Pages

Wednesday, May 1, 2013

တောင်ကိုရီးယားနိုင်ငံ နှင့် အစ္စလာမ်ဘာသာရောက်ရှိလာပုံ


Mmedia၁၉၅၀-ခုနှစ် ဇွန်လ ကိုရီးယားစစ်ပွဲအပြီး ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပါဝင်
ရောက်ရှိ လာတဲ့ တူရကီတပ်မတော်မှ ညီနောင်များမှ စတင် သာသနာပြုခဲ့တာပါ။ ၁၉၅၅-ခုနှစ် စက်တင်
ဘာလမှာ တပ်သားနှစ်ဦးဖြစ်တဲ့ ‘ဇူဘာကောခ်ျ’ (Zubercoch) နဲ့ ‘အဗ္ဗဒူ ရာမန်’ (Abdul Rahman) တို့က ယာယီတဲတစ်ခု စတင်ဆောက်လုပ်ခဲ့ပြီး ဗလီဝတ်ကျောင်းတော်အဖြစ်အသုံးပြုကာ အစ္စလာမ်သာသနာ ကိုသင်ကြားပြသခဲ့ပါတယ်။ တူရကီတပ်မတော်က ဒုက္ခသည် စခန်းရွာတွေမှာ ယာယီတဲ ဗလီဝတ် ကျာင်းေ တာ် များဖြင့် သာသနာပြု
ခဲ့ပါတယ်။ ပထမအဆင့်အနေဖြင့် ၁၉၅၅-ခုနှစ် အောက်တို ဘာလ မှာ အစ္စလာမ် ဘာသာဝင်ညီနောင်များ
က အစောပိုင်းမှာ Korea Muslim Committee ကို စတင်အကောင်အထည်ဖော်ပါတယ်။

၁၉၆၁-ခုနှစ် စက်တင်ဘာလမှာ မလေးရှားနိုင်ငံမှ လွှတ်တော်အမတ် ‘အိုဗိုင်ဒူလာ’ ဦးဆောင်တဲ့ ၁၄-ဦးအ
ဖွဲ့ ၁၃-ရက် သာသနာပြုခရီးရောက်ရှိခဲ့ပါတယ်။ အချို့ ကိုရီးယား မွတ်စလင်များကို မလေးရှားနိုင်ငံ မွတ်စ
လင်ကောလိပ်သို့ စေလွှတ်ပြီး ပညာသင်ကြားပေးတယ်။ 
 
၁၉၆၂-ခုနှစ် ဩဂုပ်လမှာဒုဝန်ကြီး Tunku Abdul Rahman ဦးဆောင်တဲ့ သံတမန်အဖွဲ့ဟာလည်း သွားရောက်
လေ့လာခဲ့ပြီး မလေးရှားအစိုးရမှ ‘ဆိုးလ်မြို့’၌ ဗလီဝတ်ကျောင်းတော်တည်ဆောက်ရန် Korea Muslim Community သို့ ဒေါ်လာ ၃၃၀၀၀ လှူဒန်းခဲ့သော်လည်း ငွေကြေးဖောင်းပွမှုနဲ့ အခြားအခက်အခဲများကြောင့် အပြီးမသတ်နိုင်ခဲ့ပါ။ ၁၉၆၃-ခုနှစ် အောက်တိုဘာလမှာ မလေးရှားအစိုးရအရာရှိတစ်ဦးဖြစ်တဲ့ Haji Muhammad Nur ကလည်း သာသနာပြုလုပ်ငန်းများ သေချာစွာလုပ်ကိုင်နိုင်ဖို့ မလေးရှားအစိုးရကို တိုက် တွန်းကြိုးပမ်းခဲ့ပါတယ်။

