ဇန်န၀ါရီ ၁၇ ၁၄-၁-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန်တွင် ဗဟန်းမြို့နယ် Golden Hill
Tower အခန်းအမှတ်
(၆၀၃)တွင် တည်းခိုနေထိုင်သူ JFE ကုမ္ပဏီလက်ထောက်မန်နေဂျာ၊
ဂျပန်လူမျိုး Mr.HASEGAWA WATARU (၂၉)နှစ်သည် အပြင်သို့ထွက်သွားရာမှ
ပြန်မလာဘဲ ပျောက်ဆုံးနေ၍ JEF ကုမ္ပဏီမှ ဦးအောင်စိုးမင်းက ဗဟန်းရဲစခန်းသို့
လာရောက်တိုင်တန်းသဖြင့် ဗဟန်းရဲစခန်း လူပျောက် အမှတ်စဉ်(၂/၂၀၁၃)ဖြင့်
လူပျောက်မှု ရေးဖွင့်ခဲ့သည်။ ဂျပန်နိုင်ငံသား Mr.HASEGAWA WATARU မှာ ၂၀၁၁
ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံသို
့ ရောက်ရှိနေထိုင်သူဖြစ်ပြီး
၎င်း၏ပုံသဏ္ဍာန်မှာ ဆံပင်နက်/ဘိုကေ၊ နဖူးသင့်၊ မျက်ခုံး ကောင်း၊မျက်လုံးဖွေး
၊ နှာတံပေါ်၊ နှုတ်ခမ်းပါး၊ပါးစပ်သင့်၊မျက်နှာဝိုင်း၊နားသေးကား၊ မေးလုံး၊ အသားဖြူ၊ ခန်္ဓာကိုယ်သွယ်၊ ဘောင်း
ဘီရှည်အမြဲဝတ်ပြီး
မြန်မာစကားအနည်းငယ် ပြောတတ်သူဖြစ်သည်။
ပျောက်ဆုံး စဉ်က လက်ကိုင်ဖုန်း
၀၉၄၅၀၀၆၀၃၉၀ နှင့် ခရီးဆောင်အိတ် ၁ လုံးတို့ပါရှိသွားခဲ့ပြီး၎င်းင်းအား
ပြန်လည် တွေ့ရှိရေးတိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့များအတွင်းစုံစမ်းရှာဖွေလျက်ရှိကြောင်းသတင်းရရှိ
သည်။
ရဲဇာနည်

0 comments:
Post a Comment