Pages

Wednesday, May 1, 2013

ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ် မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက်ရှိနေ၊ မေလ ၁ ရက် နံနက်ပိုင်းတွင် ကျူးလွန်သူဟု ယူဆထားသူ ၁၅ ဦးအား ရဲတပ်ဖွဲ့ဝင် ၁၀၀ ၀န်းကျင်ဖြင့် ဖမ်းဆီး

ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ် မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက်ရှိနေ၊ မေလ ၁ ရက် နံနက်ပိုင်းတွင် ကျူးလွန်သူဟု ယူဆထားသူ ၁၅ ဦးအား ရဲတပ်ဖွဲ့ဝင် ၁၀၀ ၀န်းကျင်ဖြင့် ဖမ်းဆီးခဲ့

မေ- ၁
ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ်မှာ မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်လျက် ရှိနေကြောင်း ဥကံ္ကမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးမြင့်မောင်က မေ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ တွင် ဖြေကြားခဲ့သည်။

ဥကံ္ကမြို့တွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက မူစလင် အမျိုးသမီး တစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ၀င်ရောက် တိုက်မိရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်အား အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံးမှ တာဝန်ရှိသူ တစ်ဦးက မေလ ၁ ရက်နေ့နံနက် ၃ နာရီခွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား ပါဝင်ကျူးလွန်သူများဟု သံသယရှိသူ ၁၅ ဦးကို မေလ ၁ ရက် နံနက် ၁ နာရီ ခွဲတွင် ရဲတပ်ဖွဲ့အင်အား ၁၀၀ ၀န်းကျင်ဖြင့် ဥကံ္ကမြို့၊ ပနီပင်ကျေးရွာအတွင်း ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးခဲ့ရာတွင် ဂျင်ကလိ ၁၃ ခု၊ ဓားမတစ်ချောင်းနှင့် လေးခွ ၂ ခုတို့ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က''ဒီဖြစ်စဉ်က ဒီလောက် ဖြစ်သွားစရာ အကြောင်းမရှိဘူး။ အဓိကတော့ ပြည်သူအချို့က အသိဥာဏ် မရှိလို့ဘဲ။ အခုလို ပဋိပက္ခ ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပွား နေမယ်ဆိုရင်တော့ နိုင်ငံတကာ ထိုးနှက်မှုတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။ ဒီဖြစ်စဉ်ကို ဆက်လက်မဖြစ်ပွားဖို့ ပါဝင်ကျူးလွန်ခဲ့တဲ့ သူတွေကို အမြန်ဆုံး ဖမ်းဆီးပြီးတော့ ထိရောက်စွာ အရေးယူသွားပါမယ်။ ကျူးလွန်ခဲ့တယ်လို့ ယူဆထားပြီး ဖမ်းဆီး စစ်ဆေးနေတဲ့ ၁၅ ဦးလုံးက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တယ်။ ကျွန်တော်တို့ ရရှိထားတဲ့ သတင်း အရဆိုရင် ကျူးလွန်သူတွေ အများကြီး ကျန်ရှိနေသေးတယ်။ ဒါကြောင့် ဆက်လက် ဖမ်းဆီးသွား ပါမယ်။'' ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ၁၅ ဦးအနက်မှ ၉ ဦးကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ကျန် ၆ ဦးကို အင်းစိန်ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက် ရှိကြောင်း ဥက္ကံရဲ စခန်း တွင် ဖြစ်စဉ်အား လာရောက် ထိန်းသိမ်းနေသည့် ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က မေ ၁ ရက်နေ့ နံနက် ၄ နာရီက ပြောကြားခဲ့သည်။

''အခုဥကံ္ကမြို့ပေါ် ရပ်ကွက်တွေရော ကျေးရွာတွေ အားလုံးမှာ တင်းမာမှုတွေ၊ ပဋိပက္ခ ဖြစ်စဉ်တွေ မဖြစ်တော့ပါဘူး။ ဒါပေမဲ့ လှုံခြုံရေး အရတော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတုန်းပါဘဲ'' ဟု မေလ ၁ ရက် နံနက် ၁၀ နာရီ ၅၀ တွင် ဥကံ္က မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

ဥက္ကံပဋိပက္ခ ဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိသူ ၃ ဦး အနက်မှ ဇော်ဇော်နိုင် ဆိုသူမှာ မေ ၁ ရက်နေ့ နံနက် တစ်နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ပဋိပက္ခ ဖြစ်စဉ်အတွင်း မီးလောင်မှုကြောင့် နေအိမ် ၈၁ လုံး ဗလီတစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဥက္ကံမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များနှင့် ဆိုင်ခန်း ၅၀ ၀န်းကျင် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဥကံ္ကမြို့အတွင်း ပဋိပက္ခဆက်လက်ဖြစ်ပွားခဲ့ပါက အမြန်ဆုံးထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင် အင်အား တိုးချဲ့ထားသည့်အပြင် တပ်မတော်သားများကိုလည်း လုံခြုံရေး ဆောင်ရွက်ရန် ရောက် ရှိနေကြောင်း ဒုတိုင်းရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

Eleven Media Group

မ- ၁
ဧပြီလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဥကံ္ကမြို့ ပဋိပက္ခဖြစ်စဉ်မှာ မေလ ၁ ရက် နံနက်ပိုင်းတွင် တည်ငြိမ်

