Pages

Friday, January 18, 2013

GTA Motor မှ ၂၀၀၅ ခုနှစ်မှာ လျှို့ဝှက်စီမံကိန်းဖြင့် ၉၉ စီးသာထုတ်သော အဆင့်မြင့်စူပါကား GTA Spano

၉၉ စီးသာထုတ်သော အဆင့်မြင့်စူပါကား GTA Spano 

စပိန်ပြိုင်ကားထုတ်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ GTA Motor မှ ၂၀၀၅ ခုနှစ်မှာ လျှို့ဝှက်စီမံကိန်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အဆင့်မြင့် GTA concept ကားဖြစ်ပါတယ်။ အစီးရေနည်းနည်းသာ ထုတ်လုပ်ပြီး ဖြန့်ချိမယ်လို့ ဆုံးဖြတ်ပြီးနောက် ၂၀၁၀ခုနှစ်မှာ ပွဲထုတ်ပြသခဲ့ပါတယ်။

ကားရဲ့ဒီဇိုင်းအား အမြင်ဆန်းနေပြီး အမိုးကို မှန်အနက်နဲ့ ပြုလုပ်ထားပါတယ်။ အသုံးပြုတဲ့ အင်ဂျင် ကတော့ ဆလင်ဒါ ၁၀လုံးအားဖြည့် ၈၃၀၀ စီစီ Vအင်ဂျင် ဖြစ် ပါတယ်။ ဒါကြောင့် သူ့ရဲ့ မြင်းကောင်ရေ အားဟာ ၈၂၀ အထရှိပြီး အမြင့်ဆုံး speed တစ်နာရီ ၂၁၇ မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဘော်ဒီကို ကာဘွန်ဖိုက်ဘာ၊ တိုက်တေနီယမ်၊ Kevlar သတ္တုအားလုံး ဆီလျော်သလို ရောစပ် တည်ဆောက်ထား ပါတယ်။ ဥပမာ- crash ဖြစ်နိုင်ချေများတဲ့ ဦးပိုင်းတွေကို ဆိုရင် ကာဘွန်ဖိုက်ဘာ ပါဝင်မှု နည်းမှာ ဖြစ်ပါတယ်။ အသုံးပြုတဲ့ သတ္တုအမျိုးအစားများဟာ ပေါ့ပါးပြီး ကြံ့ခိုင်မှုရှိတာကို တွေ့ရပါတယ်။

အရွယ်အစားအားဖြင့်လည်း အမြင့် ၄၇ လက်မ၊ အရှည် ၁၈၃ လက်မ၊ အကျယ် ၇၈ လက်မ သာရှိတဲ့ နှစ်ယောက်စီး စူပါကား ဖြစ်ပါတယ်။

မြန်ဆန်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဘရိတ်ကို ပစ်စတင်ခြောက်လုံးတပ် ကယ်လီပါနဲ့ အသုံးပြုထားပါ တယ်။ ကာဘွန်ကြွေသားနဲ့လုပ်တဲ့ Disc ကြောင့်မို့ ဘယ်လောက် မြန်မြန် ထိန်းချုပ်ရလွယ် ကူပြီး ABS စနစ်ကို အသုံးပြုပါတယ်။ ဂီယာ ၇ ချက် လက်ထိုး ဖြစ်ပေမယ့် Automatic sequential လည်းပါဝင်ပါသေးတယ်။

တစ်ကမ္ဘာလုံးမှာမှ အစီးရေ ၉၉ စီးသာရှိတဲ့ အတွက် ဈေးနှုန်းက အမေရိကန်ဒေါ်လာ ကိုးသိန်းခွဲ အထက်မှာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးကြီး ကားစာရင်းထဲမှာ ပါဝင်နေတဲ့ ကားတစ်စီးလည်း ဖြစ်နေ ပါသေးတယ်။

အောင်ခမ်း (TSJ team)
TechSpace Journal

အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

စပိန်ပြိုင်ကားထုတ်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ GTA Motor မှ ၂၀၀၅ ခုနှစ်မှာ လျှို့ဝှက်စီမံကိန်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အဆင့်မြင့် GTA concept ကားဖြစ်ပါတယ်။ အစီးရေနည်းနည်းသာ ထုတ်လုပ်ပြီး ဖြန့်ချိမယ်လို့ ဆုံးဖြတ်ပြီးနောက် ၂၀၁၀ခုနှစ်မှာ ပွဲထုတ်ပြသခဲ့ပါတယ်။ ကားရဲ့ဒီဇိုင်းအား အမြင်ဆန်းနေပြီး အမိုးကို မှန်အနက်နဲ့ ပြုလုပ်ထားပါတယ်။ အသုံးပြုတဲ့ အင်ဂျင် ကတော့ ဆလင်ဒါ ၁၀လုံးအားဖြည့် ၈၃၀၀ စီစီ Vအင်ဂျင် ဖြစ် ပါတယ်။ ဒါကြောင့် သူ့ရဲ့ မြင်းကောင်ရေ အားဟာ ၈၂၀ အထရှိပြီး အမြင့်ဆုံး speed တစ်နာရီ ၂၁၇ မိုင်အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

ဘော်ဒီကို ကာဘွန်ဖိုက်ဘာ၊ တိုက်တေနီယမ်၊ Kevlar သတ္တုအားလုံး ဆီလျော်သလို ရောစပ် တည်ဆောက်ထား ပါတယ်။ ဥပမာ- crash ဖြစ်နိုင်ချေများတဲ့ ဦးပိုင်းတွေကို ဆိုရင် ကာဘွန်ဖိုက်ဘာ ပါဝင်မှု နည်းမှာ ဖြစ်ပါတယ်။ အသုံးပြုတဲ့ သတ္တုအမျိုးအစားများဟာ ပေါ့ပါးပြီး ကြံ့ခိုင်မှုရှိတာကို တွေ့ရပါတယ်။

အရွယ်အစားအားဖြင့်လည်း အမြင့် ၄၇ လက်မ၊ အရှည် ၁၈၃ လက်မ၊ အကျယ် ၇၈ လက်မ သာရှိတဲ့ နှစ်ယောက်စီး စူပါကား ဖြစ်ပါတယ်။

မြန်ဆန်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့အတွက် ဘရိတ်ကို ပစ်စတင်ခြောက်လုံးတပ် ကယ်လီပါနဲ့ အသုံးပြုထားပါ တယ်။ ကာဘွန်ကြွေသားနဲ့လုပ်တဲ့ Disc ကြောင့်မို့ ဘယ်လောက် မြန်မြန် ထိန်းချုပ်ရလွယ် ကူပြီး ABS စနစ်ကို အသုံးပြုပါတယ်။ ဂီယာ ၇ ချက် လက်ထိုး ဖြစ်ပေမယ့် Automatic sequential လည်းပါဝင်ပါသေးတယ်။

တစ်ကမ္ဘာလုံးမှာမှ အစီးရေ ၉၉ စီးသာရှိတဲ့ အတွက် ဈေးနှုန်းက အမေရိကန်ဒေါ်လာ ကိုးသိန်းခွဲ အထက်မှာ ရှိပါတယ်။ ဒါကြောင့် ကမ္ဘာ့ဈေးကြီး ကားစာရင်းထဲမှာ ပါဝင်နေတဲ့ ကားတစ်စီးလည်း ဖြစ်နေ ပါသေးတယ်။

အောင်ခမ်း (TSJ team)
TechSpace Journal

0 comments:

Post a Comment