
Monday, June 10, 2013

ပြီးခဲ့တဲ့ မေလ၊ ဟောင်ကောင်တက္ကသိုလ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Media Forum တက်ရောက်ဖို့ ခရီးသွားတုန်းက မေလ ၂၅ ရက်နေ့ညမှာ ဟောင်ကောင် FCC မှာ AAJA (ASIAN AMERICAN JOURNALISTS ASSOCIATION) က သတင်းစာဆရာအချို့နဲ့ ညစာ စားရင်း စကားလက်ဆုံကြ ဖြစ်ခဲ့ပါတယ်။ 

အဲဒီမှာမြန်မာပြည်ရဲ့ အပြောင်းအလဲတွေနဲ့ အစိုးရပိုင်းရဲ့ လုပ်ဆောင်ချက်တွေကိုလည်း မေးမြန်းကြတယ်။ 

ကျွန်မအနေနဲ့ တွေ့ကြုံနေရတဲ့ ပြောင်းလဲမှုတွေအကြောင်း၊ ရှေ့ဆက်ဖြစ်နိုင်တာတွေနဲ့ မြန်မာပြည်မီဒီယာ လောက အခြေအနေတွေကို ပြောပြဖြစ်ပါတယ်။ 

အဲဒီမှာ မေလ ၂၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်းကို   ဖော်ပြထားတာတွေ့ရတော့ မြန်မာနိုင်ငံမှာ နိုင်ငံပိုင်အစိုးရပိုင် မီဒီယာကနေ ပြည်သူ့ဝန်ဆောင်မှု မီဒီယာအဖြစ် ပြောင်းတော့မယ်ဆိုတာ ၀မ်းသာအားရ   ပြောဖြစ်လိုက်ပါသေးတယ်။ 

အားလုံးကလည်း သတင်းကောင်းတစ်ခုလို တကယ့်ကို အံ့သြတဲ့အကြောင်း ပြောကြတယ်။ ဘာဖြစ်လို့လဲလို့   မေးကြည့်တော့ အစိုးရပိုင် မီဒီယာကနေ PSM( Public Services Media) လို့ ခေါ်တဲ့ပြည်သူ့ဝန်ဆောင်မှု မီဒီယာကို မြန်မာပြည်က တကယ်ပဲ ပြောင်းလဲမယ်ဆိုတာ အံ့သြလိုက်တာလို့ ထိုင်းအခြေစိုက် AP သတင်း ထောက်တစ်ဦးက ပြောပါတယ်။ 

သူတို့ကျင်လည်နေတဲ့ အာရှ-ပစိဖိတ်ဒေသတွင်းက နိုင်ငံတော်တော်များများမှာတောင် မဆောင်ရွက် နိုင်သေးတာ၊ ဒီမိုကရေစီ ၂ နှစ်သား ပဲ ရှိသေးတဲ့ မြန်မာပြည်အနေနဲ့ ဖြစ်ပါ့မလားလို့ ပြောပြီး သူက ရယ် ပါတယ် ။ သူပြောတဲ့ လေသံနဲ့ရယ်သံက မြန်မာပြည်ကို အထင်သေးတာလည်းပါတယ်၊ ပြီးတော့ မဖြစ် နိုင်ဘူးလို့ ယုံကြည်နေပုံလည်း ရပါတယ်။ 

ပြီးတော့ သူက စစ်အစိုးရလက်ထပ်တုန်းက သတင်းစာတွေကို ၀ါဒဖြန့်ချိရေးအတွက် အသုံးချခဲ့တာဖြစ်တဲ့ အတွက် အစိုးရအနေနဲ့ ဖြစ်နိုင်ပါ့မလား၊ သူက မြန်မာပြည် သတင်းတွေကို တစိုက်မတ်မတ်ရေးသားလာခဲ့တဲ့ သူလို့ ပြောပါတယ်။ 

