Pages

Friday, January 18, 2013

ပညာဒါန Website ရေးသားနည်းဆိုင်ရာသင်တန်းဖွင့်လှစ်မည်

အိုင်တီနည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အညီ Website များ၏ အခန်းမှာလည်း လွန်စွာ အရေးပါလာသဖြင့် ခောတ်မီဆန်းသစ်သော Website များအား စနစ်တကျရေးဆွဲတတ်စေရန် ရည်ရွယ်ပြီး Website ရေးဆွဲနည်းသင်တန်းကို Aero Technology Professional Training Centre က ၅၀% လျော့ချပြီး ပညာဒါန သင်တန်းအဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းသင်တန်းကျောင်း၏ တာဝန်ရှိသူက ဆိုသည်။ယင်း Web Essential (Website ရေးသားနည်း) သင်တန်းအား ကွန်ပျူတာကို ကောင်းစွာ အသုံးပြုတတ်သူ မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်သည်။ သင်တန်းကာလမှာ (၃) လခန့် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းချိန်များမှာ(တနလာင်္၊ ဗုဒ္ဓဟူး ) နံနက် ၉ နာရီ ၁၂ နာရီ အထိ တစ်ချိန်၊ အလုပ်ရှိသူများအတွက် စနေ၊ တနင်္ဂနွေ ညနေ ၃ နာရီမှ ၅ နာရီ တစ်ချိန် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် အခြားသော သင်တန်းများကိုလည်း ပညာဒါန အဖြစ် ၂၀၁၃ ဇန်နဝါရီလ အတွင်း လာရောက် အပ်နှံသူများတိုင်းအတွက် ၅၀ % လျော့ချပေးမည် ဖြစ်သည်။Cyber Cafe` တွင် အလုပ်လုပ်ကိုင်လိုသူများအတွက်လည်း သင်တန်းဖွင့်လှစ်ထားပြီး ယင်းသင်တန်းကို အခမဲ့တတ်ရောက်ရန် လျှောက်ထားနိုင်ကြောင်း အဆိုပါ သင်တန်းကျောင်း၏ တာဝန်ရှိသူက ဆိုသည်။

ကျွမ်းကျင်စွာတတ်မြောက်စေရန်အတွက် သင်တန်း တစ်ခုလျှင် သင်တန်းသား ၁၀ ဦးသာ ကန့်သတ်ထားသဖြင့် တက်ရောက်လိုသူများအနေဖြင့် ကြိုတင် စာရင်းပေးသွင်းကြရမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက င/၂၊ ရေတမာလမ်း၊ ဘုရင့်နောင်ပွဲရုံ၊ မရမ်းကုန်းမြို့ နယ်၊ ရန်ကုန် ဖုန်း ၀၉ ၅၀ ၄၄၅၁၄၊ ၀၉ ၄၀၂ ၇၇ ၃၈၃၈၊ ၆၈၀ ၇၃၇ သို့ဆက်သွယ်စုံစမ်းသည်။

0 comments:

Post a Comment