Pages

Monday, June 10, 2013

မျက်နှာပြင်တင်းရင်းစေဖို့ လေ့ကျင့်ခန်းများ



Monday, June 10, 2013

မျက်လုံး မျက်စေ့မှိတ်ပြီးထိုင်ပါ။မျက်နှာကို ဖြေလျော့ထားပါ။ မျက်စေ့မှိတ်ထားပြီးမျက်လုံးကိုအပေါ် အောက်
ဝေးနိုင်သမျှ ဝေးဝေး ကြည့်ပါ။ (၁၅) ကြိမ် ထပ်ခါ ထပ်ခါလုပ်ပါ။ ဤလေ့ကျင့်ခန်းက သင်၏မျက်လုံးပတ်ဝန်း
ကျင်မှ အရေပြားကို တင်း ရင်းစေပါသည်။
လည်ပင်း(၁)ထိုင်၍လည်းကောင်း၊ထ၍လည်း ကောင်းအနေအထားမှ ခေါင်းကိုမျက်နှာကျက်ပေါ်သို့ နောက်
ကို လှန်ချပါ။ ပါးစပ်ပိတ်ပြီး ဖြေလျော့ ထားပါ။ ကျောရိုးကို မတ်မတ် နေပါ။ ထို့နောက် အပေါ်နှုတ်ခမ်းကို(၁၀)
စက္ကန့်ခန့် ခေါင်မိုးဆီသို့ စူထားပါ။ ထပ်ခါထပ်ခါလုပ်ပါ။လည်ပင်းအသားကို တင်းစေပါသည်။

(၂)ခေါင်းကို မျက်နှာကျက်နှင့်မျက်နှာ ချင်းဆိုင် ဖြစ်အောင် နောက် ကို လှန်ထားပါ။ လျှာကို အမိုးဆီသို့ ဆန်
့နိုင်သမျှ ဆန့်ထား ပါ။ ပြီးမှ ခေါင်းကို ပုံမှန်အနေအထားသို့ ဖြည်းဖြည်းချင်း ပြန်ချပါ။မှန်ကန်စွာလုပ်ပေးပါက
မေးစေ့ အောက်သားများ လည်ပင်းအရှေ့ ပိုင်းတို့တင်းရင်းလာပါမည်။ (၅) ကြိမ်နေ့စဉ်ပုံမှန်လုပ်ပေးပါ။

မေးစေ့မတ်မတ်ထိုင်ပါ။ ခေါင်းကို အမိုးဆီ သို့လှန်ပါ။ နှုတ်ခမ်းကို နမ်းသည့် အနေအထားဖြင့် စက္ကန့် (၂၀) ထားပါ။ နေ့စဉ်လုပ်ပါ။ ထို့နောက် ပုံမှန်အနေအထားအတိုင်း ပြန် နေပါ။

နဖူးနဖူးသားတင်းရင်းစေရန်မျက်ခုံးအပေါ် (၂)ဖက်ကို ဘယ်၊ ညာလက်ခလယ်ဖြင့် မျက်ခုံးမွှေးအဆုံးနားထင်
ဖက်ဆီသို့ ဆွဲတင်ပါ။ (၁၀)ကြိမ် နေ့စဉ်လုပ်ပါ။

နှုတ်ခမ်းလက်ချောင်းကိုနှုတ်ခမ်းဖြင့်တတ်နိုင်သလောက်ခပ်များများစုပ်ယူပါ။(၁၀)ကြိမ်လုပ်ပါ။ နှုတ်ခမ်းဘေး
သားများ တင်းလာပါမည်။

ဒေါန
Health Updates Journal , RangonNewsDaily
ကိုလတ်(ပန်ဘဲတန်း):၁၀.၆.၂၀၁၃

0 comments:

Post a Comment