ကျွန်မအနေနဲ့ ဥပဒေကြမ်းတောင် ထွက်ပါပြီလို့ အစိုးရပိုင် မီဒီယာတွေဖြစ်တဲ့ သတင်းစာပုံနှိပ်လုပ်ငန်းတွေနဲ့ အသံလွှင့်၊ ရုပ်သံလုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ မြန်မာ့ရုပ်မြင်သံကြား စတာတွေကို အများပြည်သူ ၀န်ဆောင်မှုမီဒီယာအနေနဲ့ ပြောင်းလဲတော့မယ့် အကြောင်း၊ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြီးတာနဲ့ တစ်နှစ်အတွင်း ဖြစ်ပေါ်လာနိုင်ကြောင်းပြောတော့ သတင်းစာဆရာအများစုက အံ့သြနေကြပါတယ်။ 

သူတို့နဲ့ အဲဒီလို ပြောနေတုန်း VOA အင်္ဂလိပ်ပိုင်းက၊ ဟောင်ကောင်မှာ နေထိုင်တဲ့ သတင်းစာ ဆရာ တစ်ယောက် ၀င်ပြောပါတယ်။ မြန်မာပြည်ရဲ့ အပြောင်းအလဲက နှစ်နှစ်အတွင်းမှာ သွေးမြေမကျဘဲ   ပြောင်းလဲခဲ့တာကို   တွေ့ရတဲ့အတွက် အံ့သြ၀မ်းသာရကြောင်းနဲ့ ၊လက်ရှိ မြန်မာအစိုးရအနေနဲ့ မီဒီယာပိုင်းမှာ အပြောင်းအလဲတွေလုပ်နေတာကို တွေ့ရကြောင်း၊ မီဒီယာပိုင်းမှာလည်း စာပေစီစစ်ရေး ဖြုတ်လိုက်ခြင်းနဲ့ ပုဂ္ဂိုလ်က သတင်းစာတွေ ထုတ်ဝေခွင့်ပြုခြင်းတွေအပြင် ပြည်ပအခြေစိုက်မီဒီယာတွေဖြစ်တဲ့ DVB၊ RFA လို မီဒီယာတွေကိုလည်း ပြည်တွင်း ၀င်ခွင့်ပေးပြီး လုပ်ကိုင်ခွင့်ပြုထားတာ တွေ့ရတဲ့အတွက် နိုင်ငံတော်ပိုင် မီဒီယာတွေကို PSM လို့ ခေါ်တဲ့ Public Service Media အဖြစ် ပြောင်းလဲမယ်ဆိုတာကို ယုံကြည်ကြောင်း၊ အားပေးကြောင်း ပြောပါတယ်။

အများစုကလည်း စိတ်ဝင်စားလာချိန်မှာ ဂျပန်သတင်းစာဆရာတစ်ယောက်ကလည်း ကျွန်မတို့ တိုင်းပြည်လို တိုင်းရင်းသားတွေအများကြီး ရှိတဲ့ တိုင်းပြည်အတွက်ဆိုရင် ပိုပြီး လိုအပ်ကြောင်း၊ အဲလို ပြောင်းလဲမှုကို မြန်မြန် လုပ်သင့်ကြောင်း ပြောပါတယ်။

အဲဒီနောက်မှာတော့ ကျွန်မက သူတို့ဆီက PSM ရဲ့ အားသာချက်တွေကို မေးမြန်းတော့ သူက ဒီမိုကရေစီ တိုင်းပြည်တွေမှာ ဒီမိုကရေစီရဲ့ စံချိန်စံညွှန်း အနေနဲ့ ဆောင်ရွက်လေ့ရှိကြောင်း၊ မြန်မာပြည်အနေနဲ့လည်း   နိုင်ငံပိုင် မီဒီယာတွေကို အများပြည်သူဝန်ဆောင်မှု အနေနဲ့ ဆောင်ရွက်မယ်ဆိုရင် တကယ်ကောင်းမွန်ကြောင်း ပြောပါတယ်။ 