၁၉၆၇-ခုနှစ် မတ်လ ၃-ရက်နေ့မှာ အစိုးရခွင့်ပြုချက်နဲ့ Korean Islamic Foundation ကို စတင် မှတ်ပုံတင်
တည်ထောင်နိုင်ခဲ့ပြီး သာသနာပြုလုပ်ငန်းအား အရှိန်အဟုန်ဖြင့် လွတ်လပ်ပွင့်လင်းစွာလုပ် ကိုင်နိုင်ခဲ့ကြ
ပါတယ်။

၁၉၆၀-ခုနှစ်မှာ ‘Subri Seo Jung Gil ‘ ဦးဆောင်ပြီး ပထမဆုံးအကြိမ် ‘ဟဂ်ျ’ပြုနိုင်ခဲ့တယ်။ ၁၉၇၈-ခုနှစ်
အောက်တိုဘာလမှာ မွတ်စလင်ဦးရေ ၁၃၂-ဦး ‘ဟဂ်ျ’ပြုနိုင် ခဲ့ပြီး ၁၉၇၉-ခုနှစ်မှာ ၁၀၄-ဦး ‘ဟဂ်ျ’ပြုနိုင်ခဲ့
တာဟာလည်း ကိုရီးယားမွတ်စလင် သာသနာပြု လုပ်ငန်းအား ပိုမိုအားတက်အရှိန်ရစေခဲ့ပါတယ်။ ၁၉၇၄-
၁၉၈၀ ခုနှစ် ကာလ အရှေ့အလယ်ပိုင်းဒေသ တိုးတက်ကြီးပွါးထင်ရှားလာမှု (Boom of Middle East) ဟာ
လည်း ကိုရီးယားမွတ်စလင် သာသနာပြုလုပ်ငန်းအား အာရုံစိုက် မှုရရှိစေခဲ့ပါတယ်။၁၉၇၄-ခုနှစ် ဒီဇင်ဘာ
လမှာ သမ္မတကြီး Park Jung Hee ကဦးစီး၍ ဗလီဝတ်ကျောင်းတော်တည်ဆောက်ရန် စကွဲမီတာ ၁၅၀၀ ရှိ
မြေကွက်အား လှုဒါန်းခဲ့ပါတယ်။

၁၉၇၆-ခုနှစ် မေလမှာဆိုးလ်မြို့’၌ ဗဟို ဗလီဝတ်ကျောင်းတော်’ (Central Masjid) ကိုတည်ဆောက်ပြီးစီးနိုင်
ခဲ့ပြီး Islamic Center ကိုလည်း ဖွင့်လှစ်နိုင်ခဲ့တာဟာ ကိုရီးယားမွတ်စလင်တို့အတွက် ကြီးမားသောအောင်
မြင်ပြောင်းလဲမှုကြီးဖြစ်ခဲ့ပါတယ်။ သာသနာဝင်အရေအတွက်လည်း တိုးတက်များပြားလာခဲ့ပါတယ်။ပထမ
ဆုံး ဗလီဝတ်ကျောင်းတော်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံရပ်ခြားဂုဏ်သရေရှိပုဂ္ဂိုလ်များအပြင်ဝန်ကြီးချုပ်‘Choi
Gyu Hwa’ ကိုယ်တိုင်တက်ရောက်ခဲ့တဲ့အတွက် အစ္စလာမ်သာသနာအပေါ်စိတ်ဝင်စားမှုဟာလည်း တိုးတက်
များပြားလာပါတယ်။

၁၉၇၆-ခုနှစ် ဒီဇင်ဘာလမှာ ဘူဆန်မြို့မှာ ဗလီဝတ်ကျောင်းတော် တည်ဆောက်ခဲ့ပါတယ်။ ဆော်ဒီအာရေ
ဗျနိုင်ငံမှာလည်း ကိုရီးယားအစ္စလာမစ်ယဉ်ကျေးမှုဌာန ဖွင့်လှစ်ထားရှိနိုင်ခဲ့ပါတယ်။ ၁၉၇၈-ခုနှစ် ဧပြီလမှာ အခြားမြို့တစ်ခုမှာလည်း ဗလီဝတ်ကျောင်းတော်တည်ဆောက်ခဲ့ပါတယ်။

