Pages

Wednesday, May 1, 2013

ဥက္ကံမြို့ က မြေဇာပင်လူငယ်နှစ်ဦး

ကျနော် နဲ့ ဥက္ကံမြို့ က မြေဇာပင်လူငယ်နှစ်ဦး

ဒီပုံမှာပါတဲ့ဆိုင် ကိုသေသေချာချာ ကြည့်ပါ..ပြီးရင်ကျနော် ပြောပြချင်တာလေးကို ဆုံးအောင်ဖတ်ကြည့်ပေးပါ ခင်ဗျာ

ပြီးခဲ့တဲ့ လေးငါးရက်လောက်က ကျနော် ဥက္ကံမြို့ ကနေ ဖုန်းဝင်လာပြီး ဂိမ်းဆိုင်လာဆင်ပေးဖို့ ခေါ်တာနဲ့ ကျနော် ... သွားဆင်ပေးခဲ့တယ်

အဲဒီမှာ အသက် ( ၂၀ ) ကျော် ချာတိတ်လေး ၂ ယောက် ဂိမ်းစက် ( ၇ ) စုံနဲ့  ဥက္ကံဘူတာ နားမှာ စပ်တူဖွင့်ထားတဲ့ ဆိုင်လေးပါ..ပုံမှာ နောက်က မြင်နေ၇တဲ့ အဆောင်အဦးက ဥက္ကံဘူတာ...ပါ

ဒီကလေး ၂ ယောက် မှာ တယောက် က ရန်ကုန်မှာ အလုပ်လုပ်ပြီး စုဆောင်းမိတဲ့ ပိုက်ဆံလေးနဲ့  သူငယ်ချင်း ၂ ယောက် ပေါင်းပြီး ဆိုင်လေး ဖွင့်ထားတာ မကြာသေးဘူး...

မိဘတွေ ရဲ့  ကုန်စုံဆိုင် ဘေးမှာ အဖီလေးချ ပြီး နေရာကတ်သီးကတ်သက်လေး မှာ ဖြစ်သလိုလေးနဲ့  ဂိမ်းဆိုင်လေးဖွင့်ခဲ့ကြတယ်..

လုပ်ငန်းလေး ကောင်းလာတော့  ရလာတဲ့ပိုက်ဆံကို မသုံးပဲ  ဆိုင်လေးထပ်ချဲ့ကြတယ်..
နည်းပညာ လိုအပ်တော့ ကျနော် ကိုလှမ်းခေါ်တာနဲ့  သွားခဲ့တာ...

အဲဒီအချိန်တုန်းက သူတို့ ပျော်နေကြတယ်..ကျနော်တို့  ဆိုင်ကို ထပ်ပြီးချဲ့ ချင်သေးတယ် အကို...ပိုက်ဆံစုပြီး စက်တွေ ၀ယ်ထည့်ဦးမယ်..လို့တောင်ပြောကြသေးတယ်..

ခုံလေးတွေ မှ ၀ယ်ထားတာ မကြာသေးဘူး အသစ်ချပ်ချွတ်လေးတွေ...
အိမ်ဘေးမှာ အဖီလေးချပြီး ဖွင့်တဲ့ဆိုင်ဆိုပေမယ့်..သပ်သပ်ရပ်ရပ်လေး..

ခုကြည့်ပါဦးဗျာ....ဖွတ်ဖွတ်ညက်ညက် ကိုကျေနေတဲ့ သူတို့  ရဲ့ ဆိုင်ကလေး...
သူတို့  အိမ်မက်တွေ ပျက်စီးကုန်ပြီ...
သူတို့ ရည်ရွယ်ချက်တွေ ပျောက်ကုန်ပြီ....

ကျနော် ဒီနေ့ ညနေ ပိုင်း Facebook ဖွင့်လိုက်တော့ ဥက္ကံမြို့  ပုံတွေ ကို RFA ကတင်ထားတော့ ကြည့်ရင်းနဲ့  ဒီပုံလေးကို တွေ့တော့  ကျနော် ချက်ချင်း သူတို့ ဆီဖုန်းခေါ်တယ်...
တော်တော် နဲ့  မရဘူး..စိတ်ရှည်ရှည် ခေါ်တော့ ဖုန်း ၀င်သွားပြီး ကိုင်တယ်..

ဖုန်းသံက လေတိုးသံတွေ ဆိုင်ကယ်သံတွေ နဲ့ ရောနေတယ်..သိပ်မကြားရဘူး...
ကျနော်ပြောတယ်...ညီလေး  မင်းဆိုင် တော်တော်ပျက်သွားလား..ငါ အင်တာနက်သတင်း ပုံတွေမှာ မင်းဆိုင် ပျက်ကုန်တာတွေ့ လိုက်တယ်ဆိုတော့...

