Pages

Friday, January 18, 2013

(၁၈)နှစ်ပြည့်ပြီးသူ ကားတင်သွင်းခွင့်ရှိသည့်မူဝါဒကြောင့် Show Roomများ အခက်တွေ့

ကောင်းမြတ်ဖြိုး ( မြစ်မခ )
by Myit Makha Mediagroup on 17 Jan, 2013

၂၀၀၈ နှင့်အထက် မော်ဒယ်ကားများအား ကား show room များ၌  တင်သွင်းရောင်းချခွင့်ပြုမည်ဆိုပါက လက်ရှိဖြစ်နေသည့် အခက်အခဲများ ပြေလည်သွားနိုင်ကြောင်း Myanmar Automobile Industries Association မှ ဥက္ကဌဦးဌေးအောင်က ပြောသည်။
 
အသက် (၁၈) နှစ်ပြည့်ပြီးသူ မည်သူမဆို ကားတင်သွင်းခွင့်ရှိသော မူဝါဒကြောင့် တင်သွင်းခွင့်များအား ၀ယ်ယူကာတင်သွင်းနေခြင်းကြောင့်   show room များ အနေဖြင့် အရောင်းအ၀ယ်ပါးနေကြောင်းကိုလည်း ၄င်းက ထောက်ပြပြောဆိုသည်။
 
အသက် ၁၈ နှစ်ပြည့်သူ မည်သူမဆိုတင်သွင်းခွင့်ရှိသည်ဆိုသောမူဝါဒမှာ မော်ဒယ်အမြင့်ကားများ ဖြစ်သည့် ၁၃၅၀ စီစီ အထက် မော်တော်ကား များအား တင်သွင်းခွင့်ရှိသော်လည်း car show room များအနေဖြင့် ၄င်းကားများကို တင်သွင်းခွင့်မရှိကြောင်း car show room ပိုင်ရှင်တို့က ဆိုသည်။
 
“အာစီယံနိုင်ငံတွေမှာလည်း ဒီလိုပဲကျင့်သုံးတာပဲ မည်သူမဆို ဆိုတာ ဘယ်မှာမှမရှိ မြန်မာကလွဲရင်၊ အဲ့ဒီ ဆယ်နိုင်ငံမှာ မြန်မာကလွဲရင် ဘယ်မှာမှမရှိဘူး အင်ဒိုနီးရှားမှာလည်း သွင်းချင်သလို သွင်းလို့မရဘူးshow room တွေက တင်ရောင်းတယ် မဟုတ်ရင် နိုင်ငံခြား ၀င်ငွေရှိတဲ့လူက ပါမစ်လျှောက်ပြီး တင်ရောင်းတယ်” ဟု ဦးဌေးအောင်က ပြောသည်။
 
အဆိုပါ ဘဏ်စာရင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကားတင်သွင်းခွင့်မူဝါဒမှာ  ၂၀၁၂ ခုနှစ်နှစ်လယ်ပိုင်းက ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုမူဝါဒနှင့် တစ်ဦးချင်း တင်သွင်းခဲ့သော မော်တော်ယာဉ် အရေအတွက်မှာ ၂၀၁၂ ခုနှစ် မေလ မှစ၍ သြဂုတ်လ ၁၆ ရက်နေ့ထိ တင်သွင်းခဲ့သောစီးရေမှာ ၈၀၀၀ ကျော်ပြီဖြစ်ကြောင်း စီးပွားကူးသန်း၏ စာရင်းများအရ သိရသည်။
 
အသက် (၁၈)နှစ်ပြည့်သူများအား ကားတင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ မရှိတော့လျှင် show roomများအနေဖြင့် အဆင်ပြေသွားနိုင်ပြီး ကားပွဲစားများအနေဖြင့်အခက်အခဲများဖြစ်သွားနိုင်ကြောင်းဟံသာဝတီကားရောင်းဝယ်ရေးစခန်းမှ ကားပွဲစားကိုထွန်းက ပြောသည်။
 
"အဲ့လိုမျိုးလုပ်လိုက်မယ်ဆိုရင်တော့ အကိုတို့ကျပ်သွားမှာပေါ့၊ အောက်ကားတွေသွင်းလို့ မရတော့ဘူးဆိုတော့တော်တော်လေးကို လုပ်ရကိုင်ရတာကျပ်သွားနိုင်တယ်။" ဟု ကားပွဲစားကိုထွန်းက ပြောသည်။
 
ထိုကဲ့သို့ car show room များအနေဖြင့် မော်ဒယ်မြင့်များတင်သွင်းခွင့်မရခြင်းအပြင် နိုင်ငံခြားမှသင်္ဘောဖြင့် တင်လာသောကားများအား ဆိပ်ကမ်းမှထုတ်ယူနိုင်ရန်အတွက်လည်း အခက်အခဲများရှိကြောင်းဇန်န၀ါရီလ(၁၅)ရက်နေ့က My Gardern စားသောက်ဆိုင်တွင်ပြုလုပ်သော Myanmar Automobile Industries Association ၏ မီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲမှ သိရသည်

