Pages

Friday, January 18, 2013

“ ကျွန်တော်နှင့်ရွှေဂုံတိုင်မီးပွိုင့် ”

“ ကျွန်တော်နှင့်ရွှေဂုံတိုင်မီးပွိုင့် ”

ပိတ်လိုက်တာ . . ပိတ်လိုက်တာကားတွေ အုပ်စုဖွဲ့ပြီးပျံသန်းလာတဲ့ ခြင်တွေများလားမှတ်ရတယ် ။ ကားတွေအားလုံးတုပ်တုပ်မျှမလှုပ် ။ မီးပွိုင့်ကြီးကလည်း စိမ်းနေတယ် ။ အင်း ဒီအပုံအတိုင်းဆိုရင်တော့ တစ်ဂုံးကျော်တံတားလောက်ပိတ်တာမဟုတ်ဘူး တစ်ခုခုကြောင့်ပဲလို့ စိတ်ထဲတွေးမိလိုက်သေးတယ် ။

ထင်တဲ့အတိုင်းပါပဲ ရွှေဂုံတိုင် ဒုတိယပွင့်မှာ ကားတစ်စီးက ကန့်လန့်ဖြစ်နေတယ် နောက်ကို နည်းနည်းလေးဆုတ်လိုက်ရင် ကွေ့ကားတွေ အများကြီးထွက်သွားလို့ရတယ် လမ်းလည်းချောင်သွားမယ် လုံးဝကို အလျော့မပေးပဲ ရှေ့ကားထွက်ဖို့ပဲစောင့်နေပုံရတယ် ။ မျက်နှာထားကလည်းတည်တည်ကြီနဲ့ ကားတွေအားလုံး ဟွန်းတွေတီးကြလည်းတုပ်တုပ်မျှမလှုပ် ။ အဲဒီကားတစ်စီးကြောင့်ပိတ်သွားတဲ့ Traffic ဟာ ဗဟန်း ၃ လမ်းမီးပွိုင့်အထိရောက်သွားပါတယ် ။ ကဲ ...

ဒါနဲ့ ကျွန်တော်လည်းတစ်ခုစဉ်းစားမိတယ် ။

လူ့ဘ၀လူ့လောကမှာလည်း အဲဒီလို ထော်လော်ကန့်လန့်လူတွေကြောင့် ဘေးနားကလူတွေပါ ထိခိုက်ရတာမျိုးတွေလည်းရှိနိုင်တာပဲလေ ။

- လိုအပ်ရင်နောက်လေးနည်းနည်းဆုတ်ပေးလိုက်ကြပါ အတ္တတွေ မာနတွေ ခဏချပေးလိုက်ကြပါ လူတိုင်းက ကိုယ့်လိုပဲ အလျဉ်လိုနေတဲ့လူတွေ ချည်းပါပဲ ။

- ကိုယ့်ကြောင့်ဘာကြောင့်များ လူအများကြီးကို စိတ်အနှောက်အယှက်အဖြစ်ခံနေမလဲ ။ တခါတလေ နောက်ဆုတ်ရတယ်ဆိုတာ အရှုံးပေးလိုက်တာမဟုတ်ဘူး အားလုံးအဆင်ပြေသွားအောင်လုပ်ပေးလိုက်ရခြင်းနဲ့တူတယ် ။

- ရှေ့ကိုချည်းပဲ ကြည့်မနေပါနဲ့ ။ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ခဏရပ်ထားသင့်ရင်ရပ်ထားလိုက်ပါ ။ ကိုယ်ရှေ့ဆက်ရင်အားလုံး Traffic ဖြစ်မယ်ဆိုတာ သိနေရင် ရပ်ထားလိုက်တာအကောင်းဆုံးပါပဲ ။

ဒီမနက်ကြုံခဲ့တာလေးပါ ။

ကဲ“ မင်္ဂလာ နံနက်ခင်းမှာ စိတ်လက်ကြည်သာစွာ တစ်နေ့တာ တာဝန်တွေကို ပေါ့ပါးပျော်ရွှင်စွာ ထမ်းဆောင်နိုင်ပါစေခင်ဗျား ”

