Algeria နိုင်ငံမှာ နိုင်ငံခြားသား ၄၁ ယောက်ကို အစ္စလာမ် စစ်သွေးကြွတွေပြန်ပေးဆွဲ ဖမ်းထားတဲ့ သဘာဝ
ဓါတ်ငွေ့စက်ရုံဝန်းအပေါ် စစ်ဆင်မှုအဆုံးသတ်သွားပြီလို့ အစိုးရပိုင် သတင်းအေဂျင်စီက ပြောပါတယ်၊ ဒါပေ
မဲ့ပြန်ပေးဆွဲခံထားရသူတွေနဲ့ ပါတ်သက်တဲ့ သတင်း အတိအကျကတော့ ခိုင်ခိုင်မာမာမရသေးဘူးဖြစ်နေပါ
ဝန်ကြီး Mohamed Saidကပြောပါတယ်၊ ပြန်ပေးဆွဲခံထားရသူ တချို့လဲ သေဆုံးခဲ့တယ်လို့သူကပြောပါတယ်။
Algeria ရဟတ်ယဉ်တွေနဲ့ တိုက်ခိုက်စဉ် စစ်သွေးကြွတွေကပြန်ပေးဆွဲထားသူတွေကို နေရာပြောင်းဖို့ ကြိုး
စားတဲ့အတွက်ပြန်ပေးဆွဲခံထားရသူ ၃၄ ယောက်နဲ့ ပြန်ပေးသမား ၁၅ ယောက် သေဆုံးခဲ့တယ်လို့Maurit
ania သတင်းအေဂျင်စီတခုက စစ်သွေးကြွ ပြောခွင့်ရသူကိုကိုကားဖော်ပြပါတယ်။
ဒီသတင်းအရေအတွက်ကို သီးခြားအတည် မပြုနိုင်သေးပါဘူး။Algeria သတင်းအေဂျင်စီကတော့ ပြန်ပေး
ဆွဲခံထားရသူ ၄ ယောက်ထဲမနည်းကိုကယ်တင်နိုင်ခဲ့ပြီးကျန်တဲ့သူတွေကတော့ ထွက်ပြေးလွတ်မြောက်သွား
ကြတယ်လိုပြောပါတယ်၊ Irish လူမျိုး ပြန်ပေးဆွဲခံထားရသူ တယောက်ကတော့ ဘေးကင်းလုံခြုံသွားတယ်
ဆိုတာကိုတော့သူနဲ့စကားပြောခဲ့ရတဲ့ မိသားစုတွေဆီကအတည်ပြုနိုင်ပါတယ်၊တခြားပြန်ပေးဆွဲခံခဲ့ရသူတွေ
ထဲမှာ နော်ဝေး၊ ဂျပန်နဲ့အမေရိကန်လူမျိုးတွေ ပါဝင်ပါတယ်၊

0 comments:
Post a Comment