အေးချမ်းမွန်မှ   Myit Makha Mediagroup   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

၂၀၀၈ နှင့်အထက် မော်ဒယ်ကားများအား ကား show room များ၌ တင်သွင်းရောင်းချခွင့်ပြုမည်ဆိုပါက လက်ရှိဖြစ်နေသည့် အခက်အခဲများ ပြေလည်သွားနိုင်ကြောင်း Myanmar Automobile Industries Association မှ ဥက္ကဌဦးဌေးအောင်က ပြောသည်။ အသက် (၁၈) နှစ်ပြည့်ပြီးသူ မည်သူမဆို ကားတင်သွင်းခွင့်ရှိသော မူဝါဒကြောင့် တင်သွင်းခွင့်များအား ၀ယ်ယူကာတင်သွင်းနေခြင်းကြောင့် show room များ အနေဖြင့် အရောင်းအ၀ယ်ပါးနေကြောင်းကိုလည်း ၄င်းက ထောက်ပြပြောဆိုသည်။

အသက် ၁၈ နှစ်ပြည့်သူ မည်သူမဆိုတင်သွင်းခွင့်ရှိသည်ဆိုသောမူဝါဒမှာ မော်ဒယ်အမြင့်ကားများ ဖြစ်သည့် ၁၃၅၀ စီစီ အထက် မော်တော်ကား များအား တင်သွင်းခွင့်ရှိသော်လည်း car show room များအနေဖြင့် ၄င်းကားများကို တင်သွင်းခွင့်မရှိကြောင်း car show room ပိုင်ရှင်တို့က ဆိုသည်။

“အာစီယံနိုင်ငံတွေမှာလည်း ဒီလိုပဲကျင့်သုံးတာပဲ မည်သူမဆို ဆိုတာ ဘယ်မှာမှမရှိ မြန်မာကလွဲရင်၊ အဲ့ဒီ ဆယ်နိုင်ငံမှာ မြန်မာကလွဲရင် ဘယ်မှာမှမရှိဘူး အင်ဒိုနီးရှားမှာလည်း သွင်းချင်သလို သွင်းလို့မရဘူးshow room တွေက တင်ရောင်းတယ် မဟုတ်ရင် နိုင်ငံခြား ၀င်ငွေရှိတဲ့လူက ပါမစ်လျှောက်ပြီး တင်ရောင်းတယ်” ဟု ဦးဌေးအောင်က ပြောသည်။

အဆိုပါ ဘဏ်စာရင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကားတင်သွင်းခွင့်မူဝါဒမှာ ၂၀၁၂ ခုနှစ်နှစ်လယ်ပိုင်းက ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထိုမူဝါဒနှင့် တစ်ဦးချင်း တင်သွင်းခဲ့သော မော်တော်ယာဉ် အရေအတွက်မှာ ၂၀၁၂ ခုနှစ် မေလ မှစ၍ သြဂုတ်လ ၁၆ ရက်နေ့ထိ တင်သွင်းခဲ့သောစီးရေမှာ ၈၀၀၀ ကျော်ပြီဖြစ်ကြောင်း စီးပွားကူးသန်း၏ စာရင်းများအရ သိရသည်။

အသက် (၁၈)နှစ်ပြည့်သူများအား ကားတင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ မရှိတော့လျှင် show roomများအနေဖြင့် အဆင်ပြေသွားနိုင်ပြီး ကားပွဲစားများအနေဖြင့်အခက်အခဲများဖြစ်သွားနိုင်ကြောင်းဟံသာဝတီကားရောင်းဝယ်ရေးစခန်းမှ ကားပွဲစားကိုထွန်းက ပြောသည်။

"အဲ့လိုမျိုးလုပ်လိုက်မယ်ဆိုရင်တော့ အကိုတို့ကျပ်သွားမှာပေါ့၊ အောက်ကားတွေသွင်းလို့ မရတော့ဘူးဆိုတော့တော်တော်လေးကို လုပ်ရကိုင်ရတာကျပ်သွားနိုင်တယ်။" ဟု ကားပွဲစားကိုထွန်းက ပြောသည်။

ထိုကဲ့သို့ car show room များအနေဖြင့် မော်ဒယ်မြင့်များတင်သွင်းခွင့်မရခြင်းအပြင် နိုင်ငံခြားမှသင်္ဘောဖြင့် တင်လာသောကားများအား ဆိပ်ကမ်းမှထုတ်ယူနိုင်ရန်အတွက်လည်း အခက်အခဲများရှိကြောင်းဇန်န၀ါရီလ(၁၅)ရက်နေ့က My Gardern စားသောက်ဆိုင်တွင်ပြုလုပ်သော Myanmar Automobile Industries Association ၏ မီဒီယာများနှင့်တွေ့ဆုံရှင်းလင်းပွဲမှ သိရသည်

Myit Makha Mediagroup

0 comments:

Post a Comment