ဟုတ်တယ် အကို...အကုန်ပျက်စီးကုန်ပြီ..စက်တွေရော..ခုံတွေရော....နောက်မှ ပြန်ဆက်ပါအကို ဆိုပြီးဖုန်း ချ သွားတယ်...
ကျနော် နဲ့ ဖုန်းပြောတဲ့ အသံက......တစုံတခုကို ကြောက်ရွံ့စိုးရိမ်းနေပြီး ၀မ်းနည်းနေတဲ့ အသံပါ.....

ကျနော် ဒီချာတိတ်တွေကို 
ကုလားလို့ လဲ မမြင်ဘူး...ဗမာလို့ လဲ မမြင်ဘူး....
ဗုဒ္ဓဘာသာ လို့ လဲ မမြင်ဘူး...အစ္စလာမ် လို့ လဲ မမြင်ဘူး...
ရည်ရွယ်ချက် ပန်းတိုင် ကို ဖျက်စီးခံလိုက်ရတဲ့...လူငယ်တွေ လို့ ပဲ မြင်တယ်..

သူတို့ လို လူငယ်တွေ ....ခုဖြစ်နေကြတဲ့..ပရိပက္ခ တွေမှာ အများကြီး ရှိနေနိုင်တယ်...
လေလွှင့်မနေပဲ...ရည်ရွယ်ချက်လေးတွေ ကိုယ်စီ နဲ့  အလုပ်ထဲမှာ ကြိုးစားနေတဲ့လူငယ်တွေ...
ဒီလူငယ်တွေ အနည်းနဲ့အများတော့ စိတ် ဒါဏ်ရာ ရသွားမှာပဲ....

ဒီလူငယ်တွေရဲ့  စိတ်ဒါဏ်ရာ ကို ကျနော်တို့  ဘယ်လို ကုစားနိုင်ကြမှာလဲ...
ပရိပက္ခတွေ ဖန်တီးခဲ့သူတွေ ကရော..ကိုယ်လုပ်ရပ်ကို..မှန်ကန်တယ်ထင်နေကြပြီလား..
မြေဇာပင်ဖြစ်ခဲ့ရတဲ့ ခုလို လူငယ်တွေကိုရော..ဘယ်လိုပြန်ပြီး ပျိုးထောင်ပေးနိုင်မလဲ..ဘယ်လိုတာဝန်ယူနိုင်မလဲ..

ဒါကြောင့်ပဲ...မိမိတို့ ရဲ့ လုပ်ရပ်မှန် မမှန် ပြန်လည်ပြီး သုံးသပ်ကြဖို့ လိုပြီလို့  ကျနော် ပြောချင်ပါတယ်ခင်ဗျာ...

 မြတ်သူ 
http://www.facebook.com/MgMyatThu

ဥက္ကံမြို့ မှာ ယခုရက်ပိုင်းအတွင်း ဂိမ်းဆိုင်ဖွင့်ဖို့ကူညီပေးခဲ့တဲ့ အကိုတစ်ယောက်ပြောပြတဲ့လူငယ်တွေ
ရဲ့မျော်လင့်ချင်တွေကိုရိုက်ချိုးဖျက်ဆီးပစ်လိုက်တဲ့ လူသတ်အကြမ်းဖက်တိုက်ခိုက်မှုအကြောင်းလေးပါ။
ဒီပုံမှာပါတဲ့ဆိုင် ကိုသေသေချာချာ ကြည့်ပါ..ပြီးရင်ကျနော် ပြောပြချင်တာလေးကို ဆုံးအောင်ဖတ်ကြည့်ပေး
ပါ ခင်ဗျာ

ပြီးခဲ့တဲ့ လေးငါးရက်လောက်က ကျနော် ဥက္ကံမြို့ ကနေ ဖုန်းဝင်လာပြီး ဂိမ်းဆိုင်လာဆင်ပေးဖို့ ခေါ်တာနဲ့ 
ကျနော် ... သွားဆင်ပေးခဲ့တယ်

အဲဒီမှာ အသက် ( ၂၀ ) ကျော် ချာတိတ်လေး ၂ ယောက် ဂိမ်းစက် ( ၇ ) စုံနဲ့  ဥက္ကံဘူတာ နားမှာ စပ်တူဖွင့်

ထားတဲ့ ဆိုင်လေးပါ..ပုံမှာ နောက်က မြင်နေ၇တဲ့ အဆောင်အဦးက ဥက္ကံဘူတာ...ပါ

ဒီကလေး ၂ ယောက် မှာ တယောက် က ရန်ကုန်မှာ အလုပ်လုပ်ပြီး စုဆောင်းမိတဲ့ ပိုက်ဆံလေးနဲ့  သူငယ်

ချင်း ၂ ယောက် ပေါင်းပြီး ဆိုင်လေး ဖွင့်ထားတာ မကြာသေးဘူး...

မိဘတွေ ရဲ့  ကုန်စုံဆိုင် ဘေးမှာ အဖီလေးချ ပြီး နေရာကတ်သီးကတ်သက်လေး မှာ ဖြစ်သလိုလေးနဲ့  ဂိမ်း

ဆိုင်လေးဖွင့်ခဲ့ကြတယ်..

