Pages

Wednesday, May 1, 2013

ဝံကိုက်ရွာအား ယနေ နေ့လည် ၂-နာရီခွဲခန့် ကအကြမ်းဖက်သမားများမှ မီးရှို့ရန် ကြံစည်

မေလ ၁၊ ၂၀၁၃

ဝံကိုက်ရွာ ။ ။ ဥက္ကံရွာအလွန်မှ မွတ်စလင်မ်များနေထိုင်သည့် ရွာတစ်ရွာဖြစ်သည့် ၀ံကိုက်ရွာအား အကြမ်း

ဖက်သမားများမှ ယနေ နေ့လည် ၂-နာရီခွဲခန့်က ၀င်ရောက်ပြီး မီးရှို့ရန် ပြုလုပ်ခဲ့သည်။ ဥကံ္ကမြို့အလွန်တွင်
ရှိသည့် မွတ်စလင်မ်များနေထိုင်သည့်ဝံကိုက်ရွာကိုဝန်းကျင်ရွာမှ အကြမ်းဖက်သမား ၆၀-ခန့်က တက်လာပြီး
ဝံကိုက်ရွာထဲဝင်ရောက်လာခဲ့သည်။
အကြမ်းဖက်သမားများဝင်ရောက်လာသည်ကို တွေ့မြင်လိုက်တဲ့ ရွာသားခံ လုံခြုံရေးတွေ မြင်လို့လိုက်ကြ
တာကြောင့် ကောက်ရိုးပုံတွေကို မီးရှို့ပြီး ထွက်ပြေးသွားကြတယ်။ ရွာသားများမှဝိုင်းပြီး မီးငြိမ်းသတ် နေကြ
ရကြောင်း သိရသည်။

အဆိုပါ ၀ံကိုက်ရွာအား အကြမ်းဖက်မီးရှို့ရန် မ၀င်ရောက်မီတွင် မွတ်စလင်မ်များ နေထိုင်သည့်ချမ်းသာကုန်း

သို့လည်း အကြမ်းဖက်သမားများ ၀င်ရောက်ခဲ့ကြောင်းသိရသည်။ ယခုအခါ ချမ်းသာကုန်းသို့ တယ်လီဖုန်း
လိုင်း ဆက်သွယ်မှုများ မရရှိပါ။

ဝံကိုက်ရွာသည် တိုင်ရင်းသား အစ္စလာမ်သာသနာဝင်များ နေထိုင်သည့်ရွာဖြစ်ပြီး ခေတ်အဆက်ဆက်က သ

မိုင်းပေးတာဝန် ကျေပွန်ခဲ့သော အစ္စလာမ်သာသနာဝင်များ ပေါ်ထွန်းခဲ့ရာ ရွာတစ်ရွာလည်းဖြစ်သည်။ ဆရာ
စံ၏ တောင်သူ လယ်သမားတော်လှန်ရေးတွင် က-တပ်သားကြီး အဖြစ် ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့သော ဦးဒူဒူးသည် ၀ံကိုက်ရွာမှဖြစ်သည်။

M-Media , Rangonnewsdaily
RND:  :1.5.2013
ဇာဏီ

0 comments:

Post a Comment