Pages

Wednesday, May 1, 2013

ဥက္ကံ အကြမ်းဖက်မှု အုပ်ချုပ်ရေးမှူး ဦးဆောင်ခဲ့၊ အပြင်က လူတွေနဲ့ ဒေသခံတွေ စနစ်တကျ တိုက်ခိုက်

1.5.2013

ဥက္ကံမြို့မှာ ဘာသာရေး လူမျိုးရေး အကြမ်းဖက် သမားတွေရဲ့ လုပ်ဆောင် ပုံနဲ့ ဖြစ်စဉ် တွေဟာ မိတ္ထီလာမှာ အကြမ်းဖက် မှုစတင် ခဲ့တဲ့ မတ်လ ၂ဝ ရက်နေ့က ဖြစ်စဉ် တွေနဲ့ တူညီနေပြီး ဥက္ကံ အနီးတဝိုက်က ကျေးရွာ

တွေကိုမီးတင်ရှို့မှုမှာ ခြောက်တဲရွာအုပ်ချုပ် ရေးမှူးကိုယ်တိုင် ဦးဆောင် ပါဝင်တာ ဖြစ်ပြီး ရဲတပ်ဖွဲ့က ဖမ်း
ဆီး မှုတွေ ပြုလုပ် နေပြီလို့ ကမာရွတ် သတင်းထောက်က ဒေသခံတွေ၊ တာဝန်ရှိ သူတွေကို မေးမြန်း ထား
ချက်ကို အခြေခံပြီး ပြောဆိုခဲ့ ပါတယ်။
ကျေးရွာ ၄ ရွာက အိမ်ခြေ ၃ဝဝ ကျော် လောက် ဧပြီ ၃ဝ ရက်နေ့ ညနေမှာ မီးတင်ရှို့ ခံခဲ့ရ တာဖြစ်ပြီး ကနဦး အကြမ်းဖက် မီးရှို့မှု တွေကို ဒေသခံ တွေက လုပ်ဆောင် တာဖြစ်ပြီး နောက်ပိုင်း ပြင်ပက ဝင်ရောက် လာတဲ့ လူစိမ်း တွေက အကြမ်းဖက် မှုတွေကို စတင်ခဲ့ တာဖြစ် တယ်လို့ ဆိုပါတယ်။ ကျေးရွာ တွေကို ဝင်ရောက် အ
ကြမ်း ဖက်မှုကြောင့် အနည်းဆုံး လူ ၁ဝဦး ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံး မှုကို ခိုင်မာတဲ့ အတည် ပြုချက်တွေ မရ
ရှိ သေးပါဘူး။

ဥက္ကံ မြို့ပေါ်ကမတော်တဆမှု ဖြစ်စဉ် ပြီးဆုံးသွားပြီး နောက်ပိုင်းမှ အကြမ်းဖက် မှုကိုဦးဆောင်တဲ့ လူအုပ်ကြီး

ဟာ ပြင်ပက လူတွေ ပါဝင်နေပြီး ကြိုတင် ပြင်ဆင် ထားတဲ့ ပုံစံရှိပြီး စနစ်ကျန တဲ့အကြောင်း မျက်မြင် တွေ့
ရှိချက်နဲ့ မှတ်တမ်း တွေကို ကိုးကားပြီး သတင်းထောက်က ပြောဆိုခဲ့ ပါတယ်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က အဓိကရုဏ်း ကျယ်ပြန့် လာမှာကို တားဆီးဖို့ အတွက် အကြမ်းဖက် မှုကျူးလွန် သူ

တွေကို မှတ်တမ်း တွေနဲ့ တကွ ဖမ်းဆီးမှု တွေပြုလုပ် နေပြီး လတ်တလောမှာ အခြေ အနေ တွေကို ယာယီ ထိန်းချုပ်ထားနိုင် တယ်ဆိုပေမယ့် ရဲနဲ့ စစ်တပ် ထိန်းချုပ်မှု ကင်းမဲ့တဲ့၊ သွားရေး လာရေး ခက်ခဲတဲ့ ကျေးရွာ
 တွေမှာ နောက်ထပ် အကြမ်းဖက် မှုတွေ ဖြစ်ပွားဖို့ အလား အလာ တွေရှိနေ နိုင်တယ်လို့ ဆိုပါတယ်။

ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးဆောင်တဲ့ အကြမ်းဖက် မှုဖြစ်စဉ်ဟာ မိတ္ထီလာ အကြမ်းဖက် မှုဖြစ်စဉ် တွေလိုပဲ ဖုန်းတွေနဲ့ ညွှန်ကြားပြီး လမ်းပြတာ၊ ရွာ ၄ ရွာကို မီးတင် ရှို့ပြီးမှ မြို့ပေါ် ပြန်အထွက် ချောင်းကူး တံတား တွေ

ကို စနစ် တကျ ဖျက်စီး ခဲ့တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ မလုပ် နိုင်သလို အိမ်ခြေတွေ မီးလောင် ပျက်စီး သွားတာမို့ အသက် မသေဘဲ ကျန်ရစ်သူ ရွာသား တွေဟာ ချောင်းနံ ဘေးမှာ ညလုံးပေါက် နေထိုင် ခဲ့ရပါတယ်။

ကမာရွတ် မီဒီယာ , Rangonnewsdaily
RND:  :1.5.2013

0 comments:

Post a Comment