ဘာကြောင့်လဲလို့ ကျမကမေးတော့ သူက ဆက်ပြီး ပြောပါတယ်။ စီးပွားဖြစ်မီဒီယာတွေက အများပြည်သူ သိချင်တဲ့ သတင်းအပေါ်မှာ ဈေးကွက်မှီတည်ရတာဖြစ်ကြောင်း၊ အဲဒါကြောင့် နာမည်ကြီးတွေနဲ့ လူကြိုက် များတဲ့ သတင်းတွေကိုပဲ ဦးစားပေးဖော်ပြတဲ့အတွက် လူတိုင်းဟာမီဒီယာနဲ့ ထိတွေ့ခွင့်ရရှိဖို့ နည်းပါးကြောင်း ပြောပါတယ်။

အထူးသဖြင့်လူနည်းစုသာ ရှိတဲ့ တိုင်းရင်းသားတွေက သူတို့ ပြောချင်တာတွေ သူတို့ရဲ့ လိုအပ်ချက်တွေကို   ပြောချင်ပေမဲ့လည်း   စီးပွားဖြစ် မီဒီယာတွေမှာ ရောင်းတန်းမလှဖြစ်တတ်တဲ့အတွက် သူတို့လို လူနည်းစုတွေကို မီဒီယာကြီးတွေက စိတ်ဝင်စားမှုနည်းပါးတတ်ကြောင်း၊ PSM ကတော့ လူတွေစိတ်ဝင်စားသည် ဖြစ်စေ၊ စိတ်မ၀င်စားသည်ဖြစ်စေ လူနည်းစုတွေရဲ့ အကြောင်းကို တွေ့ဆုံမေးမြန်းပြီး ဖော်ပြနိုင်ရင် လူနည်းစုတွေ အတွက်ကောင်းမွန်ကြောင်း၊ PSM အနေနဲ့ဒီလိုကိစ္စတွေမှာ အားသာချက်ရှိကြောင်း ပြောပြပါတယ်။ 

အဲဒီ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေရဲ့ အားသာချက်က ပြည်သူကို ဦးတည်ပြီး ဆောင်ရွက်မှာဖြစ်တဲ့အတွက် အစိုးရအနေနဲ့လည်း ထိန်းချုပ်လို့မရတဲ့အပြင် အခြား အဖွဲ့အစည်းတွေ ၊ အသင်းတွေ၊ နိုင်ငံရေးပါတီတွေ ကလည်း ထိန်းချုပ်မှု မရှိရအောင် မျှမျှတတဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံပိုင်မီဒီယာတွေ ထက်စာလျှင်တော့   ပြည်သူ့မီဒီယာက ပိုကောင်းကြောင်း သတင်းစာ ဆရာက ပြောပါတယ်။ 

ထိုင်းနိုင်ငံမှာ အခြေစိုက်နေတဲ့ အမေရိကန်သတင်းစာဆရာကတော့ PSM စနစ်ရဲ့ အခြားအားသာချက် တစ်ခုကတော့ သတင်းရင်းမြစ် အစုံအလင်ရရှိနိုင်သလို၊ မီဒီယာလောကထဲက မကြီးထွားသေးတဲ့ မီဒီယာ လုပ်ငန်းလေးတွေ ပိုအားကောင်းလာနိုင်တဲ့အကြောင်း၊ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာရဲ့ အခန်းကဏ္ဍအားကောင်းလာတဲ့အတွက် ကြော်ငြာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ချယ်လှယ်မှုနဲ့ မီဒီယာကြီးတွေရဲ့ ဈေးကွက်နဲ့ လူထုအပေါ်မှာ လက်ဝါးကြီးအုပ်မှုကို ကာကွယ်နိုင်ကြောင်း ပြောပါတယ်။ 

အဲဒီညက အာရှ-အမေရိကန်သတင်းစာဆရာတွေနဲ့ ပြောဆိုဆွေးနွေးဖြစ်တာတွေ သူတို့ရဲ့ အမြင်တွေကို ရေးသားမယ်လို့ စိတ်ကူးထားပြီး မှတ်စုထဲမှာ တို့ထားခဲ့ပေမဲ့ ရန်ကုန်ပြန်ရောက်တော့ သတင်းလုပ်ငန်းထဲက အခြားဆောင်ရွက်စရာတွေ လုပ်နေရင်းနဲ့ မရေးဖြစ်ခဲ့ပါဘူး။ 

