Pages

Wednesday, November 7, 2012

ဒီဇင်ဘာလထဲမှာ မင်္ဂလာပွဲ ပြုလုပ်တော့မယ့်အနဂ္ဂနဲ့ သံသာဝင်း

လူမှုရေးလုပ်ငန်းတွေမှာအတွဲညီစွာနဲ့တက်တက်ကြွကြွပါဝင်လှုပ်ရှားကြတဲ့အနဂ္ဂနဲ့သံသာဝင်းတို့ရဲ့မင်္ဂလာပွဲကိုဒီဇင်ဘာလထဲမှာပြု လုပ်တော့မှာဖြစ်ပါတယ်။ချစ်သူသက်တမ်း၎နှစ်တာကြာမှကျင်းပတဲ့မင်္ဂလာပွဲဖြစ်တဲ့အတွက်တစ်ယောက်နဲ့တစ်ယောက်နားလည်မ  ကတော့ အပြည့် အဝရှိနေကြပြီဖြစ်ပါတယ်။
မင်္ဂလာရက်မြတ်နေ့ကိုလည်းသတ်မှတ်ထားပြီးပြီဖြစ်ပြီးပွဲကျင်းပမယ့်န့ရက်ကသူတို့နှစ်ယောက်ရဲ့ပထမဆုံးစတွေ့တဲ့ နေ့ရက်ဖြစ်
သလို၊ထူးခြားမှုတွေလည်းရှိနေတဲ့နေ့ရက်လေးတစ်ရက်ပဲဖြစ်ကြောင်း၊မင်္ဂလာပွဲနေ့ရက်ကိုတော့မကြာမီမှာပဲသူတို့အနေနဲ့ ပရိသတ်
ကို အသိပေးသွား မှာဖြစ်ကြောင်း သံသာဝင်းကပြောပါတယ်။

ချစ်သူသက်တမ်း၎နှစ်ကာလအတွင်းမှာအချစ်တွေမြဲမြံစေဖို့တစ်ယောက်နဲ့တစ်ယောက်ကဘယ်လိုနားလည်မှုတွေနဲတည်ဆောက်ခဲ့
ကလဲဆိုတဲ့အမေးကိုတော့သံသာဝင်းက”သံသာတို့နှစ်ယောက်ကနားလည်မှုအများကြီးယူစရာတော့မလိုဘူး။အဓိကကတော့ပွင့်လင်း
ဖို့ပဲ။သူ့စိတ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာသံသာမြင်နိုင်ဖို့နဲ့သံသာ့စိတ်ထဲမှာဘာတွေရှိလဲဆိုတာသူမြင်နိုင်ဖို့ကိုပဲကြိုးစားကြတယ်။နား
လည်မှုဆိုတာထက် လျှို့ဝှက်မှု မထားတာ က ရှေ့ဆက်သွားဖို့ အားတွေဖြစ် တယ်။
 
သံသာနဲ့ကိုအနဂ္ဂဆိုရင်သးသေးလေးကအစ၊အကြီးကြီးအထိပြောစရာရှိတာကိုစိတ်ထဲမှာမထားဘူး။ မျိုသိပ်ပါ များတော့ ပေါက်ကွဲ သွားရင် တစ်ချက်ပဲလေ။ တကယ်တမ်းကျရင် ဘာမှမဟုတ်တဲ့ ပြဿနာ လေးနဲ့စပြီး ကြိုးကပြတ်သွားတတ်တယ်။ 
 
 စုံတွဲတိုင်း မှာတော့ ဘယ်သူ မဆို ကတောက်ကဆကတော့ ရှိကိုရှိတယ်။ အသေးရှိတယ်။ အကြီးရှိတယ်။ ဒါပေမဲ့လည်း အဲဒါကို ပိုပြီး မကြီးအောင်လို့ တစ်ယောက် နဲ့တစ်ယောက် အလျှော့အတင်းလိုပါတယ်။ 
 
ကိုအနဂ္ဂဝါသနာပါတာ၊သူလုပ်ချင်တာတ်ာတော်များများကသံသာနဲ့တိုက်ဆိုင်နေတယ်။ဒါကအနုပညာသမားချင်း၊ဂီတသမားချင်းဖြစ် 
လို့လည်းဖြစ်မယ်” လို့ ပြောပါတယ်။

မင်္ဂလာဝတ်စုံကိုတော့ဒီဇိုင်နာမပုံ့ကိုအပ်ထားကြောင်း၊ဖိတ်စာကိုတော့သူတို့နှစ်ယောက်ပေါင်းအိုင်ဒီယာလေးနဲ့ဒီဇိုင်းဖော်ထားကြောင်း
င်္ဂလာပွဲကိုတော့မနက်ပိုင်းမှာဘုရားကျောင်းမှာပြုလုပ်မှာဖြစ်ပြီး၊ညနေပိုင်းမှာတော့ဟိုတယ်မှာDinnerပြုလုပ်မှာဖြစ်ကြောင်းသံသာဝင်း 
က ပြောပါ တယ်။

လင်းအက္ခရာ

Popular Myanmar News Journal

0 comments:

Post a Comment