Pages

Friday, January 18, 2013

ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ကျင်းပမည့် ဗြိတိန်နိုင်ငံရဲ့ YLE (Starters, Movers & Flyers) စာမေးပွဲများ၏ စာမေးပွဲ အချိန်ဇယား ကြေငြာလိုက်ပြီ

ယူကေစာမေးပွဲသတင်းများ (ဇန်နဝါရီလ ၂ဝ၁၃ )

- ၂ဝ၁၃ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ကျင်းပမည့် YLE (Starters, Movers & Flyers) စာမေးပွဲများ၏ စာမေးပွဲ အချိန်ဇယားကို နံပါတ် (၇၈) ကန်းနားလမ်းရှိ ဗြိတိသျှကောင်စီ မြေညီထပ်တွင်ရှိသော Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့ မနက် (၈း၃ဝ) မှ ညနေ (၆:၃ဝ) အတွင်း မှတ်ပုံတင် မူရင်း၊ ငွေသွင်းထားသော ဖြတ်ပိုင်းနှင့် တကွ လာရောက်ထုတ်ယူနိုင်ပါပြီ။ - ၂ဝ၁၂ နိုဝင်ဘာလ တွင် ဖြေဆိုထားသော LCCI Series 4 (November Series) စာမေးပွဲ (Private Session) အောင်စာရင်းများကို
နံပါတ် ၇၈ ကန္နားလမ်းရှိ ဗြိတိသျှကောင်စီ မြေညီထပ်တွင်ရှိသော Customer Service & Sales Department တွင် တနင်္လာနေ့မှ စနေနေ့ မနက် (၈း၃ဝ) မှ ညနေ (၆:၃ဝ) အတွင်း မှတ်ပုံတင် မူရင်း၊ စာမေးပွဲ အချိန်
ဇယားနှင့်တကွ လာရောက်ကြည့်ရှုနိုင်ပါပြီ။

ွမှတ်ချက်- ကျောင်းမှ စာမေးပွဲကြေးသွင်းထားသော ကျောင်းသား ကျောင်းသူများ သက်ဆိုင်ရာကျောင်းသို့ စုံစမ်းရန်။

- ၂ဝ၁၃ ဧပြီလတွင် LCCI Series 2 (April Series) စာမေးပွဲများအား ကျင်းပမည်ဖြစ်သဖြင့် စာမေးပွဲကြေး

များကို ဇန္နဝါရီလ (၁၄) ရက်နေ့ မှ (၁၈) ရက်နေ့အထိ ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် မနက် (၈း၃ဝ) မှ နေ့လည် (၃း၃ဝ) အတွင်း မှတ်ပုံတင် မူရင်းနှင့် တကွ လာရောက်
 ပေးသွင်းနိုင်ပြီ။

စာမေးပွဲကြေး - Level 1= 32 | Level 2= 37 | Level 3= 42
စာမေးပွဲကာလ- ၂ဝ၁၃ ဧပြီလ (၂) ရက်နေ့မှ (၉) ရက်နေ့ အထိ

- ၂ဝ၁၃ ဇန္နဝါရီလတွင် ACCA CBE စာမေးပွဲများကို ကျင်းပမည်ဖြစ်သဖြင့် စာမေးပွဲကြေးများကို ၂ဝ၁၃ ဇန္နဝါရီလ (၁၄) ရက်နေ့မှ (၁၈) ရက်နေ့ အထိ ဗြိတိသျှကောင်စီ မြေညီထပ်ရှိ Customer Service & Sales Department တွင် မနက် (၈း၃ဝ) မှ နေ့လည် (၃း၃ဝ) အတွင်း မှတ်ပုံတင် မူရင်းနှင့် တကွ လာရောက်  ပေး

သွင်းနိုင်ပြီ။

စာမေးပွဲကြေး- FA1= 80 | MA1= 80 | FA2= 80 | MA2= 80 | FAB= 99 | FFA= 99 | FMA= 99 | F1= 99 | F2= 99 | F3= 99


စာမေးပွဲကာလ - ဇန္နဝါရီ (၂၄) ရက်နေ့မှ (၂၉) ရက်နေ့အထိ



မြ၀တီ

0 comments:

Post a Comment