Pages

Friday, January 18, 2013

ထိုင်းရဲတွေ မြန်မာစာနဲ့ ကရင်စာ သင်နေကြပြီ


ထိုင်း-မြန်မာ ၂ နိုင်ငံပြည်သူများနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ထိုင်းရဲ ၂၀၀ ကျော်အတွက် မြန်မာစာနဲ့ ကရင်စာသင်တန်းကို မနေ့က ဖွင့်လိုက်ပါတယ်။

တပတ်ကို ၂ ရက်နှုံးနဲ့ စက်တင်ဘာလ အထိ သင်ကြားကြမယ်လို့ ဆိုပါတယ်။ သင်တန်း ဆရာတွေက မဲဆာက်
မှာရှိတဲ့ CDC မြန်မာ ရွှေ့ပြောင်း အထက်တန်းကျောင်းက မြန်မာဆရာတွေပါ။
အပြန်အလှန်အားဖြင့် ကရင်ပြည်နယ် မြ၀တီမြို့က ဌာနဆိုင်ရာ ၀န်ထမ်းတွေလည်း ထိုင်း စာသင်ကြားမယ့် အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

အိမ်နီးခြင်းနိုင်ငံက ဘာသာစကားကို ပြောဆိုနိုင်ခြင်းအားဖြင့် ၂ နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးတက်စေမှာပါ လို့ တာ့ခ်ခရိုင် ရဲချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စုံဖောအခလဒေချိုချိုင်းက ဒေသခံ သတင်းထောက်တွေ ကိုပြောဆိုပါ
တယ်။

သင်တန်းမှာ ထိုင်းရဲ ၂၀၀ ကျော်နဲ့အတူ ထိုင်းစေတနာ့ဝန်ထမ်း ၁၀၀ ခန့်လည်း တက်ရောက် သင်ကြားကြ
မှာဖြစ်ပါတယ်။ 

မဲဆောက်က တရားမ၀င်အလုပ်သမားအများစုကတော့ထိုင်းရဲတွေ မြန်မာစကား တတ်မြောက်ခြင်းအား
ဖင့် သူတို့နဲ့ဆက်ဆံရာမှာ ပိုမို အဆင်ပြေနိုငမယ်လို့ သုံးသပ်ပါတယ်။

မဲဆောက်အပါအ၀င်တာ့ခ်ခရိုင်၉ မြို့နယ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းရှိပါတယ်။မဲဆောက်ဒေ
သ မှာတော့ ၂ သိန်းခန့်ရှိပြီး အလုပ်ရုံ စက်ရုံတိုင်းမှာ မြန်မာစာနဲ့စကားကိုဘဲ အသုံးပြုနေကြပါတယ်။ 
ယမန်နေ့က မဲဆောက်တွင်ပြုလုပ်သည့် မြန်မာစာ သင်တန်းဖွင့်ပွဲ။ ဓာတ်ပုံ- ပြည်တော်မြင့်/ဧရာဝတီ
 ဧရာဝတီ

0 comments:

Post a Comment