၁၉၈၀-ခုနှစ် မေလ နှစ်နိုင်ငံထိပ်သီးအစည်းအဝေး၌ ဝန်ကြီးချုပ် ‘Choi Gyu Hwa’ က ဆော်ဒီဘုရင် ‘ခါလစ်
ဒ်’အားကိုရီးယားအစ္စလာမစ် ကောလိပ်’ဖွင့်လှစ်နိုင်ရန် မြေကွက်လှုဒါန်းဖို့ ကတိပြုခဲ့ပါတယ်။ ၁၉၈၀-ခုနှစ်
စက်တင်ဘာလမှာ ‘ဘူဆန် အလ်ဖာတာ ဗလီဝတ်ကျောင်းတော်’ နဲ့ ၁၉၈၁-ခုနှစ် ဇွန်လမှာ ‘ဂွမ်ဂျု ဗလီ
ဝတ်ကျောင်းတော်’များ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၆-ခုနှစ် ဧပြီလမှာ ‘အန်ယန် ရာဘီတာ အလ်
အလမ် ဗလီဝတ်ကျောင်းတော်’ နဲ့ စက်တင်ဘာလမှာ ‘ကျွံဂျု အဘူဗကရ်ဆီဒက် ဗလီဝတ်ကျောင်းတော်’ များ ထပ်မံဖွင့်လှစ်နိုင်ခဲ့ပါတယ်။

၁၉၉၀-ခုနှစ်မှာ ‘စူလ်တန်ဘင် အဗ္ဗဒူအဇစ်’ အခြေခံစာသင်ကျောင်း (Madrasah) ကိုတည်ထောင်ခဲ့ပြီး ၂၀၀၉-ခုနှစ် မေလမှာ ပထမဆုံး အစ္စလာမစ်မူလတန်းကျောင်း (Elementary School)ကို ဖွင့်လှစ်ခဲ့ပါတယ်။
နောင်အခါ အထက်တန်းကျောင်း၊ တက္ကသိုလ်တို့အပြင် ယဉ်ကျေးမှုဌာနများလည်း ဖွင့်လှစ်သွားဖို့ရှိတယ်
လို့လည်း သိရပါတယ်။ ဆော်ဒီအာရေဗျ သံအမတ်ကြီး ‘အဗ္ဗဒူလာ အလ်အိုင်ဖန်’ ဆော်ဒီအာရေဗျအစိုးရ
ကိုယ်စား Korea Islamic Foundation သို့ ဒေါ်လာ ၅-သိန်း ပေးအပ်လှုဒါန်းခဲ့ပါတယ်။

၂၀၀၇-ခုနှစ် စာရင်းဇယားများနဲ့ Korea Islam Institute ဥက္ကဌ Lee Hee Soo ရဲ့ပြောကြားချက်အရ တောင်
ကိုရီးယားနိုင်ငံမှာ မွတ်စလင်ဦးရေ ၄၀၀၀၀-ကျော် ရှိနေ ပါပြီ။

(စကားချပ်။ ။ တောင်ကိုရီးယားမိတ်ဆွေတစ်ဦးရဲ့ မကြာသေးမီက ပြောပြချက်အရ အစ္စလာမ်သာသနာဟာ အလျင်အမြန်ပြန့်နှံ့နေကြောင်း ဝမ်းသာအားရ သိရှိရ ပါတယ်။)

လင်းယုန်နက် (ခြင်္သေ့မြို့တော်),
Rangonnewsdaily
RND:  :1.5.2013
 References:
http://www.islamkorea.com/
http://en.wikipedia.org/wiki/Islam_in_Korea
ဓါတ်ပုံ- ဆိုးလ်မြို့ရှိ ဗဟိုဗလီ Photo- http://en.wikipedia.org/

0 comments:

Post a Comment