မနေ့ကတော့ ပြန်ကြားရေးဝန်ကြီးဋ္ဌာနနဲ့ ယူနက်စကိုအဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှု ဥပဒေကြမ်း ဆွေးနွေးပွဲ ဖိတ်ကြားတော့မှ မှတ်ထားခဲ့တဲ့ မှတ်စုတွေကို ပြန်ကြည့်ဖြစ်ပြီး ဆွေးနွေးပွဲ ပြီးမှပဲ ရေးတော့မယ် လို့ ဆုံးဖြတ်ဖြစ်ပါတယ်။ 

ဇွန်လ ၈ ရက်နေ့မှာတော့ရန်ကုန်မြို့က ပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ ပုံနှိပ်လုပ်ငန်းရှိရာ သိမ်ဖြူလမ်းမှာ အများ ပြည်သူ့ ၀န်ဆောင်မှုမီဒီယာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ကျင်းပတဲ့   ဆွေးနွေးပွဲကို စိတ်ဝင်စားစွာနဲ့ တက်ရောက်ဖြစ်ခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ မီဒီယာလွတ်လပ်မှု အတွက် ဖြေလျှော့မှုတွေ ပြုလုပ်ခဲ့သလို၊ မီဒီယာ ဗဟုဝါဒတွင် ကွဲပြားခြားနားသော သတင်းအချက်အလက်များ ရရှိနိုင်ရေးအတွက် ဘယ်လိုမီဒီယာအမျိုးအစားကို ဖော်ထုတ်ဖို့ လိုအပ်သလဲဆိုတာ စဉ်းစားတဲ့အခါမှာ ယူနက် စကိုအပါအ၀င် ဥရောပနိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက PSM အဖြစ် နိုင်ငံပိုင် မီဒီယာတွေကို   ပြောင်းလဲသင့်တယ်လို့ အကြံပြုခဲ့ကြောင်း ဦးရဲထွဋ်က ပြောပါတယ်။ 

အဲဒီအကြံပေးချက်ကို လက်ခံခဲ့ပြီး အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းကို နိုင်ငံတကာ စံနှုန်းများ ဖြစ်ကြတဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေး ကြေငြာစာတမ်း အပိုဒ် ၁၉၊ ၁၉၈၉ ခုနှစ် ယူနက်စကို အထွေထွေ ညီလာခံ ဆုံးဖြတ်ချက် ၁၀၄၊ ၁၉၉၀ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် ၄၅/၇၆၊ ဥရောပသမဂ္ဂ ၀န်ကြီးများ အစည်းဝေး (၁၉၉၄) နဲ့ ဥရောပကောင်စီ(၂၀၀၄) ဆုံးဖြတ်ချက်များ၊ အာရှ-ပစိဖိတ် ပြန်ကြားရေး နှင့် ရုပ်သံလွှင့်ဆိုင်ရာ ၀န်ကြီးအဆင့်အစည်းအဝေး (၂၀၀၃) ဘန်ကောက်ကြေညာချက် တို့ကို အခြေခံပြီး ယူနက်စကိုနဲ့ ဂျာမဏီနိုင်ငံ စတဲ့ဥရောပနိုင်ငံတို့ရဲ့ ကူညီမှုတွေနဲ့ ဥရောပသမဂ္ဂနိုင်ငံတွေက နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ PSM ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မြန်မာနိုင်ငံမှာလည်း PSM ပြောင်းလဲဖို့အတွက် စီစဉ်ရေးဆွဲခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ရှေ့ဆက်ဖော်ပြပေးပါမယ်။

 မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။

မြစ်မခမီဒီယာ

Monday, June 10, 2013

ပြီးခဲ့တဲ့ မေလ၊ ဟောင်ကောင်တက္ကသိုလ်မှာ ပြုလုပ်ကျင်းပခဲ့တဲ့ Media Forum တက်ရောက်ဖို့ ခရီးသွား
တုန်းက မေလ ၂၅ ရက်နေ့ညမှာ ဟောင်ကောင် FCC မှာ AAJA (ASIAN AMERICAN JOURNALISTS ASSOCIATION) က သတင်းစာဆရာအချို့နဲ့ ညစာ စားရင်း စကားလက်ဆုံကြ ဖြစ်ခဲ့ပါတယ်။ အဲဒီမှာမြန်မာပြည်ရဲ့ အပြောင်းအလဲတွေနဲ့ အစိုးရပိုင်းရဲ့ လုပ်ဆောင်ချက်တွေကိုလည်း မေးမြန်းကြတယ်။

ကျွန်မအနေနဲ့ တွေ့ကြုံနေရတဲ့ ပြောင်းလဲမှုတွေအကြောင်း၊ ရှေ့ဆက်ဖြစ်နိုင်တာတွေနဲ့ မြန်မာပြည်မီဒီယာ
လောက အခြေအနေတွေကို ပြောပြဖြစ်ပါတယ်။

အဲဒီမှာ မေလ၂၀ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ အများပြည်သူဝန်ဆောင်မှုမီဒီယာဥပဒေကြမ်း
ကို ဖော်ပြထားတာတွေ့ရတော့ မြန်မာနိုင်ငံမှာ နိုင်ငံပိုင်အစိုးရပိုင်မီဒီယာကနေ ပြည်သူ့ဝန်ဆောင်မှုမီဒီယာ
အဖြစ် ပြောင်းတော့မယ်ဆိုတာ ၀မ်းသာအားရ ပြောဖြစ်လိုက်ပါသေးတယ်။

အားလုံးကလည်း သတင်းကောင်းတစ်ခုလို တကယ့်ကို အံ့သြတဲ့အကြောင်း ပြောကြတယ်။ ဘာဖြစ်လို့လဲ
လို့  မေးကြည့်တော့ အစိုးရပိုင် မီဒီယာကနေ PSM( Public Services Media) လို့ ခေါ်တဲ့ပြည်သူ့ဝန်ဆောင်မှု မီဒီယာကို မြန်မာပြည်က တကယ်ပဲ ပြောင်းလဲမယ်ဆိုတာ အံ့သြလိုက်တာလို့ ထိုင်းအခြေစိုက် AP သတင်း
 ထောက်တစ်ဦးက ပြောပါတယ်။

သူတို့ကျင်လည်နေတဲအာရှပစိဖိတ်ဒေသတွင်းက နိုင်ငံတော်တော်များများမှာတောင်မဆောင်ရွက် နိုင်သေး
တာ၊ ဒီမိုကရေစီ ၂ နှစ်သား ပဲ ရှိသေးတဲ့ မြန်မာပြည်အနေနဲ့ ဖြစ်ပါ့မလားလို့ ပြောပြီး သူက ရယ် ပါတယ် ။ သူပြောတဲ့ လေသံနဲ့ရယ်သံက မြန်မာပြည်ကို အထင်သေးတာလည်းပါတယ်၊ ပြီးတော့ မဖြစ် နိုင်ဘူးလို့ ယုံကြည်နေပုံလည်း ရပါတယ်။

ပြီးတော့ သူက စစ်အစိုးရလက်ထပ်တုန်းက သတင်းစာတွေကို ၀ါဒဖြန့်ချိရေးအတွက် အသုံးချခဲ့တာဖြစ်တဲ့ အတွက်အစိုးရအနေနဲ့ ဖြစ်နိုင်ပါ့မလား၊သူက မြန်မာပြည် သတင်းတွေကိုတစိုက်မတ်မတ်ရေးသားလာခဲ့တဲ့
သူလို့ ပြောပါတယ်။