လျက် ရှိနေကြောင်း ဥကံ္ကမြို့နယ် ရဲတပ်ဖွဲ့မှူးဖြစ်သူ ရဲမှူးမြင့်မောင်က မေ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ တွင် ဖြေကြားခဲ့သည်။
ဥကံ္ကမြို့တွင် ဧပြီ ၃၀ ရက် နံနက်ပိုင်းက မူစလင် အမျိုးသမီး တစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ၀င်ရောက် တိုက်မိ
ရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်အား အမြန်ဆုံး ထိန်းသိမ်းနိုင်ရန်အတွက် ကျူးလွန်သူများကို အမြန်ဆုံး ဖမ်းဆီးပြီး ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူး ရုံးမှ တာဝန်
ရှိသူ တစ်ဦးက မေလ ၁ ရက်နေ့နံနက် ၃ နာရီခွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်အား ပါဝင်ကျူးလွန်သူများဟု သံသယရှိသူ ၁၅ ဦးကို မေလ ၁ ရက် နံနက် ၁ နာရီ ခွဲတွင် ရဲ

တပ်ဖွဲ့အင်အား ၁၀၀ ၀န်းကျင်ဖြင့် ဥကံ္ကမြို့၊ ပနီပင်ကျေးရွာအတွင်း ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးခဲ့ရာတွင် ဂျင်ကလိ ၁၃ ခု၊ ဓားမတစ်ချောင်းနှင့် လေးခွ ၂ ခုတို့ကို စစ်ဆေးတွေ့ရှိ ခဲ့

ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က''ဒီဖြစ်စဉ်က ဒီလောက် ဖြစ်

သွားစရာ အကြောင်းမရှိဘူး။ အဓိကတော့ ပြည်သူအချို့က အသိဥာဏ် မရှိလို့ဘဲ။ အခုလို ပဋိပက္ခ ဖြစ်စဉ်
တွေ ဆက်လက်ဖြစ်ပွား နေမယ်ဆိုရင်တော့ နိုင်ငံတကာ ထိုးနှက်မှုတွေနဲ့ ကြုံတွေ့လာနိုင်ပါတယ်။ဒီဖြစ်စဉ်
ကို ဆက်လက်မဖြစ်ပွားဖို့ ပါဝင်ကျူးလွန်ခဲ့တဲ့ သူတွေကို အမြန်ဆုံး ဖမ်းဆီးပြီးတော့ ထိရောက်စွာ အရေးယူ
သွားပါမယ်။ကျူးလွန်ခဲ့တယ်လို့ယူဆထားပြီး ဖမ်းဆီး စစ်ဆေးနေတဲ့ ၁၅ ဦးလုံးက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်
တယ်။ ကျွန်တော်တို့ ရရှိထားတဲ့ သတင်း အရဆိုရင် ကျူးလွန်သူတွေ အများကြီး ကျန်ရှိနေသေးတယ်။ ဒါ
ကြောင့် ဆက်လက် ဖမ်းဆီးသွား ပါမယ်။'' ဟု ပြောကြားခဲ့သည်။

လက်ရှိအချိန်ထိ ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ၁၅ ဦးအနက်မှ ၉ ဦးကို မင်္ဂလာဒုံမြို့နယ် ရဲစခန်းတွင် ထိန်း

သိမ်းထားပြီး ကျန် ၆ ဦးကို အင်းစိန်ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးလျက် ရှိကြောင်း ဥက္ကံရဲ စခန်း တွင် ဖြစ်
စဉ်အား လာရောက် ထိန်းသိမ်းနေသည့် ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတပ်ဖွဲ့မှူးဖြစ်သူ ဒုတိယရဲမှူးကြီး သက်လွင်က မေ ၁ ရက်နေ့ နံနက် ၄ နာရီက ပြောကြားခဲ့သည်။

''အခုဥကံ္ကမြို့ပေါ် ရပ်ကွက်တွေရော ကျေးရွာတွေ အားလုံးမှာ တင်းမာမှုတွေ၊ပဋိပက္ခ ဖြစ်စဉ်တွေ မဖြစ်တော့

ပါဘူး။ ဒါပေမဲ့ လှုံခြုံရေး အရတော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတုန်းပါဘဲ'' ဟု မေလ ၁ ရက် နံနက် ၁၀ နာရီ ၅၀ တွင် ဥကံ္က မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

ဥက္ကံပဋိပက္ခ ဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိသူ ၃ ဦး အနက်မှ ဇော်ဇော်နိုင် ဆိုသူမှာ မေ ၁ ရက်နေ့ နံနက် တစ်နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ပဋိပက္ခ ဖြစ်စဉ်အတွင်း မီးလောင်မှုကြောင့် နေအိမ် ၈၁ လုံး ဗလီတစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ဥက္ကံမြို့ပေါ် ရပ်ကွက်များရှိ နေအိမ်များနှင့် ဆိုင်ခန်း ၅၀ ၀န်းကျင် ပျက်စီးဆုံးရှုံး ခဲ့ကြောင်း ရန်ကုန်တိုင်းဒေ

သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

ဥကံ္ကမြို့အတွင်း ပဋိပက္ခဆက်လက်ဖြစ်ပွားခဲ့ပါက အမြန်ဆုံးထိန်းသိမ်းနိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင် အင်အား တိုးချဲ့ထားသည့်အပြင်တပ်မတော်သားများကိုလည်းလုံခြုံရေး ဆောင်ရွက်ရန် ရောက် ရှိနေကြောင်း ဒုတိုင်း

ရဲတပ်ဖွဲ့မှူးထံမှ သိရှိရသည်။

Eleven Media Group , Rangonnewsdaily
RND:  :1.5.2013

0 comments:

Post a Comment