Pages

Monday, June 10, 2013

ကော့သောင်းတွင် လေယာဉ်ဘီးပေါက် လမ်းချော်မှုဖြစ်

ဇွန်လ ၁၀ ရက် ၂၀၁၃ ခုနှစ်
 မြန်မာ့လေကြောင်း လေယာဉ်တစင်း မော်လမြိုင်-ကော့သောင်း ခရီးစဉ်အတွင်း ကော့သောင်းမြို့သို့ ဆင်းသက်ရာတွင် လေယာဉ်ဘီးပေါက်ပြီး လမ်းချော်မှုတခု ဇွန်လ ၁၀ ရက် နေ့လည်က ဖြစ်ပွားခဲ့သည်။
လေယာဉ်ဘီးပေါက်ပြီး ပြေးလမ်းပေါ်တွင် လမ်းချော်မှုဖြစ်ပွားကာ လေယာဉ်သည် ပြေးလမ်းဘေးသို့ တိမ်းစောင်းသွားသည်မှလွဲပြီး တစုံတရာ ထိခိုက်မှုမရှိဟု ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သူ ကော့သောင်းမြို့ခံ ကိုမင်းလွင် က ပြောသည်။ “လေယာဉ် ဘီးပေါက်တာပါ။ ဘေးဘက် ချောကျသွားတာ။ ထိခိုက်မှုမရှိဘူး။ လေယာဉ်လည်း ထိခိုက်မှုမရှိပါဘူး။ ဘီးကို ဘရိတ်နင်းလို့ရမလို့ နောက်ဆုံးရပ်လိုက်တာ။ အဲလောက်ပဲရှိပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

လေယာဉ်ပါ ခရီးသည်များ လေယာဉ်ဝန်ထမ်းများ ထိခိုက်မှုမရှိဟု ဆိုသည်။

အဆိုပါ MAI လေယာဉ်သည် ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်-ကော့သောင်းသို့ ပြေးဆွဲသည့် ခရီးသည်
တင် လေယာဉ်လိုင်း ဖြစ်သည်။

ထိုအဖြစ်အပျက်ကြောင့် ကော့သောင်း-ရန်ကုန် လေယာဉ် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရသည်ဟု ရန်ကုန်သို့ သွားမည့် ခရီးသည် တဦးက ပြောသည်။
မော်လမြိုင် (မဇ္ဈိမ) ,RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း): ၁၀.၆.၂၀၁၃
 

0 comments:

Post a Comment