ကျွန်မအနေနဲ့ ဥပဒေကြမ်းတောင် ထွက်ပါပြီလို့ အစိုးရပိုင် မီဒီယာတွေဖြစ်တဲ့ သတင်းစာပုံနှိပ်လုပ်ငန်းတွေ
နဲ့ အသံလွှင့်၊ ရုပ်သံလုပ်ငန်းတွေဖြစ်တဲ့ မြန်မာ့အသံနဲ့ မြန်မာ့ရုပ်မြင်သံကြား စတာတွေကို အများပြည်သူ ၀န်ဆောင်မှုမီဒီယာအနေနဲ့ ပြောင်းလဲတော့မယ့် အကြောင်း၊ ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြုပြီး
တာနဲ့ တစ်နှစ်အတွင်း ဖြစ်ပေါ်လာနိုင်ကြောင်းပြောတော့ သတင်းစာဆရာအများစုက အံ့သြနေကြပါတယ်။

သူတို့နဲ့ အဲဒီလို ပြောနေတုန်း VOA အင်္ဂလိပ်ပိုင်းက၊ ဟောင်ကောင်မှာ နေထိုင်တဲ့ သတင်းစာ ဆရာ တစ်
ယောက် ၀င်ပြောပါတယ်။ မြန်မာပြည်ရဲ့ အပြောင်းအလဲက နှစ်နှစ်အတွင်းမှာ သွေးမြေမကျဘဲ ပြောင်းလဲခဲ့
တာကို တွေ့ရတဲ့အတွက်အံ့သြ၀မ်းသာရကြောင်းနဲ့ ၊လက်ရှိ မြန်မာအစိုးရအနေနဲ့ မီဒီယာပိုင်းမှာ အပြောင်း
အလဲတွေလုပ်နေတာကို တွေ့ရကြောင်း၊ မီဒီယာပိုင်းမှာလည်း စာပေစီစစ်ရေး ဖြုတ်လိုက်ခြင်းနဲ့ ပုဂ္ဂိုလ်က သတင်းစာတွေ ထုတ်ဝေခွင့်ပြုခြင်းတွေအပြင် ပြည်ပအခြေစိုက်မီဒီယာတွေဖြစ်တဲ့ DVB၊ RFA လို မီဒီယာ
တွေကိုလည်း ပြည်တွင်းဝင်ခွင့်ပေးပြီးလုပ်ကိုင်ခွင့်ပြုထားတာ တွေ့ရတဲ့အတွက် နိုင်ငံတော်ပိုင် မီဒီယာတွေ
ကိုPSMလို့ ခေါ်တဲ့Public Service Mediaအဖြစ် ပြောင်းလဲမယ်ဆိုတာကိုယုံကြည်ကြောင်း၊အားပေးကြောင်း
 ပြောပါတယ်။

အများစုကလည်း စိတ်ဝင်စားလာချိန်မှာ ဂျပန်သတင်းစာဆရာတစ်ယောက်ကလည်း ကျွန်မတို့ တိုင်းပြည်
လို တိုင်းရင်းသားတွေအများကြီး ရှိတဲ့တိုင်းပြည်အတွက်ဆိုရင်ပိုပြီး လိုအပ်ကြောင်း၊ အဲလို ပြောင်းလဲမှုကို
 မြန်မြန် လုပ်သင့်ကြောင်း ပြောပါတယ်။

အဲဒီနောက်မှာတော့ ကျွန်မက သူတို့ဆီက PSM ရဲ့ အားသာချက်တွေကို မေးမြန်းတော့ သူက ဒီမိုကရေစီ တိုင်းပြည်တွေမှာ ဒီမိုကရေစီရဲ့စံချိန်စံညွှန်းအနေနဲ့ ဆောင်ရွက်လေ့ရှိကြောင်း၊ မြန်မာပြည်အနေနဲ့လည်း
နိုင်ငံပိုင်မီဒီယာတွေကိုအများပြည်သူဝန်ဆောင်မှုအနေနဲ့ ဆောင်ရွက်မယ်ဆိုရင်တကယ်ကောင်းမွန်ကြောင်း
 ပြောပါတယ်။

