Pages

Monday, June 10, 2013

ဧရာဝတီတိုင်းဒေသကြီးမှ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား (၁၀)ဦးကို ဂျပန်နိုင်ငံသို့ စေလွှတ်မည် ..

ဧရာဝတီတိုင်းဒေသကြီးမှ တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သောကျောင်းသား (၁၀)ဦးကိုဂျပန်နိုင်ငံကို စေလွှတ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်ထံမှ ဇွန်လ (၉)ရက်နေ့က သိရသည်။ပုသိမ်မြို့ရှိ ပုသိမ်ဟိုတယ်တွင် ကျင်းပခဲ့သော ပြည်သူ့ဆက်ဆံရေး အလုပ်ရုံ
ဆွေးနွေးပွဲ (Public Relation Work Shop)၌ မေးမြန်းမှုကို ဖြေကြားခဲ့ကြောင်း သိရသည်။ ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းတက္ကသိုလ်ဝင်တန်းအောင်မြင်သူများမှ (၆)ဘာသာဂုဏ်ထူးရှင် (၃၈)ဦး၊(၅)ဘာသာဂုဏ်ထူးရှင် (၅၂)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၁၁၁)ဦး၊(၃)ဘာသာဂုဏ်ထူးရှင် (၂၅၉)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၆၁၁)ဦးနှင့်(၁)ဘာသာဂုဏ်ထူးရှင် (၃၀၉၀)ဦး ပါဝင်ကြောင်း သိရသည်။
(၂၀၁၂-၂၀၁၃)ခုနှစ် ပညာသင်နှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှတက္ကသိုလ်ဝင်တန်းဖြေဆိုသူ (၄၉၅၆၀)ဦးရှိခဲ့ပြီး (၁၅၄၆၄)ဦး အောင်မြင်ခဲ့ကြောင်း၊ ယခုနှစ်၏ အောင်ချက်သည် (၃၁.၂၀) ရာခိုင်နှုန်းရှိကြောင်းသိရသည်။

skynet browser ,ရန်ကုန်နယူးဒေးလီးစ်(မီဒီယာ)
ရန်ကုန်:၁၀.၆.၂၀၁၃

0 comments:

Post a Comment