Pages

Wednesday, May 1, 2013

ဥက္ကံမြို့ အခြေအနေ ည ၁၁း၀၀

ဥက္ကံမြို့နယ်အတွင်း ဧပြီ ၃၀ ရက်နေ့ နေ့လည်ပိုင်းကစတင်ဖြစ်ပွားခဲ့သည့်
ပဋိပက္ခအတွင်း မြို့တွင်းရှိ ဗလီနှင့် ဆိုင်ခန်းတချို့ပျက်စီးခဲ့ပြီး မြို့အစွန်ရှိ၏
မွတ်ဆလင်ကျေးရွာသုံးရွာ မီးလောင်ကျွမ်းခဲ့သည်။ 

ပုံမှာ ပနီပြင်ကျေးရွာတစ်ဖက်ကမ်းရှိ မွတ်ဆင်ကျေးရွာတစ်ရွာအတွင်း
မီးလောင်ကျွမ်းနေဆဲ နေအိမ်များကိုတွေ့ရစဉ်။

ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
ဓာတ်ပုံ- ဂျေမောင်မောင်(အမရပူရ)
လက်ရှိဥက္ကံမြို့ပေါ်နှင့် အနီးအနားရွာများတွင် အကြမ်းဖက်သမားများ အဆက်မပျက်မီးတင်ရှို့မှုများ ပြုနေ
ကြောင်းသိရှိရသည်။ဆင်ဖြူရပ်ကွက် ပြာကျလုနီးနီးရှိပြီဖြစ်ကြောင်းနှင့်စစ်တပ်အင်အားမှာအရံတပ်ဖွဲ့ ဟိုင်
လပ်တစ်စီးစာခန့်သာရှိကြောင်းဒေသခံတစ်ဦးမှာပြောပြသည်။
ရဲလုံခြုံရေးများ ပတ်သယောင်လှည့်နေတာကိုလဲတွေ့ရပါတယ်။ ရန်ကုန်တိုင်း ရဲမှူးကြီးများ ယခုမှရောက်ရှိ
လာကြောင်း၊ စစ်ကားတစ်စီးလည်းပါလာကြောင်းသိရသည်။အစ္စလာမ်ဘာသာဝင်များ၏ ရွာတစ်ရွာဘက်
သို့ မနက်မိုးလင်း ချီတက်တော့မည်ဖြစ်ကြောင်းပြောကြားနေသည်ကိုလဲတွေ့ရသည်။ 
မွတ်စလင်များအား မည်သူမျှ ကူညီမည့်သူမရှိ၊ အကာအကွယ်မဲ့နေကြောင်း၊ လက်ရှိအချိန်ထိ သေဆုံးဒဏ်
ရာရမှုများ မဖြစ်ပေါ်သေးကြောင်း၊ အခြေအနေမှာ အလွန်စိုးရိမ်စရာအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ဥက္ကံသို့ရောက်ရှိနေသည့် မိတ်ဆွေ ဗုဒ္ဓဘာသာဝင်တစ်ဦးမှ ည (၁၁း၁၀) နာရီတွင် သတင်းပေးပို့သည်။
အာကာမင်းထွန်း
Rangonnewsdaily
RND:  :30.4.2013

0 comments:

Post a Comment