skip to main |
skip to sidebar
“ရန်ကုန်အိမ်ခြံမြေ အကျိုးဆောင်ခ တပြေးညီ ဖြစ်ရန်စီစဉ်နေဆဲဖြစ်”
1:37 PM
Kolatt
အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရှင်များ အသင်းမှ ပြည်တွင်းအိမ်ခြံမြေ
အကျိုးဆောင်(ပွဲစား)ခနှုန်းအား တပြေးညီ မသတ်မှတ်ရသေးကြောင်း သိရသည်။“ကျွန်တော်တို့ ဒီကိစ္စကို စီစဉ်နေတုန်းပဲ ရှိပါသေးတယ်။ ဘယ်တော့လောက်
အကောင်အထည်ဖော် ဖြစ်မယ်ဆိုတာကိုတော့ သေချာပြောလို့ မရသေး ပါဘူး”ဟု ၎င်းအသင်း
ဒုတိယဥက္ကဌ ဦးသန်းဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်ရှိ
အိမ်ခြံမြေအကျိုးဆောင်ခ နှုန်းထားမှာ အရောင်းဈေးနှုန်း၏ ၂ ရာခိုင်နှုန်း
ဖြစ်ပြီး မြို့ပြင်များ၌ ၃ ရာခိုင်နှုန်း ယူကြကြောင်းနှင့် မန္တလေး၏
အိမ်ခြံမြေအကျိုးဆောင်ခ နှုန်းထားမှာ ၃ ရာခိုင်နှုန်း ဖြစ်ကြောင်း အထက်ပါ
ပုဂ္ဂိုလ်က ပြောသည်။
တပြေးညီသတ်မှတ်တော့မည့်
အိမ်ခြံမြေအကျိုးဆောင်ခ နှုန်းထားအား အစိုးရမဟုတ်သည့် NGO အဖွဲ့ဖြစ်သော
အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း ရှင်များအသင်းမှ သတ်မှတ်မည်ဖြစ်သောကြောင့်
လိုက်နာမှုအပြည့်အ၀ ရရှိမည်မဟုတ်ကြောင်း မ်ခြံမြေအကျိုးဆောင်ခ
လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
အိမ်စည်စိုးစံ
Popular Myanmar News
0 comments:
Post a Comment