လုပ်ငန်းလေး ကောင်းလာတော့ ရလာတဲ့ပိုက်ဆံကို မသုံးပဲ ဆိုင်လေးထပ်ချဲ့ကြတယ်..နည်းပညာ လိုအပ်

တော့ ကျနော် ကိုလှမ်းခေါ်တာနဲ့  သွားခဲ့တာ...

အဲဒီအချိန်တုန်းက သူတို့ ပျော်နေကြတယ်..ကျနော်တို့  ဆိုင်ကို ထပ်ပြီးချဲ့ ချင်သေးတယ် အကို...ပိုက်ဆံစုပြီး စက်တွေ ၀ယ်ထည့်ဦးမယ်..လို့တောင်ပြောကြသေးတယ်..

ခုံလေးတွေ မှ ၀ယ်ထားတာ မကြာသေးဘူး အသစ်ချပ်ချွတ်လေးတွေ...အိမ်ဘေးမှာ အဖီလေးချပြီး ဖွင့်တဲ့

ဆိုင်ဆိုပေမယ့်..သပ်သပ်ရပ်ရပ်လေး..

ခုကြည့်ပါဦးဗျာ....ဖွတ်ဖွတ်ညက်ညက် ကိုကျေနေတဲ့ သူတို့  ရဲ့ ဆိုင်ကလေး...သူတို့  အိမ်မက်တွေ ပျက်စီး

ကုန်ပြီ...သူတို့ ရည်ရွယ်ချက်တွေ ပျောက်ကုန်ပြီ....

ကျနော် ဒီနေ့ ညနေ ပိုင်း Facebook ဖွင့်လိုက်တော့ ဥက္ကံမြို့  ပုံတွေ ကို RFA ကတင်ထားတော့ ကြည့်ရင်းနဲ့  ဒီပုံလေးကို တွေ့တော့  ကျနော် ချက်ချင်း သူတို့ ဆီဖုန်းခေါ်တယ်...တော်တော် နဲ့  မရဘူး..စိတ်ရှည်ရှည်

ခေါ်တော့ ဖုန်း ၀င်သွားပြီး ကိုင်တယ်..

ဖုန်းသံက လေတိုးသံတွေ ဆိုင်ကယ်သံတွေ နဲ့ ရောနေတယ်..သိပ်မကြားရဘူးကျနော်ပြောတယ်...ညီလေး

မင်းဆိုင် တော်တော်ပျက်သွားလားငါ အင်တာနက်သတင်း ပုံတွေမှာမင်းဆိုင်ပျက်ကုန်တာတွေ့ လိုက်တယ်
ဆိုတော့...

ဟုတ်တယ် အကို...အကုန်ပျက်စီးကုန်ပြီ..စက်တွေရော..ခုံတွေရော....နောက်မှ ပြန်ဆက်ပါအကို ဆိုပြီးဖုန်း ချ သွားတယ်။ကျနော် နဲ့ ဖုန်းပြောတဲ့ အသံကတစုံတခုကို ကြောက်ရွံ့စိုးရိမ်းနေပြီး ၀မ်းနည်းနေတဲ့အသံပါ.....

သူတို့ လို လူငယ်တွေ ....ခုဖြစ်နေကြတဲ့..ပရိပက္ခ တွေမှာ အများကြီး ရှိနေနိုင်တယ်...လေလွှင့်မနေပဲ...ရည်

ရွယ်ချက်လေးတွေ ကိုယ်စီ နဲ့  အလုပ်ထဲမှာ ကြိုးစားနေတဲ့လူငယ်တွေ.ဒီလူငယ်တွေ အနည်းနဲ့အများတော့
စိတ် ဒါဏ်ရာ ရသွားမှာပဲ။

ဒီလူငယ်တွေရဲ့  စိတ်ဒါဏ်ရာ ကို ကျနော်တို့  ဘယ်လို ကုစားနိုင်ကြမှာလဲ။ပရိပက္ခတွေ ဖန်တီးခဲ့သူတွေ က

ရော..ကိုယ်လုပ်ရပ်ကို..မှန်ကန်တယ်ထင်နေကြပြီလား..မြေဇာပင်ဖြစ်ခဲ့ရတဲ့ ခုလို လူငယ်တွေကိုရော..ဘယ်
လိုပြန်ပြီး ပျိုးထောင်ပေးနိုင်မလဲ..ဘယ်လိုတာဝန်ယူနိုင်မလဲ။

ဒါကြောင့်ပဲ...မိမိတို့ ရဲ့ လုပ်ရပ်မှန် မမှန် ပြန်လည်ပြီး သုံးသပ်ကြဖို့ လိုပြီလို့  ကျနော် ပြောချင်ပါတယ်ခင်ဗျာ...

မြတ်သူ 

Rangonnewsdaily
RND:  :1.5.2013

0 comments:

Post a Comment