ရန်ကုန်၊ ဧပြီ ၃၀။
ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင် ကမ်းနားလမ်းရှိ လင်းစဒေါင်း
မှတ်တိုင်းအနီးတွင် ယနေ့ည ၉နာရီခန့်တွင် ၄ခ
/၂၁၄၁ ဆယ်ဘီးကားတစ်စီးနှင့်
AA-9977တက္ကဆီကားတို့ မျက်နှာချင်းဆိုင် တိုက်မိရာ တက္ကဆီကားလေး
၏ ဘယ်ဖက်ခေါင်းကြေမွသွားကာ ကားမောင်းသူ ဘယ်ခြေထောက်နာနေပြီးပွန်းပဲ့ဒဏ်ရာ အနည်းငယ် ရရှိ
သွားကြောင်း၊ဆယ်ဘီးကားမောင်းနှင်သူထွက်ပြေးသွားကြောင်းဒဏ်ရာရှိသူကိုခင်ဇော်က ပြောကြားသည်။ တက္ကဆီကားသည် ဗိုလ်တစ်ထောင်ဖက်မှ ဘယ်ဖက်ယာဉ်ကျော အတိုင်းမောင်းနှင်လာခြင်းဖြစ်ပြီး မျက်နှာ
ချင်းဆိုင် မောင်းနှင်လာသော ဆယ်ဘီးကားသည် ဘယ်ဖက်ယာဉ်ကျောသို့ဝင်၍ တိုက်မိခဲ့ခြင်းဖြစ်သည်ဟု
သိရသည်။
“မျက်စိနဲ့တော့ မမြင်လိုက်ဘူး။ ဝုန်းဆိုကြားတာနဲ့ ထွက်ကြည့်ကြတာ။ခုကြည့်ရတဲ့အမနေအထားအရ ကား
ကြီးက လမ်းမှားထားတာကို တွေ့ရတယ်လေ။ ပြီးတော့ကားမောင်းတဲ့သူကချက်ချင်းထွက်ပြေးသွားတာဆို
တော့ ကားကြီးမှားတာဖြစ်နိုင်ပါတယ်”ဟု ဗိုလ်တစ်ထောင် (၁)ရပ်ကွက်ဥက္ကနှင့်အတူ လာရောက်ကြည့်ရူသူ
က ပြောကြားသည်။
ယာဉ်တိုက်မှုဖြစ်ပြီး ရဲတစ်ဦးရှိနေသော်လည်း တစ်နာရီခန့် အကြာယာဉ်ထိမ်းရဲများ ရောက်ရှိလာပြီး လာ
ရောက် ကြည့်ရှုသူများနှင့် တက္ကဆီကားသမားအား စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြာင်း သိရသည်။ ဆက်
လက်၍ အမှုဖွင့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟုလည်း၎င်းတို့ကပြောကြားလျက်ရှိသည်ဟု
သိရသည်။
AT
The Myanma Age , Rangonnewsdaily
RND: :30.4.2013
![]() |
ရန်ကုန်၊ ဧပြီ ၃၀။
ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင် ကမ်းနားလမ်းရှိ လင်းစဒေါင်း မှတ်တိုင်းအနီးတွင် ယနေ့ည ၉နာရီခန့်တွင် ၄ခ

0 comments:
Post a Comment