Pages

Wednesday, May 1, 2013

ပီရူးတွင် မိုးပျံလေဘောလုံး ပျက်ကျမှုအတွင်း လူ ၂ ဦး ပျောက်ဆုံး

ပီရူးတွင် မိုးပျံလေဘောလုံး ပျက်ကျမှုအတွင်း လူ ၂ ဦး ပျောက်ဆုံး

ပီရူးနိုင်ငံတွင် မိုးပျံ လေဘောလုံးတစ်ခု ပျက်ကျမှုကြောင့် လူ(၂)ဦး ပျောက်ဆုံးလျှက် ရှိနေကြောင်း သတင်း
များက ဖော်ပြခဲ့သည်။ လေဘောလုံးသည် ပစိဖိတ် သမုဒ္ဒရာအတွင်း ပျက်ကျသွားခြင်း ဖြစ်ပြီး ယင်းနှင့်အတူ လိုက်ပါလာသည့် အမျိုးသမီး (၅)ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပီရူး အာဏာပိုင်များက ပြောကြား
ခဲ့သည်။
သို့သော်လည်း လေဘောလုံးကို မောင်းနှင်သူနှင့် အခြားတစ်ဦးကိုမူယခုတိုင်ရှာမတွေ့သေးဟု သိရှိရသည်
။ ပြည်ထဲရေးဝန်ကြီး ဝီလ်ဖရက်ဒို ပီဒရက်ဇာက လေဘောလုံးကို ပိုင်ဆိုင်သည့် Globos Peru SAC ကုမ္ပဏီ
အား လေဘောလုံးပေါ် လိုက်ပါလာသူ အားလုံးတွင် အသက်ကယ်အင်္ကျီ ရှိမနေခြင်းအတွက် ပြင်းပြင်းထန်
ထန် ဝေဖန် ပြစ်တင်ထားသည်။

ယခုအခါ ပီရူးရေတပ်၊ လေတပ်နှင့် ရဲတပ်ဖွဲ့တို့သည် သမုဒ္ဒရာ ရေပြင်တွင် ပျောက်ဆုံးနေသူ နှစ်ဦးအား ရှာ
ဖွေမှုကို အင်တိုက်အားတိုက် လုပ်ဆောင်နေသလို စေတနာ့ဝန်ထမ်း အချို့ကလည်း ပူးပေါင်း ကူညီလျှက် ရှိ
သည်။ ၎င်းတို့သည် ကိုယ်ပိုင် လှေငယ်များကို အသုံးပြုကာ ရှာဖွေရေး ကဏ္ဍတွင် တစ်တပ်တစ်အား ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။

သတင်းများက အဆိုပါ ပျောက်ဆုံးနေသူ နှစ်ဦးစလုံး၊ သို့မဟုတ် တစ်ဦးသည်ကမ်းခြေဘက် ကူးခတ်ရန် ကြိုး
စားခဲ့ကြောင်း ဖော်ပြခဲ့ပြီး အမျိုးသမီး တစ်ဦးကမူ ရေပေါ် ပေါ်နေသည့် ခြင်းထဲတွင် ဆက်ထိုင်နေခဲ့ကြောင်း
ရေးသားခဲ့ကြသည်။ ကယ်ဆယ်ခံထားရသူ အားလုံးကို ဆေးရုံသို့ တင်ပို့ကာ စောင့်ရှောက်ကုသမှု ခံယူနေ
စေကြောင်းလည်း သိရှိရသည်။

"အမျိုးသမီး (၅)ဦးကို ဘေးမသီရန်မခကယ်တင်နိုင်ခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ရပါမယ်။ ကျွန်
တော်တို့ အနေနဲ့ နောက်ထပ် လူ(၂)ယောက်ကိုတော့ လိုက်ရှာနေရတုန်းပဲ။သူတို့အသက်ရှင်နေတုန်းပဲလို့
တော့ မျှော်လင့်မိတယ်"ဟုလည်း ပီဒရက်ဇာက ဆိုသည်။ ၎င်းက "(၅)ယောက် ကယ်နိုင်တာ ပျော်မိပါတယ်။

ဒါပေမဲ့ နောက်လူတွေကို ရှာမတွေ့သေးသ၍ ကျွန်တော်တို့မှာ စိတ်တင်းကျပ်မှုတွေတော့ ရှိနေဦးမှာပဲ"ဟု
လည်း၎င်းက ပြောကြားခဲ့သည်။ပီဒရက်ဇာက အသက်ကယ် အင်္ကျီ မဝတ်ထားသည့် ကိစ္စအပြင် လေဘော
လုံးတွင် GPS တပ်မထားခြင်း အတွက်ပါ ကုမ္ပဏီကို ပြစ်တင် ပြောဆိုမှု ပြုလုပ်သွားခဲ့သေးသည်။

Source: BBC , Rangonnewsdaily
RND:  :1.5.2013

0 comments:

Post a Comment