သက်တန့်ချို

အေးချမ်းမွန်မှ  သက်တန့်ချို တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

ပိတ်လိုက်တာ . . ပိတ်လိုက်တာကားတွေ အုပ်စုဖွဲ့ပြီးပျံသန်းလာတဲ့ ခြင်တွေများလားမှတ်ရတယ် ။ ကားတွေအားလုံးတုပ်တုပ်မျှမလှုပ် ။ မီးပွိုင့်ကြီးကလည်း စိမ်းနေတယ် ။ အင်း ဒီအပုံအတိုင်းဆိုရင်တော့ တစ်ဂုံးကျော်တံတားလောက်ပိတ်တာမဟုတ်ဘူး တစ်ခုခုကြောင့်ပဲလို့ စိတ်ထဲတွေးမိလိုက်သေးတယ် ။ ထင်တဲ့အတိုင်းပါပဲ ရွှေဂုံတိုင် ဒုတိယပွင့်မှာ ကားတစ်စီးက ကန့်လန့်ဖြစ်နေတယ် နောက်ကို နည်းနည်းလေးဆုတ်လိုက်ရင် ကွေ့ကားတွေ အများကြီးထွက်သွားလို့ရတယ် လမ်းလည်းချောင်သွားမယ် လုံးဝကို အလျော့မပေးပဲ ရှေ့ကားထွက်ဖို့ပဲစောင့်နေပုံရတယ် ။ မျက်နှာထားကလည်းတည်တည်ကြီနဲ့ ကားတွေအားလုံး ဟွန်းတွေတီးကြလည်းတုပ်တုပ်မျှမလှုပ် ။ အဲဒီကားတစ်စီးကြောင့်ပိတ်သွားတဲ့ Traffic ဟာ ဗဟန်း ၃ လမ်းမီးပွိုင့်အထိရောက်သွားပါတယ် ။ ကဲ ...

ဒါနဲ့ ကျွန်တော်လည်းတစ်ခုစဉ်းစားမိတယ်

လူ့ဘ၀လူ့လောကမှာလည်း အဲဒီလို ထော်လော်ကန့်လန့်လူတွေကြောင့် ဘေးနားကလူတွေပါ ထိခိုက်ရတာမျိုးတွေလည်းရှိနိုင်တာပဲလေ ။

- လိုအပ်ရင်နောက်လေးနည်းနည်းဆုတ်ပေးလိုက်ကြပါ အတ္တတွေ မာနတွေ ခဏချပေးလိုက်ကြပါ လူတိုင်းက ကိုယ့်လိုပဲ အလျဉ်လိုနေတဲ့လူတွေ ချည်းပါပဲ ။

- ကိုယ့်ကြောင့်ဘာကြောင့်များလူအများကြီးကိုစိတ်အနှောက်အယှက်အဖြစ်ခံနေမလဲ ။တခါတလေ နောက်
ဆုတ်ရတယ်ဆိုတာ အရှုံးပေးလိုက်တာမဟုတ်ဘူး အားလုံးအဆင်ပြေသွားအောင်လုပ်ပေးလိုက်ရခြင်းနဲ့တူ
တယ် ။

- ရှေ့ကိုချည်းပဲ ကြည့်မနေပါနဲ့ ။ အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး ခဏရပ်ထားသင့်ရင်ရပ်ထားလိုက်ပါ ။ ကိုယ်ရှေ့ဆက်ရင်အားလုံး Traffic ဖြစ်မယ်ဆိုတာ သိနေရင် ရပ်ထားလိုက်တာအကောင်းဆုံးပါပဲ ။

ဒီမနက်ကြုံခဲ့တာလေးပါ ။

ကဲ“ မင်္ဂလာ နံနက်ခင်းမှာ စိတ်လက်ကြည်သာစွာ တစ်နေ့တာ တာဝန်တွေကို ပေါ့ပါးပျော်ရွှင်စွာ ထမ်း
ဆာင်နိုင်ပါစေခင်ဗျား ”

သက်တန့်ချို

0 comments:

Post a Comment