ဘာကြောင့်လဲလို့ ကျမကမေးတော့ သူက ဆက်ပြီး ပြောပါတယ်။ စီးပွားဖြစ်မီဒီယာတွေက အများပြည်သူ သိချင်တဲ့ သတင်းအပေါ်မှာ ဈေးကွက်မှီတည်ရတာဖြစ်ကြောင်း၊ အဲဒါကြောင့် နာမည်ကြီးတွေနဲ့ လူကြိုက် များတဲ့ သတင်းတွေကိုပဲ ဦးစားပေးဖော်ပြတဲ့အတွက် လူတိုင်းဟာမီဒီယာနဲ့ ထိတွေ့ခွင့်ရရှိဖို့ နည်းပါးကြောင်း ပြောပါတယ်။

အထူးသဖြင့်လူနည်းစုသာ ရှိတဲ့ တိုင်းရင်းသားတွေက သူတို့ ပြောချင်တာတွေ သူတို့ရဲ့ လိုအပ်ချက်တွေကို
ပြောချင်ပေမဲ့လည်း စီးပွားဖြစ် မီဒီယာတွေမှာ ရောင်းတန်းမလှဖြစ်တတ်တဲ့အတွက် သူတို့လို လူနည်းစုတွေ
ကို မီဒီယာကြီးတွေက စိတ်ဝင်စားမှုနည်းပါးတတ်ကြောင်း၊ PSM ကတော့ လူတွေစိတ်ဝင်စားသည် ဖြစ်စေ၊ စိတ်မ၀င်စားသည်ဖြစ်စေ လူနည်းစုတွေရဲ့ အကြောင်းကို တွေ့ဆုံမေးမြန်းပြီး ဖော်ပြနိုင်ရင် လူနည်းစုတွေ အတွက်ကောင်းမွန်ကြောင်း၊ PSM အနေနဲ့ဒီလိုကိစ္စတွေမှာ အားသာချက်ရှိကြောင်း ပြောပြပါတယ်။

အဲဒီ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့အားသာချက်က ပြည်သူကိုဦးတည်ပြီး ဆောင်ရွက်မှာဖြစ်တဲ့အတွက်
အစိုးရအနေနဲ့လည်း ထိန်းချုပ်လို့မရတဲ့အပြင် အခြား အဖွဲ့အစည်းတွေ ၊ အသင်းတွေ၊ နိုင်ငံရေးပါတီတွေ က
လည်းထိန်းချုပ်မှုမရှိရအောင်မျှမျှတတဆောင်ရွက်နိုင်ကြောင်း၊ နိုင်ငံပိုင်မီဒီယာတွေထက်စာလျှင်တော့ပြည်
သူ့မီဒီယာက ပိုကောင်းကြောင်း သတင်းစာ ဆရာက ပြောပါတယ်။

ထိုင်းနိုင်ငံမှာအခြေစိုက်နေတဲ့အမေရိကန်သတင်းစာဆရာကတော့PSM စနစ်ရဲ့ အခြားအားသာချက် တစ်
ခုကတော့ သတင်းရင်းမြစ် အစုံအလင်ရရှိနိုင်သလို၊ မီဒီယာလောကထဲက မကြီးထွားသေးတဲ့ မီဒီယာ လုပ်
ငန်းလေးတွေ ပိုအားကောင်းလာနိုင်တဲ့အကြောင်း၊ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာရဲ့ အခန်းကဏ္ဍအားကောင်းလာတဲ့အတွက် ကြော်ငြာရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ချယ်လှယ်မှုနဲ့ မီဒီ
ယာကြီးတွေရဲ့ ဈေးကွက်နဲ့ လူထုအပေါ်မှာ လက်ဝါးကြီးအုပ်မှုကို ကာကွယ်နိုင်ကြောင်း ပြောပါတယ်။

အဲဒီညက အာရှ-အမေရိကန်သတင်းစာဆရာတွေနဲ့ ပြောဆိုဆွေးနွေးဖြစ်တာတွေ သူတို့ရဲ့ အမြင်တွေကို
ရေးသားမယ်လို့ စိတ်ကူးထားပြီး မှတ်စုထဲမှာ တို့ထားခဲ့ပေမဲ့ ရန်ကုန်ပြန်ရောက်တော့ သတင်းလုပ်ငန်းထဲ
က အခြားဆောင်ရွက်စရာတွေ လုပ်နေရင်းနဲ့ မရေးဖြစ်ခဲ့ပါဘူး။

