Pages

Wednesday, May 1, 2013

"ဥက္ကံပဋိပက္ခအတွင်း သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီး"

"ဥက္ကံပဋိပက္ခအတွင်း သံသယရှိသူ ၁၈ ဦးကို ဖမ်းဆီး"

ဧပြီ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို လှုံဆော်သူလို့ သံသယရှိတဲ့ ဒေသခံ ၁၈ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း RFA က စုံစမ်းသိရပါတယ်။

သံသယရှိသူ ၁၈ ဦးကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့နဲ့ရန်ကုန်တိုင်းရဲတပ်ဖွဲ့ စစ်ကြောရေးစခန်းတွေမှာ နှစ်နေရာခွဲပြီး စစ်ဆေးမေးမြန်းမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဧပြီ  ၃၀ ရက်ညနေပိုင်းမှာ ဥက္ကံမြို့ သကြားစက်ပတ်ဝန်းကျင်က  အစ္စလာမ်ဘာသာဝင်တွေ အများဆုံးနေထိုင်တဲ့ ရတနာကုန်း၊ပနီပင်၊ ခြောက်သဲနဲ့ သဲကုန်းကျေးရွာတွေက အိမ်ခြေ ၁၀၀ ကျော်ကို လူအုပ်စုလိုက် ဝင်ရောက် ဖျက်စီး၊မီးရှို့တာတွေ ပြုလုပ်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင်တွေက အဲဒီနေရာတွေမှာ လုံခြုံရေးတာဝန်ယူထားတယ်လို့ ဥက္ကံမြို့က ရဲအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဥက္ကံမြို့မဈေးကို သုံးရက်ကြာ ပိတ်ထားလိုက်ပြီး၊ဥက္ကံမြို့နဲ့ ပတ်ဝန်းကျင်က ကျေးရွာတွေကို ပုဒ်မ ၁၈၈ အမိန့်ထုတ်ပြန် ကြေညထားပါတယ်။

ဧပြီ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ရန်ကုန်ဆေးရံကြီး ကို တင်ပို့ဆေးကုသမှု ခံယူစေတဲ့ ကိုတင်ဝင်း၊ကိုဇော်နိုင်နဲ့ကိုအီစမန်တို့ထဲက အစ္စလာမ်ဘာသာဝင် ကိုဇော်နိုင်က ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါတယ်။

ဥက္ကံမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရသူ ၁၀ ဦး ရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ဧပြီ ၃၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ဥက္ကံမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို လှုံဆော်သူလို့ သံသယရှိ
တဲ့ ဒေသခံ ၁၈ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း RFA က စုံစမ်းသိရပါတယ်။ သံသယရှိသူ ၁၈ ဦးကို မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့နဲ့ရန်ကုန်တိုင်းရဲတပ်ဖွဲ့ စစ်ကြောရေးစခန်းတွေမှာ နှစ်
နေရာခွဲပြီး စစ်ဆေးမေးမြန်းမှုတွေ စတင်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဧပြီ ၃၀ ရက်ညနေပိုင်းမှာဥက္ကံမြို့သကြားစက်ပတ်ဝန်းကျင်ကအစ္စလာမ်ဘာသာဝင်တွေ အများဆုံးနေထိုင်
တဲ့ ရတနာကုန်း၊ပနီပင်၊ ခြောက်သဲနဲ့ သဲကုန်းကျေးရွာတွေက အိမ်ခြေ ၁၀၀ ကျော်ကို လူအုပ်စုလိုက် ဝင်
ရောက် ဖျက်စီး၊မီးရှို့တာတွေ ပြုလုပ်ခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင်တွေက အဲဒီနေရာတွေမှာ လုံခြုံရေးတာဝန်
ယူထားတယ်လို့ ဥက္ကံမြို့က ရဲအရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့တဲ့ ဥက္ကံမြို့မဈေးကို သုံးရက်ကြာ ပိတ်ထားလိုက်ပြီး၊ဥက္ကံမြို့နဲ့ ပတ်ဝန်းကျင်က
ကျေးရွာတွေကို ပုဒ်မ ၁၈၈ အမိန့်ထုတ်ပြန် ကြေညထားပါတယ်။

ဧပြီ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကြောင့်ရန်ကုန်ဆေးရံကြီး ကို တင်ပို့ဆေးကုသမှု ခံယူစေတဲ့ ကိုတင်
ဝင်း၊ကိုဇော်နိုင်နဲ့ကိုအီစမန်တို့ထဲက အစ္စလာမ်ဘာသာဝင် ကိုဇော်နိုင်က ရရှိတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပါ
တယ်။

ဥက္ကံမြို့မှာ မနေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာအတွင်းလူနာအဖြစ် ဆေး
ကုသမှုခံယူနေရသူ ၁၀ ဦး ရှိတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
 
Rangonnewsdaily
RND:  :1.5.2013

0 comments:

Post a Comment