Pages

Wednesday, November 7, 2012

ရန်ကုန် မြို့တော်ဂေါက်ကွင်းအနီး ယာဉ်ထိန်းရဲအယောင်ဆောင်ငွေတောင်းခံမှု ဖြစ်ပွား

 
၎.၁၁.၂ဝ၁၂ ရက်နေ့ (၁၈၁၅)အချိန် မြို့တော်ဂေါက်ကွင်းအနီး ၊  လေဆိပ်လမ်းပေါ် တွင် ယာဉ်ထိန်းရဲ ယူနီဖောင်းဝတ်ဆင်ထားသူ တစ်ဦး မှ မော်တော်ယာဉ်များအား တားဆီးစစ်ဆေးနေကြောင်း သတင်း ရရှိသဖြင့် သွားရောက်စစ်ဆေးရာ (ရင်နံပါတ် ၂ဝ၄၂) တပ်ဆင်ထား သည့် ယာဉ်ထိန်း ယူနီဖောင်း အကျီဖြူ နှင့် နက်ပြာေ ရာင် ဘောင်းဘီဝတ်ဆင်လျက် ဇော်သန်းဦး၊ ၃၈ နှစ်၊ (ဘ)ဦးတင်ရီအား ၎င်းဝတ်ဆင်ထားသောယူနီဖောင်း ဘောင်းဘီ အတွင်းမှ တောင်းခံ ရရှိထားသောငွေ ၄ဝဝဝိ/- နှင့်အတူ ရှာဖွေတွေ့ရှိ သိမ်းဆည်းပြီး မရမ်းကုန်းရဲစခန်း (ပ)၆၂၁/၂ဝ၁၂၊ ပုဒ်မ ၁၇ဝ ဖြင့် အရေးယူ ထားရှိပါသည်။
 
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်းထိုကဲ့သို့ယာဉ်ထိန်းရဲအယောင်ဆောင် ငွေတောင်းခံခြင်းများ
အား ပြည်သူများမှ မကြာခဏ လာရောက်တိုင်တန်း သတင်းပေးသဖြင့်ရဲတပ်ဖွဲ့အနေဖြင့်လှည့်ကင်းများဖြင့်
လည်းကောင်း၊ အရပ်ဝတ်ဖြင့်လည်းကောင်း အသွင်ယူ၍စောင့်ကြည့် စုံစမ်းခြင်းများ ပြုလုပ်လျက်ရှိ ကြောင်း
သတင်း ရရှိပါသည်။


Myanmar Police Force

0 comments:

Post a Comment