မနေ့ကတော့ ပြန်ကြားရေးဝန်ကြီးဋ္ဌာနနဲ့ ယူနက်စကိုအဖွဲ့တို့ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှုဥပဒေကြမ်း
ဆွေးနွေးပွဲ ဖိတ်ကြားတော့မှ မှတ်ထားခဲ့တဲ့ မှတ်စုတွေကို ပြန်ကြည့်ဖြစ်ပြီး ဆွေးနွေးပွဲ ပြီးမှပဲ ရေးတော့မယ် လို့ ဆုံးဖြတ်ဖြစ်ပါတယ်။

ဇွန်လ ၈ ရက်နေ့မှာတော့ရန်ကုန်မြို့က ပြန်ကြားရေးဝန်ကြီးဋ္ဌာန၊ ပုံနှိပ်လုပ်ငန်းရှိရာ သိမ်ဖြူလမ်းမှာ အများ
ပြည်သူ့ ၀န်ဆောင်မှုမီဒီယာ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ကျင်းပတဲ့ ဆွေးနွေး
ပွဲကို စိတ်ဝင်စားစွာနဲ့ တက်ရောက်ဖြစ်ခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာမီဒီယာလွတ်လပ်
မှု အတွက် ဖြေလျှော့မှုတွေ ပြုလုပ်ခဲ့သလို၊မီဒီယာဗဟုဝါဒတွင်ကွဲပြားခြားနားသော သတင်းအချက်အလက်
များ ရရှိနိုင်ရေးအတွက် ဘယ်လိုမီဒီယာအမျိုးအစားကို ဖော်ထုတ်ဖို့ လိုအပ်သလဲဆိုတာ စဉ်းစားတဲ့အခါမှာ ယူနက် စကိုအပါအ၀င် ဥရောပနိုင်ငံတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက PSM အဖြစ် နိုင်ငံပိုင် မီဒီယာ
တွေကို ပြောင်းလဲသင့်တယ်လို့ အကြံပြုခဲ့ကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

အဲဒီအကြံပေးချက်ကို လက်ခံခဲ့ပြီး အများပြည်သူဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းကို နိုင်ငံတကာ စံနှုန်းများ
ဖြစ်ကြတဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေး ကြေငြာစာတမ်း အပိုဒ် ၁၉၊ ၁၉၈၉ခုနှစ်ယူနက်စကိုအထွေထွေ
ညီလာခံ ဆုံးဖြတ်ချက် ၁၀၄၊ ၁၉၉၀ ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် ၄၅/၇၆၊ဥရောပသမဂ္ဂ၀န်
ကြီးများ အစည်းဝေး (၁၉၉၄) နဲ့ ဥရောပကောင်စီ(၂၀၀၄) ဆုံးဖြတ်ချက်များ၊ 
 
အာရှ-ပစိဖိတ် ပြန်ကြားရေး နှင့် ရုပ်သံလွှင့်ဆိုင်ရာ ၀န်ကြီးအဆင့်အစည်းအဝေး (၂၀၀၃) ဘန်ကောက်ကြေ
ညာချက် တို့ကို အခြေခံပြီး ယူနက်စကိုနဲ့ ဂျာမဏီနိုင်ငံ စတဲ့ဥရောပနိုင်ငံတို့ရဲ့ ကူညီမှုတွေနဲ့ ဥရောပသမဂ္ဂ
နိုင်ငံတွေက နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ PSM ရှိရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မြန်မာနိုင်ငံမှာလည်း PSM
ပြောင်းလဲဖို့အတွက် စီစဉ်ရေးဆွဲခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ရှေ့ဆက်ဖော်ပြပေးပါမယ်။

မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်။

မြစ်မခမီဒီယာ , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၁၀.၆.၂၀၁၃

0 comments:

Post a Comment